【 နိုင်ငံတကာ အနုပညာ 】 ‘Jurassic World’ ဇာတ်ကားသစ်ကို စကားလက် ဂျိုဟန်ဆင် ဦးဆောင်ဖို့ရှိနေ

【 နိုင်ငံတကာ အနုပညာ 】 ‘Jurassic World’ ဇာတ်ကားသစ်ကို စကားလက် ဂျိုဟန်ဆင် ဦးဆောင်ဖို့ရှိနေ

လော့စ်အိန်ဂျလိစ်၊ မတ် - ၂၇
 
စကားလက်ဂျိုဟန်ဆင်ဟာ ပြီးခဲ့သည့်အပတ်က ဂေရတ်သ်အက်ဒဝပ် စီစဉ်နေတဲ့ Jurassic World ဇာတ်ကားသစ်မှာ ပါဝင်တော့မည်လို့ ကောလာဟလများထွက်ပေါ်ခဲ့ပြီး ယခုအခါ အဆိုပါကောလာဟလများက အမှန်ဖြစ်ပုံရနေပါတယ်။
 
Deadline ဝက်ဘ်ဆိုက်အဆိုအရ ဂျိုဟန်ဆင်ဟာ မကြာမီရိုက်ကူးတော့မည့် ဇာတ်ကားသစ်တွင် ပါဝင်ရန် ဆွေးနွေးမှုများရှိနေသည်ဟု ဆိုပါတယ်။
 
ဒီဇာတ်ကားကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပြီးဖြစ်လို့ ရိုက်ကူးမှုကို လာမယ့်လအနည်းငယ်အတွင်းမှာ စတင်ဖို့လိုပါတယ်။
 
ဒေါ်လာဘီလီယံပေါင်းများစွာတန်သော ဒီဇာတ်ကားထုတ်လုပ်ပြသမှုကို ၎င်းနှင့်အတူ လမ်းကြောင်းသစ်တစ်ခုအဖြစ်သွားရန် စီစဉ်ထားတယ်ဆိုပါတယ်။
 
ဒီဇာတ်ကားကို Universal Pictures ကုမ္ပဏီကနေ ဖန်တီးထုတ်လုပ်သူ အက်ဒဝပ်နှင့်အတူ Universal Pictures ရုပ်ရှင်စီးရီးသစ်အဖြစ် ပထမဆုံးထုတ်လုပ်ဖို့ စတင်မှာလို့ သိရပါတယ်။
 
ယခင်ရုပ်ရှင်ခြောက်ကားမှ မူလသရုပ်ဆောင်အဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ ပြန်လည်ပါဝင်လာဖို့မရှိလို့  ဂျိုဟန်ဆင်သာ သရုပ်ဆောင်ဖြစ်လာဖို့ အမှန်တကယ်မှန်ပါက၊ သူမသည် သမိုင်းမတင်မီရှိ သတ္တဝါအချို့ကို စွန့်စားမှုအသစ်တစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ရန်ထဲ ပထမဆုံးတန်းစီခဲ့တဲ့သူဖြစ်လာမှာပါ။
 
ဒီဇာတ်ကားကို ဒေးဗစ်ကိုပက် (David Kopek) က ဇာတ်ညွှန်းရေးသားခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Thehollywoodnews