【နိုင်ငံတကာ】ဂျော်ဂျီယာဝန်ကြီးချုပ်က China Media Group ရဲ့ သီးသန့်အင်တာဗျူးကို လက်ခံဖြေကြား

【နိုင်ငံတကာ】ဂျော်ဂျီယာဝန်ကြီးချုပ်က China Media Group ရဲ့ သီးသန့်အင်တာဗျူးကို လက်ခံဖြေကြား

ချန်တူးကမ္ဘာ့တက္ကသိုလ်ကျောင်းသားကျောင်းသူများ နွေရာသီအားကစားပြိုင်ပွဲကို ကျင်းပစဉ်အတွင်း တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျော်ဂျီယာဝန်ကြီးချုပ် Garibashvili သည် China Media Groupမှ အင်တာဗျူးကို လက်ခံဖြေကြားခဲ့ကြောင်း ယင်းသတင်းဌာနက ဩဂုတ် ၅ရက်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် Garybashvili သည် "Belt and Road" အဆိုပြုချက်နှင့် နှစ်နိုင်ငံအကြား လွတ်လပ်သောကုန်သွယ်မှုသ ဘောတူညီချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့ပြီး ဂျော်ဂျီယာ၏ စီးပွားရေးပတ်ဝန်းကျင်အကြောင်းလည်း ရှင်းလင်းပြောကြားခဲ့ပါသည်ဟု သတင်းမှာ ဖော်ပြထားသည်။

ထို့အတူ အနာဂတ်တွင် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများအကြား အဖိုးတန်သော ချစ်ကြည်ရေး ဆက်လက်တိုးတက်ရန်လည်း မျှော် လင့်ပါကြောင်း ၎င်းကပြောကြားခဲ့သည်။

ချန်တူး ၊ ဩဂုတ် ၅