【 နိုင်ငံတကာ 】 ဗိုလျင်နှင့် လဗီးလ်ဒေသတွင် ရုရှားတိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးကာ အဆောက်အဦ ၁၀၀ ကျော် ပျက်စီး

【 နိုင်ငံတကာ 】 ဗိုလျင်နှင့် လဗီးလ်ဒေသတွင် ရုရှားတိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးကာ အဆောက်အဦ ၁၀၀ ကျော် ပျက်စီး

ကိယက်ဗ်၊ သြဂုတ် - ၁၅

ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်း ဗိုလျင် (Volyn) ဒေသမှာ ရုရှားဒုံးကျည် တိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် အများအပြားဒဏ်ရာရခဲ့ပြီး အချို့မှာ လုခ် (Lutsk) မြို့ရှိ ဆေးရုံတွင်ရှိနေခဲ့ကြောင်း ယူရီပိုဂူလိုင်အီကိုက ပြောကြားခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အနောက်ပိုင်း လဗီးလ် (Lviv) ဒေသရှိ အဆောက်အဦများ ပျက်စီးခဲ့သော်လည်း လူသေဆုံးမှုမရှိခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ရုရှားက တစ်ညတည်း ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂၈ လုံးထဲက ၁၆ လုံးကို ယူကရိန်းလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားတိုက်ခိုက်မှုကြောင့် ဗိုလျင်နှင့် လဗီးလ်ဒေသတွင် နှစ်နာရီကြာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံများ ထွက်ပေါ်လာခဲ့ပါတယ်။

လုခ်တွင် စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်များ ထိခိုက်ခံရပုံရပြီး ပျက်စီးမှုအများစုမှာ ကြားဖြတ်ပစ်ချသည့် ဒုံးကျည်များမှ အပျက်အစီးများ ပြုတ်ကျခြင်းကြောင့်ဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

လဗီးလ်တွင် တိုက်ခိုက်မှုများကြောင့် အဆောက်အဦ ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း လဗီးလ် (Lviv) မြို့တော်ဝန် အန်ဒရီဆက်ဒ်ဒိုဗွိုင်းက ပြောကြားခဲ့ပါတယ်။လူလေးဦးဒဏ်ရာရရှိသော်လည်း အသက်အန္တရာယ်မရှိကြောင်း ၎င်းကဆက်လက်ပြောခဲ့ပါတယ်။

အနောက်ဘက်ရှိ နေတိုးအဖွဲ့ဝင် ပိုလန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူကရိန်းအနောက်ပိုင်းမှာ နိုင်ငံ၏ အရှေ့ဘက်နှင့် တောင်ပိုင်းဒေသများထက် ရုရှားတိုက်ခိုက်မှုကိုခံရခြင်း နည်းပါးပါတယ်။

သို့သော် ဇူလိုင်လတွင် လဗီးလ်မြို့ရှိ တိုက်ခန်းတွဲတစ်ခုကို ရုရှားဒုံးကျည် ထိမှန်ပြီးနောက် လူ ၁၀ ဦးသေဆုံးကာ  အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ယူကရိန်းရဲ့ တခြားနေရာတွေမှာလည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်က လှုပ်လှုပ်ခတ်ခတ်ဖြစ်နေပါတယ်။ဇာပိုဇရီဇာဟီးယားဒေသရှိ မြို့တစ်မြို့ကို ရုရှားဒုံးကျည်များ ထိမှန်သဖြင့် တနင်္လာနေ့တွင် လူနှစ်ဦးသေဆုံးခဲ့ပါတယ်။

ထိုနေ့တွင်ပင် တောင်ပိုင်းဆိပ်ကမ်းမြို့ အိုဒက်ဆာရှိ သားဖွားခန်းအပါအဝင် အဆောက်အဦ ၂၀၃ ခုထက်မနည်း ဒရုန်းနှင့် ဒုံးပျံများ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသော်လည်း လူတစ်ဦးမျှ သေဆုံးခြင်းမရှိပေ။

တနင်္ဂနွေနေ့က ရုရှားရဲ့ ကျည်ဆန်တွေကြောင့် ယူကရိန်းတောင်ပိုင်းမှာ လူခုနစ်ဦးသေဆုံးခဲ့ပါတယ်။ခါဆန်ရှိ Shyroka Balka ရွာရှိ မိသားစုအိမ်တစ်အိမ်သို့ ဗုံးများထိမှန်ပေါက်ကွဲခဲ့ရာ  ၂၂ ရက်သာရှိသေးသော မွေးခါစ ကလေးငယ်တစ်ဦးနှင့် သူမ၏မိသားစုတို့ သေဆုံးမှုထဲ ပါဝင်ခဲ့ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အီဂေါကလစ်မြန်ကိုက ပြောပါတယ်။

Linko
Ref - BBC