【 နိုင်ငံတကာ 】 ရုရှားအတိုက်အခံ အလက်ဇီနာလ်ဗာနီ၏ လက်ထောက်ဖြစ်သူကို ‘အစွန်းရောက်ဝါဒ’ စွဲချက်နဲ့ ထောင် ၉ နှစ်ချ

【 နိုင်ငံတကာ 】 ရုရှားအတိုက်အခံ အလက်ဇီနာလ်ဗာနီ၏ လက်ထောက်ဖြစ်သူကို ‘အစွန်းရောက်ဝါဒ’ စွဲချက်နဲ့ ထောင် ၉ နှစ်ချ

မော်စကို၊ သြဂုတ် - ၅

ကရင်မလင်ဝေဖန်ရေးသမား အလက်ဇီနာလ်ဗာနီ၏ မဟာမိတ်တစ်ဦးကို ရုရှားအာဏာပိုင်များက “အစွန်းရောက်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်သည်” ဟူသော စွဲချက်ဖြင့် တနင်္လာနေ့တွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ကြောင်း နာလ်ဗာနီ၏အဖွဲ့က တယ်လီဂရမ်တွင် ထုတ်ပြန်ခဲ့ပါတယ်။

ဗာဒီမြန်အိုစတန်နီသည် ဆိုက်ဘေးရီးယန်းမြို့၊ ဘရက်ငိုလ်ရှိ နာလ်ဗာနီ၏ ရုံးအကြီးအကဲဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထိန်းသိမ်းခံခဲ့ရပါတယ်။

၎င်းကို “နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်သည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုနှင့်ပတ်သက်မှု” ဖြင့် စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

အိုစတန်နီ၏ ပြစ်ဒဏ်ချမှတ်မှုသည် ရုရှားရှိ နိုင်ငံရေးအတိုက်အခံများအပေါ် အာဏာပိုင်များ၏ ပိုမိုကျယ်ပြန့်စွာ နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။အတိုက်အခံများအပေါ် နှိမ်နှင်းမှုမှာ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်လာပြီးနောက် ပိုမိုပြင်းထန်လာခဲ့ပါတယ်။

နာလ်ဗာနီသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြတ်ပြတ်သားသား ဝေဖန်သူဖြစ်ပါတယ်။ကရင်မလင်နန်းတော်လက်ချက်အဖြစ် စွပ်စွဲခဲ့တဲ့ အာရုံကြောအဆိပ်သင့်မှုကနေ ပြန်လည်ကောင်းမွန်လာပြီး ဂျာမနီနိုင်ငံကနေ ရုရှားနိုင်ငံကို ပြန်လာပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဖမ်းဆီးခံခဲ့ရပါတယ်။

ရုရှားအာဏာပိုင်များသည် ပူတင်၏ နိုင်ငံရေးအတိုက်အခံများကို နှိမ်နင်းခဲ့ပါတယ်။

ရုရှားအာဏာပိုင်များမှာ ပူတင်ကို ဝေဖန်သည့် နိုင်ငံရေးသမားများနောက်သို့ ဆက်လက်တိုက်ခိုက် လုပ်ဆောင်နေသောကြောင့် နာလ်ဗာနီ၏ နိုင်ငံရေးမဟာမိတ်အများအပြားမှာ ပြည်နှင်ဒဏ်ခံရခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။မော်စကိုသည် နာလ်ဗာနီ၏ နိုင်ငံရေးအဖွဲ့အစည်းများကို ၂၀၂၁ ခုနှစ်တွင် ပိတ်ပင်ခဲ့ပါတယ်။

Linko
Ref - DW