【 နိုင်ငံတကာဆောင်းပါး 】 ခရီးကြမ်းနှင်မည့် ရောင်စုံယူနန် မော်တော်ကား Rally ပြိုင်ပွဲ

【 နိုင်ငံတကာဆောင်းပါး 】 ခရီးကြမ်းနှင်မည့် ရောင်စုံယူနန် မော်တော်ကား Rally ပြိုင်ပွဲ

Belt and Road ရောင်စုံယူနန် မော်တော်ကားပြိုင်ပွဲကို  ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ယခုအကြိမ်ဆိုလျှင် ဆဌမအကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ယခုခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ဆဌမအကြိမ်မြောက် Belt and Road ရောင်စုံယူနန် မော်တော်ကားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့ပါတယ်။

Belt and Road ရောင်စုံယူနန် ကားပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ Belt and Road နိုင်ငံများအကြား ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုဆက်ဆံရေးကို မြင့်တင်ကာ ယူနန်နှင့် အရှေ့တောင်အာရှနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုအကျိုးသက်ရောက်စေမည်ဖြစ်ပါတယ်။ထိုသို့ကျင်းပရခြင်းကြောင့် ယူနန်ပြည်နယ်၏ အားကစားနှင့် ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်လာနေကြောင်း သိရပါတယ်။ယူနန်ပြည်နယ်ဟာ သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည့်အလျောက် ခရီးသွားအရင်းအမြစ်များလည်း ပေါကြွယ်ဝပါတယ်။

“One Belt, One Road Colorful Yunnan” ရောင်စုံယူနန် မော်တော်ကားပြိုင်ပွဲဟာ  ယူနန် ခရီးသွား အားကစား နိုင်ငံတော်အဆင့်အဖြစ် ၆ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ယခင်ကျင်းပခဲ့သော ယူနန် မော်တော်ကားပြိုင်ပွဲများအားလုံးသည် အားကစားယဉ်ကျေးမှုနဲ့ စီးပွားရေးအကျိုးသက်ရောက်မှုများအပေါ် များစွာအထောက်အကူပြုလှပါတယ်။

အရည်အသွေးမြင့်ထုတ်ကုန်များကို အားကစားဖြင့် ဝန်ဆောင်မှုများစွာပေးသည့်  ထိုရောင်စုံယူနန် မော်တော်ကားပြိုင်ပွဲကြောင့် တရုတ်နိုင်ငံ၏ မော်တော်ယဉ်ပြိုင်ကားများရဲ့ စဉ်ဆက်မပြတ်တိုးတက်မှုကိုလည်း များစွာအထောက်အကူပြုလျက်ရှိပါတယ်။

ဆဌမကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမကြီး၊ ရောင်စုံယူနန် မော်တော်ကား rally ၏ အဖွဲ့ခေါင်းဆောင် Wang Lei က ကြွယ်ဝပြည့်စုံသော သဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများသည် ယူနန်တွင် စုစည်းလျက်ရှိပြီး ယူနန်အား ပြင်ပအားကစားဝါသနာရှင်များ၏ ကောင်းကင်ဘုံဖြစ်လာစေပါသည်ဟု ယူနန်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။

ဆဌမအကြိမ်မြောက် Belt and Road ရောင်စုံယူနန် မော်တော်ကားပြိုင်ပွဲဟာ ယူနန်ပြည်နယ်တစ်ဝှမ်းလုံးသာမက အာရှနိုင်ငံအများအပြားသို့လည်း ဖြတ်ကျော်ကာ နိုင်ငံတစ်ဝှမ်း အားကစားပရိတ်သတ်များရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဆဌမအကြိမ်မြောက် ရောင်စုံယူနန် မော်တော်ကား Rally ပြိုင်ပွဲဝင် မော်တော်ကားများဟာ  ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က လင်ချန်းမြို့၊ Fengqing ခရိုင်ရဲ့ မြို့ပြဆင်ခြေဖုံးလမ်းများ ကျေးရွာများ၊ တောင်တန်းများ၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လက်ဖက်ခြံများနဲ့ သစ်တောဥယျာဉ်များကို ခက်ခက်ခဲခဲ ဖြတ်ကျော်သွားခဲ့ကြပါတယ်။မြင့်မားသောတောင်များ၊ မြစ်များ၊ အန္တရာယ်များလှသော တောင်ထိပ်များနဲ့ နက်နဲကျယ်ပြန့်လှသော ချိုင့်ဝှမ်းများ၊ စိမ်းလန်းစိုပြည်ကာ ကျယ်ပြန့်လှသောမျက်ခင်းပြင်များ၊ ပူနွေးစိုစွတ်တဲ့ ရေကန်များ၊ အပူပိုင်းမိုးသစ်တောများနဲ့ လေးရာသီပန်းပင်လယ်များက ယူနန်ပြည်နယ်ရဲ့  အလှပဆုံးသော ရုပ်ကြွများဖြစ်ကာ အခြားသော ရှုခင်းသာနေရာပေါင်း မြောက်မြားစွာ ပေါများလှပါတယ်။

အရောင်အသွေးစုံလင်လှတဲ့ ရောင်စုံမော်တော်ယဉ်များသည် Diqing တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လဟာပြင်တွင် စခန်းချခြင်း၊ ရေစုံမျောခြင်း၊ Tracing the river ၊ Light limit နှင့် အခြားကြွယ်ဝပြည့်စုံသော ပြင်ပအားကစားလုပ်ရှားမှုများစွာ ပါဝင်ခဲ့ပါတယ်။

ဖြတ်သန်းခဲ့သည့် Nujiang Lisu လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတွင် မာရသွန်ပြိုင်ပွဲ၊ စက်ဘီး၊ ပြင်ပတောင်တက်ခြင်း၊ ခြေလျင်လျှောက်ခြင်း စသည့် အားကစားကို နှစ်သက်သော ဝါသနာရှင်များသည် ခရီးသွားလုပ်ငန်းကို ရိုးရာရှုခင်းကြည့်ရှုခြင်းမှ အားကစားခရီးသွားလုပ်ငန်းသို့ ပြောင်းလဲစေခဲ့ပါတယ်။

ဆဌမအကြိမ်မြောက် ရောင်စုံယူနန် မော်တော်ကား Rally ပြိုင်ပွဲ ပုံရိပ်များသည် ယူနန်မှတစ်ဆင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့သွားခဲ့ပါတယ်။ထို့အပြင် တရုတ်နိုင်ငံနှင့် တောင်အာရှ၊ အရှေ့တောင်အာရှတို့ကို ချိတ်ဆက်ပေးသည့် အရေးကြီးသော လမ်းကြောင်းတစ်ခုအနေဖြင့် ယူနန်ပြည်နယ်သည် ယူနန်ခရီးသွားလုပ်ငန်းကို ပိုမိုတိုးချဲ့စေနိုင်ခဲ့ကာ ကားဘီး ၁ ကီလိုမီတာကို ပိုသွားနိုင်လျှင် ခရီးသွား အားကစားအယူအဆ၏ လက်တွေ့လုပ်ဆောင်မှုသည် ပိုမိုထင်ရှားလာတော့မည်ဖြစ်ပါတယ်။

နိုင်တံခွန်