【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် သိပ္ပံနည်းပညာရှင်များကိုစာပြန်

【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် သိပ္ပံနည်းပညာရှင်များကိုစာပြန်

တရုတ်သမ္မတရှီကျင့်ဖျင်က "သိပ္ပံနှင့်တရုတ်" သိပ္ပံနည်းပညာရှင်များ၏ ကိုယ်စားလှယ်များကို ဇူလိုင် လ ၂၀ ရက်နေ့က စာပြန်ခဲ့ပြီး သိပ္ပံပညာရှင်များအား သိပ္ပံနှင့်နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးကို ပံ့ပိုးကူညီရန်နှင့် ပါဝင်ဆောင်ရွက်နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group သတင်းတွင် ဖော်ပြထားသည်။

"သိပ္ပံပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုသည် ဆန်းသစ်တီထွင်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရန်အတွက် အရေးကြီးသော အခြေခံလုပ်ငန်း ဖြစ်သည်။" ဟု ရှီကျင့်ဖျင်က ဆိုသည်။ 

သိပ္ပံပညာရှင်အများအပြားက သိပ္ပံနှင့်နည်းပညာများမှတစ်ဆင့် နိုင်ငံကိုအားကောင်းစေရေး လုပ်ငန်းတွင် စိတ်အားထက် သန်စွာ ပါဝင်မည်ဖြစ်ပြီး သိပ္ပံပညာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုစွမ်းရည်ကိုအားကောင်းလာစေရန် နှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ မိမိကိုယ်ကိုအားကိုးမှုနှင့် မိမိကိုယ်ကိုမြှင့်တင်မှုတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပေကျင်း၊ ဇူလိုင် ၂၂