【နိုင်ငံတကာ】China Media Group အင်တာဗျူးကို အယ်လ်ဂျီးရီးယား သမ္မတလက်ခံဖြေကြား

【နိုင်ငံတကာ】China Media Group အင်တာဗျူးကို အယ်လ်ဂျီးရီးယား သမ္မတလက်ခံဖြေကြား

တရုတ်နိုင်ငံ၌ ခရီးလှည့်လည်နေသော အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ တက်ပင်သည် China Media Group မှ သီးသန့် အင်တာဗျူးကို လက်ခံဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အင်တာဗျူးဖြေကြားရာတွင် အာရပ်နိုင်ငံများနှင့် အီရန်နိုင်ငံအကြား ဆက်ဆံမှု ပြန်လည်ကောင်းမွန်စေရေး အတွက် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အကျိုးပြု စွမ်းဆောင်မှုကို မိမိက တန်ဖိုးထား ချီးကျူးပါကြောင်း၊ မိမိသည် မည်သည့်အသွင်ပုံစံမဆို ဖြစ်သည့် ဗိုလ်ကျ စိုးမိုးခြင်းကို ငြင်းပယ်ပြီး နိုင်ငံတစ်နိုင်ငံအနေနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်ရမည်ဟု စွဲကိုင်ပါကြောင်း၊ အယ်လ်ဂျီးရီးယားနိုင်ငံက BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စနစ်တွင် ပါဝင်နိုင်ရန်၊ ပိုမို သာယာလှပပြီး ပိုမို တရားမျှတသော ကမ္ဘာကြီးကို တည်ဆောက်ဖို့အတွက် ကြိုးပမ်းနိုင်ရန် မျှော်လင့်ကြောင်း စသည်ဖြင့် သမ္မတ တက်ပင်က ပြောကြားခဲ့ကြောင်း China Media Group သတင်းအရ သိရှိရသည်။

ပေကျင်း၊ ဇူလိုင် ၂၂