အိန္ဒိယမြောက်ပိုင်း ရွာ၁၃၂ ရွာတွင် ၃လအတွင်း မိန်းကလေးမမွေးဖွားခဲ့သဖြင့် အစိုးရက စုံစမ်းရန် စီစဉ်

အိန္ဒိယမြောက်ပိုင်း ရွာ၁၃၂ ရွာတွင် ၃လအတွင်း မိန်းကလေးမမွေးဖွားခဲ့သဖြင့် အစိုးရက စုံစမ်းရန် စီစဉ်

အိန္ဒိယနိုင်ငံမြောက်ပိုင်းပြည်နယ်တစ်ခုမှာ ပြီးခဲ့တဲ့ ၃လအတွင်း မွေးဖွားတဲ့ကလေးဦးရေ ၂၀၀မှာ မိန်းကလေးတစ်ယောက်မှ မပါခဲ့ဘူးလို့ ဆိုပါတယ်။ စစ်တမ်းတွေအရ Uttarakhand ပြည်နယ်က ရွာပေါင်း ၁၃၂ ရွာမှာ ၃လအတွင်း မိန်းကလေးမမွေးခဲ့တာကြောင့် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးစုံစမ်းအဖြေရှာဖို့ သက်ဆိုင်ရာ ကို တိုက်တွန်းထားပါတယ်။

 အိန္ဒိယမှာ သမီးမိန်းကလေးမွေးရင် ဖျက်ချတဲ့အစဉ်အလာရှိတာကြောင့် စုံစမ်းစစ်ဆေးမှုပြု လုပ်ခိုင်းတာ ဖြစ်ပါတယ်။ ‘အဲဒီရွာတွေထဲမှာ ကလေးမွေးဖွားမှုနှုန်းပိုများတဲ့ ၈၂ ရွာကို အရင်ဆုံးစုံစမ်း စစ်ဆေးမယ်’လို့လည်း ဒေသတရားသူကြီးတစ်ဦးက ပြောပါတယ်။ ‘၃လအတွင်း မွေးတဲ့ကလေးတွေထဲ မိန်းကလေးမပါတဲ့ကိစ္စဟာ တိုက်ဆိုင်မှုဖြစ်နိုင်ပြီး၊ စိုးရိမ်စရာလုံးဝမရှိဘူး’လို့လည်း သူက ဆိုပါတယ်။

 အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေကတော့ ဒီလိုကောက်ချက်ချသွားတာကို ကန့်ကွက်ပါတယ်။ မွေးလာမယ့်ကလေးက မိန်းကလေးဖြစ်ရင် ဥပဒေနဲ့မညီဘဲ ကလေးဖျက်ချတာမျိုးဖြစ်နိုင်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ ကလေးများအတွက် NGOအဖွဲ့အစည်းဖြစ်တဲ့ Save The Children ကလည်း အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကျားမခွဲခြားမှုနဲ့ မိန်းကလေးကိုယ်ဝန်ဖျက်ချမှုတွေ များတယ်လို့ ဆိုပါတယ်။ နှစ်စဉ် အိန္ဒိယနိုင်ငံမှာ မွေးစကနေ ၆နှစ်အရွယ်ထိ ပျောက်ဆုံးသူမိန်းကလေး ၆၀၀,၀၀၀ ကျော်ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာသူတွေက ပြောပါတယ်။

Linko
Ref: telesurenglish.net
နယူးဒေလီ၊ဇူလိုင် ၂၄

(  Zawgyi  )

 အိႏၵိယႏိုင္ငံေျမာက္ပိုင္းျပည္နယ္တစ္ခုမွာ ၿပီးခဲ့တဲ့ ၃လအတြင္း ေမြးဖြားတဲ့ကေလးဦးေရ ၂၀၀မွာ မိန္းကေလးတစ္ေယာက္မွ မပါခဲ့ဘူးလို႔ ဆိုပါတယ္။ စစ္တမ္းေတြအရ Uttarakhand ျပည္နယ္က ႐ြာေပါင္း ၁၃၂ ႐ြာမွာ ၃လအတြင္း မိန္းကေလးမေမြးခဲ့တာေၾကာင့္ ဒီျဖစ္ရပ္နဲ႔ ပတ္သက္ၿပီးစုံစမ္းအေျဖရွာဖို႔ သက္ဆိုင္ရာ ကို တိုက္တြန္းထားပါတယ္။

 အိႏၵိယမွာ သမီးမိန္းကေလးေမြးရင္ ဖ်က္ခ်တဲ့အစဥ္အလာရွိတာေၾကာင့္ စုံစမ္းစစ္ေဆးမႈျပဳ လုပ္ခိုင္းတာ ျဖစ္ပါတယ္။ ‘အဲဒီ႐ြာေတြထဲမွာ ကေလးေမြးဖြားမႈႏႈန္းပိုမ်ားတဲ့ ၈၂ ႐ြာကို အရင္ဆုံးစုံစမ္း စစ္ေဆးမယ္’လို႔လည္း ေဒသတရားသူႀကီးတစ္ဦးက ေျပာပါတယ္။ ‘၃လအတြင္း ေမြးတဲ့ကေလးေတြထဲ မိန္းကေလးမပါတဲ့ကိစၥဟာ တိုက္ဆိုင္မႈျဖစ္ႏိုင္ၿပီး၊ စိုးရိမ္စရာလုံးဝမရွိဘူး’လို႔လည္း သူက ဆိုပါတယ္။

 အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားသူေတြကေတာ့ ဒီလိုေကာက္ခ်က္ခ်သြားတာကို ကန႔္ကြက္ပါတယ္။ ေမြးလာမယ့္ကေလးက မိန္းကေလးျဖစ္ရင္ ဥပေဒနဲ႔မညီဘဲ ကေလးဖ်က္ခ်တာမ်ိဳးျဖစ္ႏိုင္တယ္လို႔လည္း ေျပာဆိုလိုက္ပါတယ္။ ကေလးမ်ားအတြက္ NGOအဖြဲ႕အစည္းျဖစ္တဲ့ Save The Children ကလည္း အိႏၵိယႏိုင္ငံတစ္ဝန္းမွာ က်ားမခြဲျခားမႈနဲ႔ မိန္းကေလးကိုယ္ဝန္ဖ်က္ခ်မႈေတြ မ်ားတယ္လို႔ ဆိုပါတယ္။ ႏွစ္စဥ္ အိႏၵိယႏိုင္ငံမွာ ေမြးစကေန ၆ႏွစ္အ႐ြယ္ထိ ေပ်ာက္ဆုံးသူမိန္းကေလး ၆၀၀,၀၀၀ ေက်ာ္ရွိေနေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့ လာသူေတြက ေျပာပါတယ္။

Linko
Ref: telesurenglish.net
နယူးေဒလီ၊ဇူလိုင္ ၂၄