【 နိုင်ငံတကာ အနုပညာ 】 Pirates Of The Caribbean ဇာတ်ကားသစ် ပြန်ရိုက်တော့မယ်လို့ ထုတ်လုပ်သူ အတည်ပြု

【 နိုင်ငံတကာ အနုပညာ 】 Pirates Of The Caribbean ဇာတ်ကားသစ် ပြန်ရိုက်တော့မယ်လို့ ထုတ်လုပ်သူ အတည်ပြု

နယူးယောက်၊ မတ် - ၂၈

Pirates of the Caribbean ထုတ်လုပ်သူမှ ဒစ္စနေးလန်း အမှတ်တံဆိပ်တွေဖြစ်တဲ့ စွန့်စားခန်း ဇာတ်ကားသစ်ကို ပြန်လည်ရိုက်ကူး ထုတ်လုပ်တော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

ဂျယ်ရီဘရွတ်ခ်ဟီးမားဟာ Top Gun အပါအဝင် သူ၏နာမည်ကျော် ဇာတ်ကောင်များ၏ အနာဂတ် ကို ဆွေးနွေးနေပါတယ်။

၎င်းက “ပြောပြဖို့ခက်တယ်။မင်းတကယ်မသိဘူး။သူတို့ ဘယ်လိုအတူသွားကြမလဲဆိုတာ။မင်းလဲ သေသေချာချာမသိဘူး” လို့ ဟီးမားက ပြောပါတယ်။

“ဘာလို့လဲဆိုတော့ Top Gun မှာ အထင်ကရနဲ့ ထက်မြက်တဲ့ သရုပ်ဆောင်တစ်ယောက်ရှိတယ်။ Top Gun မရိုက်ခင် ဇာတ်ကားဘယ်နှစ်ကားရိုက်လဲ။ငါ မင်းကို မပြောနိုင်ဘူး။ဒါပေမဲ့ ငါတို့ Pirates ကို ပြန်လည်စတင်တော့မှာဆိုတော့ တချို့သရုပ်ဆောင်တွေကို စောင့်စရာမလိုတဲ့အတွက် လုပ်ရတာ ပိုလွယ်ပါတယ်” ဟု ဘရွတ်ခ်ဟီးမားက ComicBook.com သို့ ပြောကြားခဲ့သည်။

ဘရွတ်ခ်ဟီးမား၏ မှတ်ချက်များ အရ လာမည့် Pirates of the Caribbean အစီအစဉ်သည် လုံးဝအသစ်သော ကာရိုက်တာကို မိတ်ဆက်ပေးနိုင်မည်ဟုဆိုထားရာ ကပ္ပတိန် ဂျက်စပဲရိုးအဖြစ် ဂျော်နီဒပ်ဖ်  ပြန်လာခြင်းမရှိခြင်းအား အရိပ်အမြွက်ပြောခဲ့ပါတယ်။

ဒပ်ဖ်သည် ယခုအချိန်အထိ Pirates of the Caribbean ၏ ဇာတ်ကားငါးကားလုံးကို ဦးဆောင်ထားတာဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Standard-co-uk