【 နိုင်ငံတကာ အနုပညာ 】 ဘီယွန်စေး အယ်လ်ဘမ်သစ်မှာ မိုင်လေဆိုင်းယပ်စ် ပါဝင်

【 နိုင်ငံတကာ အနုပညာ 】 ဘီယွန်စေး အယ်လ်ဘမ်သစ်မှာ မိုင်လေဆိုင်းယပ်စ် ပါဝင်

လော့စ်အိန်ဂျလိစ်၊ မတ် - ၂၉

ဘီယွန်စေးဟာ ၎င်း၏ အယ်လ်ဘမ်အသစ် Cowboy Carter မှာ  မိုင်လေဆိုင်းယပ်စ်နှင့် တွဲဆိုထားပါတယ်။

စူပါစတားရဲ့ အယ်လ်ဘမ်ကို အစမ်းနားထောင်ခဲ့ရတဲ့ Entertainment Weekly ၏ အဆိုအရ စူပါစတားဟာ II Most Wanted သီချင်းမှာ မိုင်လေဆိုင်းယပ်စ်နှင့်အတူ သီဆိုခဲ့တာဖြစ်ပါတယ်။

အယ်လ်ဘမ်မှာပါတဲ့ Levii's Jeans သီချင်းမှာ ပို့စ်မာလွန်လည်းပါရှိပြီး ကျေးလက်နှင့် ဟစ်ဟော့ပ်အဆိုတော် ရှားဘိုးဇေးကလည်း Spaghettii သီချင်းမှာ သီဆိုခဲ့ပါတယ်။

အယ်လ်ဘမ်မှာ KNTRY ရေဒီယိုအသံလွှင့်ဌာနတွင် DJs များဖြစ်တဲ့ ဒေါ်လီပါတန်နှင့် ဝီလီနယ်လ်ဆင်တို့ပါ ထည့်သွင်းထားပါတယ်။ဒေါ်လီက ဘီယွန်းစေးအား ထပ်မံမွမ်းမံထားသော သီချင်းစာသားများပါရှိသော သူမရဲ့  ၁၉၇၃ ခုနှစ်ထွက် Jolene သီချင်းနဲ့ မိတ်ဆက်ပေးထားပါတယ်။

ပထမဆုံး လူမည်းအမျိုးသမီး ကျေးလက်စတားဖြစ်ခဲ့သည့် လင်ဒါမာတဲလ်က ၎င်း၏ Ya Ya သီချင်းကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းမှာ Beach Boys အကျော်ကြားဆုံး ဘိစ်ရိုက်ချက် အပိုင်းအစများ ပါရှိပါတယ်။

Cowboy Carter အယ်လ်ဘမ်သစ်မှာ အခန်းကူးပြောင်းတီးလုံးအပါအဝင် စုစုပေါင်း သီချင်း ၂၇ ပုဒ် ပါဝင်ပါတယ်။ဒီအယ်လ်ဘမ်ကို မတ် ၂၉ ရက် ယနေ့ကစပြီး ကမ္ဘာတစ်ဝန်း ဖြန့်ချိမည်ဖြစ်ပြီး သြစတြေးလျတွင်တော့ ထိုမတိုင်ခင် စတင်ရောင်းချနေပြီဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Film-news