【 နိုင်ငံတကာ 】 တရုတ်ဝန်ကြီးချုပ် လီချန် ကမ္ဘာဘဏ် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 တရုတ်ဝန်ကြီးချုပ် လီချန် ကမ္ဘာဘဏ် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

ပေကျင်း၊ မတ် - ၂၇
 
တရုတ်ဝန်ကြီးချုပ် လီချန်သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အဂျေး ဘန်ဂါကို ပေကျင်းတွင် တနင်္လာနေ့က တွေ့ဆုံပြီး ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်ရေး တောင်းဆိုလိုက်ပါတယ်။
 
လီက တရုတ်သည် ကမ္ဘာတွင် အကြီးမားဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဘဏ်နှင့် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။
 
တရုတ်နိုင်ငံသည် ကမ္ဘာဘဏ်နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုလုပ်ရန်၊ အသိပညာ၊ ကျေး လက်အားသစ်လောင်းရေးနှင့် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းအောင်လုပ်ရန်၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အကောင်အထည်ဖော်ရေး အားပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုနှင့် အခြားကမ္ဘာ့စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရန် စိတ်အားထက်သန်ကြောင်း လီက ပြောပါတယ်။
 
ကမ္ဘာ့ဘဏ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို တရုတ်က ထောက်ခံပြီး ကမ္ဘာ့ဘဏ်သည် ပြုပြင် ပြောင်းလဲရေး၏ ဗဟိုချက်တွင် တိုးတက်မှုကို နေရာပေးမည်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုး ရတက်မှု အခြေကျပြီး နယ်ပယ်များတွင်ပိုမိုအားထည့်လုပ်ဆောင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုကို တိုးမြှင်ရန်နှင့် ကမ္ဘာ့စီမံအုပ်ချုပ်ရေးတွင် ပိုမိုထိရောက်သော အခန်းမှ ပါဝင်ရန်တို့ကို မျှော်လင့်ကြောင်း သူကပြောပါတယ်။
 
အဂျေး ဘန်ဂါကလည်း ကမ္ဘာ့ဘဏ်၏ လုပ်ငန်းများကို ရေရှည်ထောက်ခံခြင်းအတွက် တရုတ်ကို ကျေးဇူးတင်ပြီး တရုတ်မှ ကမ္ဘာ့ဘဏ်၏ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ခိုင်မာစွာလည်ပတ်သောကြောင့် အသိအမှတ်ပြုကြောင်း ပြောပါတယ်။
 
တရုတ်သည် ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး စံနမူနာပြပုံစံဖြစ်ကြောင်း သူကဆက်လက်ပြောကြားပြီး ကမ္ဘာ့ဘဏ်သည် ကျန်းမာရေးစောင့်ရှောက်မှု၊ အစိမ်းရောင်အသွင်ကူးပြောင်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် တိုးတက်မှုအတွက် အကျိုးဆောင်ရန် စိတ်အားထက်သန်ကြောင်း သူကပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG