【နိုင်ငံတကာ】“ရှီကျင့်ဖျင်နှင့် တွေ့ဆုံခြင်း- ကျွန်တော်တို့က လုပ်ငန်းတူတွေလို့ သူပြောတယ်”

【နိုင်ငံတကာ】“ရှီကျင့်ဖျင်နှင့် တွေ့ဆုံခြင်း- ကျွန်တော်တို့က လုပ်ငန်းတူတွေလို့ သူပြောတယ်”

ဒေးဗစ်ဟာ ဗြိတိန်လူမျိုးဖြစ်ပြီး ဘေကျင်းဓာတုနည်းပညာတက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပါတယ်။သူဟာ ရှီကျင့်ဖျင်နဲ့နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်ကတော့ တရုတ်နှစ်သစ်ကူးပွဲတော်တွေ့ဆုံပွဲမှာပါ။ ပါမောက္ခဒေးဗစ်က ဒြပ်စင်အလှည့်ကျဇယားပါတဲ့ နက်ခ်တိုင်လည်စည်း စည်းထားတာတွေ့တော့ ရှီကျင့်ဖျင်က ဒီလိုပြောပါတယ်။

“ခင်ဗျား ဘာလုပ်တာလဲဆိုတာ ကျွန်တော်သိတယ်။ကျွန်တော်က ခင်ဗျားနဲ့လုပ်ငန်းတူတယ်။ကျွန်တော်လည်း ဓာတုနည်းပညာဘာသာကို သင်ထားတာပါ။”ဒုတိယအကြိမ်ကတော့ သိပ္ပံပညာရှင် တွေ့ဆုံပွဲမှာပါ။ ပါမောက္ခ ဒေးဗစ်က သံတူဘာသာပြန်စက်တပ်ထားတာမတွေ့တော့ ရှီကျင့်ဖျင်က  ဝန်ထမ်းတွေ  ပေးဖို့မေ့သွားတယ်ထင်ပြီး သူများတွေစကား ပြောရင် ပါမောက္ခဒေးဗစ် နားမလည်မှာကို စိတ်ပူနေပါတယ်။ “သမ္မတကြီးရှီကျင့်ဖျင်မှာ စဉ်းစားစရာကိစ္စတွေဒီလောက်အများကြီးရှိတာ ဒါပေမဲ့ သူကကျွန်တော် သံတူဘာသာပြန်တဲ့ စက်မတပ်ထားတာတွေ့လိုက်တယ်။ ဒီလိုအသေးစိတ်အရာကို သူသတိထားမိတော့ ကျွန်တော်အရမ်း ရင်ထဲထိသွားပါတယ်။”

ရှီကျင့်ဖျင် ရဲ့ဦးနှောက်ထဲမှာ တရုတ်နိုင်ငံပြည်တွင်းပြည်ပ သိပ္ပံဗဟုသုတ၊ သိပ္ပံအခြေခံသဘောတရားနဲ့ သိပ္ပံသမိုင်းတွေ ရှိနေတာကိုလည်း ပါမောက္ခဒေးဗစ်က သတိထားမိပါတယ်။ ပါမောက္ခဒေးဗစ်က ဒီလိုဆိုပါတယ်။ “နိုင်ငံခြားမှာ ခေါင်း ဆောင်က ဒီလိုစွမ်းရည်ရှိပြီး သိပ္ပံပညာရဲ့ အတွေးအခေါ်အယူအဆကို အသေးစိတ်ပြောနိုင်တဲ့လူ အရမ်းရှားပါတယ်။ ဒါကြောင့်လည်း အမှတ်တရများစွာ  ထင်ကျန်ရစ်နေပါတယ်။”

ပေကျင်း၊ ဇူလိုင် ၃၁