ကုန်သွယ်ရေးသဘောတူညီချက် နိုဝင်ဘာတွင် ရေးထိုးနိုင်ရန် တရုတ်နှင့် အမေရိကန် ကြိုးပမ်း

ကုန်သွယ်ရေးသဘောတူညီချက် နိုဝင်ဘာတွင် ရေးထိုးနိုင်ရန် တရုတ်နှင့် အမေရိကန် ကြိုးပမ်း

တရုတ်နှင့် အမေရိကန်နိုင်ငံတို့က ညှိနှိုင်းရေးမှူများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့်ကို  သမ္မတနှစ်ဦးက နိုဝင်ဘာလအတွင်း ရေးထိုးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လိုအပ်ပါက ထပ်မံ ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် ပေကျင်းသို့ သွားရန် ပြင်ဆင် ထားကြောင်း  အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဇင်အမ်နျူချင်က အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားပါတယ်။

၎င်း၏ ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အမ်နျူချင်က နောက်ထပ်အဆင့်မြင့် အရာရှိများ ဆွေးနွေးပွဲအတွက် ဒုဝန်ကြီးချုပ် လျူဟေးနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံက ဖိတ်ခေါ်မထားသေးသော်လည်း တာဝန်ရှိသူများအကြား ယခုသီတင်းပတ်အတွင်း ဖုန်းဖြင့် ဆွေးနွေးခြင်း များ ရှိခဲ့ကြောင်း ပြောကြားပါတယ်။

အမ်နျူချင်က ၎င်းနှင့် ကုန်သွယ်ရေးကိုယ်လှယ် ရောဘတ်လိုက်သီဇာတို့သည့် လာမည့် သီတင်းပတ်အတွင်း လျူနှင့်ဖုန်းမှ တစ်ဆင့် ဆွေးနွေး ကာ  နိုဝင်ဘာ ၁၆-၁၇ တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းမှု (APEC) နိုင်ငံများ အစည်းအဝေး၌ သမ္မတထရမ့်နှင် တရုတ် သမ္မတရှီကျင့်ဖျင်တို့အကြား စီစဉ်ထားသည့် တွေ့ဆုံပွဲမတိုင်မီ ချီလီနိုင်ငံတွင် ၎င်းတို့ ၃ ဦး တွေ့ဆုံသွားဖွယ်ရှိကြောင်း ပြောကြားပါတယ်။
ထရမ့်အစိုးရ၏ ရည်မှန်းချက်မှာ APEC အစည်းအဝေးတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရန် ဖြစ်ကြောင်း အမ်နျူချင်က ပြောကြား ပါတယ်။

 သတ်မှတ်ထားသည့် အခွန်တိုးမြှင့်မှုကို ဆက်လက်မလုပ်ဆောင်ရန် အောက်တိုဘာ ၁၅ ရက်တွင်  ဆုံးဖြတ်လိုက်ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်မည့် တရုတ်ကုန်ပစ္စည်း ဒေါ်လာ ၁၅၆ ဘီလျံဖိုးအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်မည့် အစီအစဉ်ကို မည်သို့ လုပ်ဆောင်မည်အား သမ္မတထရမ့်အစိုးရက မဆုံးဖြတ်ရသေးပေ။

“သမ္မတဆီက အကြံပြုချက်၊ ဆုံးဖြတ်ချက် မယူရသေးပါဘူး။ ကျွန်တော်တို့က အောက်တိုဘာလ အခွန်ကိစ္စကိုဘဲ အာရုံစိုက်ခဲ့ကြတာပါ။ ဆွေးနွေးမှုတွေ ဆက်လုပ်ပြီးရင် တစ်ခုခု လုပ်ဆောင်မှာပါ” ဟု အမ်နျူချင်က ပြောပါတယ်။သမ္မတထရမ့် က အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကနဦးအဆင့် အချက်အလက်များကို တရုတ်က သဘောတူညီခြင်း မရှိခဲ့ကြောင်း ပြောဆိုမှုများကို အမ်နျူချင်က မဟုတ် မှန်ကြောင်း ငြင်းပယ်ခဲ့ပါတယ်။

အဆင့်က သဘောတူညီချက်၌ တရုတ်တွင် အမေရိကန်၏ ဉာဏမူပိုင်ခွင့်ကို ကာကွယ်ပေးရန် အခန်း ကျယ်ပြန့်စွာ ပါဝင်မည်ဖြစ်သော်လည်း အမေရိကန်နည်းပညာများအား တရုတ်ကုမ္ပဏီများသို့ ဖိအားပေး လွဲပြောင်းပေးခြင်းကို ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားပါတယ်။

Linko
Ref:Reuters
ဝါရှင်တန်၊ အောက်တိုဘာ ၁၇

(  Zawgyi  )

 တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံတို႔က ညႇိႏႈိင္းေရးမႉမ်ားသည္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္ ပထမအဆင့္ကို  သမၼတႏွစ္ဦးက ႏိုဝင္ဘာလအတြင္း ေရးထိုးႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိၿပီး လိုအပ္ပါက ထပ္မံ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏိုင္ရန္ ေပက်င္းသို႔ သြားရန္ ျပင္ဆင္ ထားေၾကာင္း  အေမရိကန္ဘ႑ာေရးဝန္ႀကီး စတီဇင္အမ္န်ဴခ်င္က ေအာက္တိုဘာ ၁၆ ရက္မွာ ေျပာၾကားပါတယ္။

၎၏ ဝန္ႀကီးဌာနတြင္ ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲ၌ အမ္န်ဴခ်င္က ေနာက္ထပ္အဆင့္ျမင့္ အရာရွိမ်ား ေဆြးေႏြးပြဲအတြက္ ဒုဝန္ႀကီးခ်ဳပ္ လ်ဴေဟးႏွင့္ ေတြ႕ဆုံရန္ တ႐ုတ္ႏိုင္ငံက ဖိတ္ေခၚမထားေသးေသာ္လည္း တာဝန္ရွိသူမ်ားအၾကား ယခုသီတင္းပတ္အတြင္း ဖုန္းျဖင့္ ေဆြးေႏြးျခင္း မ်ား ရွိခဲ့ေၾကာင္း ေျပာၾကားပါတယ္။

အမ္န်ဴခ်င္က ၎ႏွင့္ ကုန္သြယ္ေရးကိုယ္လွယ္ ေရာဘတ္လိုက္သီဇာတို႔သည့္ လာမည့္ သီတင္းပတ္အတြင္း လ်ဴႏွင့္ဖုန္းမွ တစ္ဆင့္ ေဆြးေႏြး ကာ  ႏိုဝင္ဘာ ၁၆-၁၇ တြင္ က်င္းပမည့္ အာရွ-ပစိဖိတ္ စီးပြားေရးပူးေပါင္းမႈ (APEC) ႏိုင္ငံမ်ား အစည္းအေဝး၌ သမၼတထရမ့္ႏွင္ တ႐ုတ္ သမၼတရွီက်င့္ဖ်င္တို႔အၾကား စီစဥ္ထားသည့္ ေတြ႕ဆုံပြဲမတိုင္မီ ခ်ီလီႏိုင္ငံတြင္ ၎တို႔ ၃ ဦး ေတြ႕ဆုံသြားဖြယ္ရွိေၾကာင္း ေျပာၾကားပါတယ္။
ထရမ့္အစိုးရ၏ ရည္မွန္းခ်က္မွာ APEC အစည္းအေဝးတြင္ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးႏိုင္ရန္ ျဖစ္ေၾကာင္း အမ္န်ဴခ်င္က ေျပာၾကား ပါတယ္။

 သတ္မွတ္ထားသည့္ အခြန္တိုးျမႇင့္မႈကို ဆက္လက္မလုပ္ေဆာင္ရန္ ေအာက္တိုဘာ ၁၅ ရက္တြင္  ဆုံးျဖတ္လိုက္ၿပီးေနာက္ ဒီဇင္ဘာ ၁၅ ရက္တြင္ စတင္အသက္ဝင္မည့္ တ႐ုတ္ကုန္ပစၥည္း ေဒၚလာ ၁၅၆ ဘီလ်ံဖိုးအေပၚ အခြန္ ၁၀ ရာခိုင္ႏႈန္း တိုးျမႇင့္မည့္ အစီအစဥ္ကို မည္သို႔ လုပ္ေဆာင္မည္အား သမၼတထရမ့္အစိုးရက မဆုံးျဖတ္ရေသးေပ။

“သမၼတဆီက အႀကံျပဳခ်က္၊ ဆုံးျဖတ္ခ်က္ မယူရေသးပါဘူး။ ကြၽန္ေတာ္တို႔က ေအာက္တိုဘာလ အခြန္ကိစၥကိုဘဲ အာ႐ုံစိုက္ခဲ့ၾကတာပါ။ ေဆြးေႏြးမႈေတြ ဆက္လုပ္ၿပီးရင္ တစ္ခုခု လုပ္ေဆာင္မွာပါ” ဟု အမ္န်ဴခ်င္က ေျပာပါတယ္။သမၼတထရမ့္ က ေအာက္တိုဘာ ၁၁ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ကနဦးအဆင့္ အခ်က္အလက္မ်ားကို တ႐ုတ္က သေဘာတူညီျခင္း မရွိခဲ့ေၾကာင္း ေျပာဆိုမႈမ်ားကို အမ္န်ဴခ်င္က မဟုတ္ မွန္ေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။

အဆင့္က သေဘာတူညီခ်က္၌ တ႐ုတ္တြင္ အေမရိကန္၏ ဉာဏမူပိုင္ခြင့္ကို ကာကြယ္ေပးရန္ အခန္း က်ယ္ျပန႔္စြာ ပါဝင္မည္ျဖစ္ေသာ္လည္း အေမရိကန္နည္းပညာမ်ားအား တ႐ုတ္ကုမၸဏီမ်ားသို႔ ဖိအားေပး လြဲေျပာင္းေပးျခင္းကို ထိန္းခ်ဳပ္ရန္ ရည္႐ြယ္ေၾကာင္း ၎က ေျပာၾကားပါတယ္။

Linko
Ref:Reuters
ဝါရွင္တန္၊ ေအာက္တိုဘာ ၁၇