【 နိုင်ငံတကာဆောင်းပါး 】 ဆူးကျိုးမြို့က အမွေအနှစ်စာရင်းဝင် အပန်းဖြေဥယျာဉ်

【 နိုင်ငံတကာဆောင်းပါး 】 ဆူးကျိုးမြို့က အမွေအနှစ်စာရင်းဝင် အပန်းဖြေဥယျာဉ်

ခေတ်သစ် တရုတ်နိုင်ငံဟာ စူးစမ်းလေ့လာစရာတွေ ပေါများကြွယ်၀လှပြီး အံ့သြဖွယ်ကောင်းတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။
 
တရုတ်နိုင်ငံမှာဆိုရင်တော့ အင်မတန်ရှေးကျတဲ့ အဆောက်အဦတွေလည်း ပေါများလှတဲ့အပြင် သာယာလှပတဲ့ ရှုခင်းတွေနဲ့လည်း ပြည့်နှက်နေပါတယ်။
 
ခေတ်အဆက်ဆက်က သမိုင်းဝင် မင်းအဆက်ဆက်တို့ရဲ့ အထင်ကရနေရာတွေလည်းပေါများလှတဲ့အပြင် ဂန္ထဝင်စာပေ အနုပညာ သုတရသတွေနဲ့ ခေတ်အဆက်ဆက်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း ပေါကြွယ် ၀တဲ့ တိုင်းပြည်တစ်ခုလည်းဖြစ်ပါတယ်။
 
ဆူးကျိုးမြို့ဟာ ယန်ဇီမြစ်ဝှမ်းရှိ ရှေးအကျဆုံး မြို့တစ်မြို့ဖြစ်ပြီး ဆူးကျိုးမြို့ကို ဘီစီ ၅၁၄ တွင် စတင်တည်ထောင်ခဲ့ကာ အေဒီ ၁၀၀ ဝန်းကျင် အရှေ့ဟန်မင်းဆက်လက်ထက်က ကမ္ဘာ့အကြီးဆုံး မြို့ကြီး ၁၀မြို့ထဲကမှ တစ်ခုဖြစ်ကြောင်း မှတ်တမ်းများအရ သိရပါတယ်။
 
ဆူးကျိုးမြို့ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကန်းစုပြည်နယ်ရဲ့ အရှေ့တောင်ဘက်အစွန်းတစ်လျှောက်မှာ တည်ရှိတဲ့ အဓိကမြို့တစ်မြို့ဖြစ်ပါတယ်။မြောက်ဘက်မှာ ယန်ဇီမြစ်၊ အရှေ့ဘက်တွင် ရှန်ဟိုင်း၊ တောင်ဘက်တွင် ကျဲ့ကျန်း ပြည်နယ်နဲ့  အနောက်ဘက်တွင် ထိုက်ဟူရေကန်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါတယ်။
 
ဆူးကျိုးမြို့ရဲ့ တည်နေရာ မြေမျက်နှာသွင်ပြင်အနေအထားအရ အဓိကကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် တည်ရှိနေရာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်းရှိ စက်မှုလုပ်ငန်းနဲ့ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးရဲ့ အချက် အချာကျသော မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။
 
ကျယ်ပြန့်လှသော တရုတ်နိုင်ငံမှာ ခေတ်အဆက်က သမိုင်းဝင် တည်ဆောက်ခဲ့တဲ့ အပန်းဖြေဥယျာဉ်ပေါင်းများစွာရှိတဲ့အထဲကမှ အထင်ကရဖြစ်တဲ့ အပန်းဖြေဥယျာဉ်တစ်ခုက တော့ ကျော်ကျိန့်ဥယျာဉ်ပဲဖြစ်ပါတယ်။အပန်းဖြေဥယျာဉ်များကို တည်ဆောက်သောအလေ့အထများသည်လည်း ချင်မင်းဆက်နှင့် ဟန်မင်းဆက်ခေတ်ကပင် စတင်ထွန်းကားလာခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။ထိုခေတ်အချိန်မှ စတင်ကာ ကိုယ်ပိုင်ဥယျာဉ်များနဲ့ အပန်းဖြေဥယျာဉ်များ တဖြည်းဖြည်းစတင်ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။
 
ကျော်ကျိန့်ဥယျာဉ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကန်းစုပြည်နယ်၊ ဆူးကျိုးမြို့မှာ တည်ရှိပါတယ်။အပန်းဖြေဥယျာဉ် အကျယ်အဝန်းအားဖြင့် ၄၅,၇၉၀ စတုရန်းမီတာကျော်ရှိပါတယ်။ကျော်ကျိန့်ဥယျာဉ်ဟာ ဆူးကျိုးမြို့ရဲ့ အကြီးမားဆုံးသော ဥယျာဉ်စံအိမ်တော်တစ်ခုဖြစ်ပြီး သွားရောက်လည်ပတ်သူတွေ စည်ကားလှတဲ့ သမိုင်းဝင် ဥယျာဉ်စံအိမ်တော်ကြီးတစ်ခုပဲဖြစ်ပါတယ်။
 
