【 အလှအပနှင့် ကျန်းမာရေး 】 ချောင်းဆိုး သွေးပါတာ ဘာကြောင့်လဲ ?

【 အလှအပနှင့် ကျန်းမာရေး 】 ချောင်းဆိုး သွေးပါတာ ဘာကြောင့်လဲ ?

ချောင်းဆိုးတဲ့အခါ ထွေးလိုက်တဲ့ သလိပ်ထဲမှာ အနီရောင်သွေးအမျှင်လေးပါလာတာ ဒါမှမဟုတ် သွေးအများကြီးပါလာတာ သွေးအခဲလိုက်ပါလာတာ စတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်တော့ သေချာစွာ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။
 
          ဘာကြောင့် ချောင်းဆိုးတဲ့အခါ သွေးပါလာတာလဲ ?
 
- အဆုတ်လေပြွန်ရောင်ခြင်း
- အဆုတ်အအေးမိရောဂါ နမိုးနီးယားဖြစ်ခြင်း
- အဆုတ်တီဘီရောဂါ
- အဆုတ်ကင်ဆာ
- အဆုတ်တွင် အနာဖြစ်ခြင်း
- အဆုတ်လေပြွန်ကျဉ်း/အဆုတ်ပွရောဂါ
- အဆုတ်သွေးကြောရောင်ရမ်းခြင်း
- အဆုတ်သွေးကြောသွေးခဲပိတ်ခြင်း
- ခန္ဓာကိုယ်တွင်း‌ သွေးခဲစေသော ဓာတ်များလျော့နည်းခြင်း (ဥပမာ - သွေးကျဲဆေးများသောက်ခြင်း၊ သွေးမတိတ်သောရောဂါရှိခြင်း) စတဲ့ အခြေအနေတွေကြောင့် ချောင်းဆိုး သွေးပါတာမျိုး ဖြစ်နိုင်ပါတယ်။                           
 
ချောင်းဆိုး သွေးပါတဲ့အခါ ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာသိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။
 
- သွေးစစ်ဆေးခြင်း
- ရင်ဘတ်ဓာတ်မှန် (Chest X-ray) စစ်ဆေးခြင်း
- ကွန်ပြူတာဓာတ်မှန် (CT scan) စစ်ဆေးခြင်း
- အဆုတ်ပြွန်စစ်ဆေးခြင်း (Bronchoscopy)
- သလိပ်စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး ချောင်းဆိုး သွေးပါရတဲ့အကြောင်းအရင်းကို သိရှိနိုင်ပါတယ်။
 
          ချောင်းဆိုး သွေးပါတာကို ဘယ်လိုကုသရမလဲ ?
 
ချောင်းဆိုး သွေးပါရတဲ့ အဓိကအကြောင်းအရင်းကို သိဖို့ လိုပါတယ်။ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ကုသမှု မတူညီနိုင်ပါဘူး။
 
ရောဂါအခြေအနေပေါ် မူတည်ပြီး
 
- ဆေးဝါးများဖြင့် ကုသခြင်း
- ခွဲစိတ်ကုသခြင်း
- ကင်ဆာဆေးသွင်းကုသခြင်း
- ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ ကုသမှုခံယူနိုင်ပါတယ်။
 
ချောင်းဆိုး သွေးပါခြင်းဟာ အရေးကြီးတဲ့ ရောဂါလက္ခဏာဖြစ်တာကြောင့် ပေါ့ပေါ့တန်တန် သဘောမထားဘဲ သေချာစွာစစ်ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။
 
ရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး တွေ မခံစားရအောင် ကာကွယ်နိုင်ပါတယ်။
 
Dr.Phyu