【 အလှအပနှင့် ကျန်းမာရေး 】 နှလုံးခုန်နှုန်း မမှန်ခြင်း (#Atrial_Fibrillation)

【 အလှအပနှင့် ကျန်းမာရေး 】 နှလုံးခုန်နှုန်း မမှန်ခြင်း (#Atrial_Fibrillation)

နှလုံးခုန်နှုန်း မမှန်ခြင်း (#Atrial_Fibrillation) ဆိုတာကတော့ နှလုံးသွေးဝင်ခန်းရဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ အလွန်အမင်းမြန်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။
 
နှလုံးခုန်နှုန်း မမှန်ခြင်း ဖြစ်နိုင်ခြေများတဲ့သူတွေကတော့
 
- နှလုံးရောဂါရှိသူများ
- နှလုံးခွဲစိတ်ထားသူများ
- သွေးတိုးရောဂါရှိသူများ
- အဝလွန်သူများ
- လည်ပင်းသိုင်းရွိုက်ဟော်မုန်းရောဂါရှိသူများ
- အရက်အလွန်အကျွံသောက်သူများ
- ကော်ဖီ၊ လက်ဖက်ရည် စတဲ့
ကဖင်းဓာတ်သုံးစွဲမှုများသူများ
- ဆေးလိပ်သောက်သူများ
- မူးယစ်ဆေးဝါးသုံးစွဲသူများ 
- အသက်အရွယ်ကြီးသူများ စတဲ့သူ‌တွေမှာ နှလုံးခုန်နှုန်း မမှန်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
 
နှလုံးခုန်နှုန်း မမှန်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့
 
- ရင်တုန်ခြင်း
- အသက်ရှူမဝဖြစ်ခြင်း၊ မောခြင်း
- ရင်ဘတ်အောင့်ခြင်း
- ခေါင်းမူးခြင်း
- သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
          နှလုံးခုန်နှုန်း မမှန်ခြင်းကို ဘယ်လိုကုသမလဲ ?
 
- နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းပေးသော ဆေးဝါးများဖြင့် ကုသခြင်း
- နှလုံးခုန်နှုန်း မြန်ခြင်းကို ထိန်းပေးသော ဆေးဝါးများဖြင့် ကုသခြင်း
- သွေးကျဲဆေးဖြင့် ကုသခြင်း
- အချို့သောအခြေအနေများတွင်
- ခွဲစိတ်ကုသခြင်း
- နှလုံးစက်တပ်ကုသခြင်း
- နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်အောင် လျှပ်စီးလှိုင်းဖြင့်ကုသခြင်း (electrical cardioversion) စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။
 
နှလုံးခုန်နှုန်း မမှန်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့
 
- နှလုံးတွင်း သွေးခဲဖြစ်ခြင်း
- နှလုံးသွေးခဲ ပြုတ်ထွက်ပါက လေဖြတ်ခြင်း
- နှလုံးသွေးကြောပိတ်ခြင်း
- နှလုံးအားနည်းခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုး‌တွေ ခံစားရနိုင်ပါတယ်။
 
ဒါကြောင့် နှလုံးခုန်နှုန်း မမှန်ခြင်း ရောဂါရှိသူတွေ အနေနဲ့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေချာပြသ စစ်ဆေးပြီး ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။
 
Dr.Phyu
Photo Credit - freepik