ကျော်ကျိန့်ဥယျာဉ်ကို ‘မင်’ မင်းဆက်ခေတ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အပန်းဖြေဥယျာဉ်စံအိမ်တော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ရေကန်တွေ၊ သဘာ၀ကျောက်စက်ပန်းဆွဲတွေ၊ ကမ္ဗည်းကျောက်စာတွေနဲ့ ကျောက်စိုင် ကျောက်ခဲတွေ၊ စိမ်းလန်းစိုပြည်လှတဲ့ သစ်ပင်ပန်းမန်နဲ့ တောအုပ်ကလေးတွေအပြင် နားနေဆောင်၊ ရှုခင်းကြည့် ဇရပ်ဆောင်နဲ့ စာကြည့်ခန်းတွေပါ ရှိပါတယ်။
 
အဆိုပါကျော်ကျိန့်ဥယျာဉ်ကို အဓိကအစိတ်အပိုင်းအဖြစ် အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဟူ၍ အပိုင်းသုံးပိုင်းခွဲကာ တည်ဆောက်ထားပါတယ်။အရှေ့ပိုင်းဥယျာဉ်ရဲ့ ဧရိယာမှာ စိမ်းလန်းစိုပြည်သော သစ်ပင်များ၊ နူးညံ့လှပသော ပန်းပင်၊ ပန်းပွင့်များနဲ့ ကျောက်ဆောင်ထွတ်များ၊ စိမ်းလန်းသောတောင်ကုန်းများနှင့် ဆွဲဆောင်မှုရှိသော မဏ္ဍပ်များနဲ့ ဝန်းရံထားသည့် ရေကန်ကြီးတစ်ခုလည်းရှိပါတယ်။
 
ဗဟိုဥယျာဉ်ရှိ Humble Administrator's Garden ၏ နှလုံးသား၊ Central Garden သည် ဥယျာဉ်၏ အလှပဆုံး ရှုခင်းလည်းဖြစ်ပါတယ်။ 
 
မဏ္ဍပ်များ၊ လှေကားထစ်များနှင့် ကျောက်ဆောင်များဖြင့် ဝန်းရံထားသော ကြာပန်းကန်ကြီးတစ်ခုပါရှိကာ နွေရာသီတွင် ခန်းမထဲသို့ ပျံ့လွင့်နေသော ကြာပန်းရနံ့သင်းသင်းလေးကို ကိုယ်တိုင်ခံစားနိုင်ပါတယ်။
 
အနောက်ဥယျာဉ် Humble Administrator's Garden ၏ အဓိက ဧရိယာသုံးခုတွင် အသေးငယ်ဆုံးဖြစ်တဲ့ Western Garden သည် တရုတ်ဂန္တဝင် ဥယျာဉ်ဒီဇိုင်း၏ လက်ရာမြောက်တဲ့ ဗိသုကာအနုပညာလက်ရာဖြစ်ပါတယ်။ 
 
တိတ်ဆိတ်ငြိမ်သက်လှတဲ့ တောအုပ်လေးတွေနဲ့ ကြည်လင်အေးမြလှတဲ့ ရေကန်တွေ လှပတဲ့ သစ်ပင်ပန်းမန်တွေကြောင့် ထိုအပန်းဖြေဥယျာဉ်ကို သွားရောက်လည်ပတ်သူများအဖို့တော့ သီးခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုမျိုး စိတ်ကြည်လင်မှုနဲ့ အခြားသောအတွေ့အကြုံသစ်တွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။
 
အပန်းလည်းဖြေရင်း ‘မင်’ မင်းဆက်ခေတ်က ဗိသုကာလက်ရာတွေကို လက်တွေ့ခံစားကြည့်ရှုနိုင်မှာဖြစ်သလို ‘မင်’ မင်းဆက်ခေတ်မှ ယနေ့အချိန်ထိ ထိန်းသိမ်းထားတဲ့ တရုတ်ဥယျာဉ် အနုပညာအမွေအနှစ်များကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။  
 
ဆူးကျိုးဂန္ထဝင်ဥယျာဉ်များဟာ ကျင်းနှင့် တန်မင်းဆက် လက်ထက်အတွင်း နွေဦးနှင့် ဆောင်းဦးကာလများမှာ စတင်တည်ဆောက်ခဲ့ကြပြီး ဆောင်း၊ မင်နှင့် ချင်မင်းဆက် လက်ထက်အတွင်း ထွန်းကားခဲ့ကာ ဆူးကျိုး ကိုယ်ပိုင်အပန်းဖြေဥယျာဉ်များကို ဘီစီ ၆ ရာစုတွင် ပထမဆုံးတည်ဆောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
 
ကျော်ကျိန့်ဥယျာဉ်ဟာ ယန်ဇီမြစ်တောင်ပိုင်းရှိ အပန်းဖြေဥယျာဉ်များအနက် ထင်ရှားကျော်ကြားသော အပန်းဖြေဥယျာဉ်အဖြစ် ၁၉၆၁ နှစ်တွင်သတ်မှတ်ခံခဲ့ရပြီး တရုတ်နိုင်ငံတော်ကောင်စီ  အဓိကကျသော ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၊ နိုင်ငံတော်စီမံကိန်းကော်မရှင်၊ ခရီးသွားလာရေးဗျူရိုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ကျော်ကျိန့်ဥယျာဉ်အား ၁၉၉၁ ခုနှစ်တွင် အမျိုးသားခရီးသွားဧည့်သည်များ အထူးဆွဲဆောင်မှုနေရာအဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်။
 
ထို့နောက် ကျော်ကျိန့်ဥယျာဉ်ကို  ၁၉၉၇ ခုနှစ်တွင်လည်း ယူနက်စကိုမှ သမိုင်းဝင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။
 
နိုင်တံခွန်