【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် နယ်သာလန် ဝန်ကြီးချုပ် Rutte နှင့် တွေ့ဆုံနှုတ်ဆက်

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် နယ်သာလန် ဝန်ကြီးချုပ် Rutte နှင့် တွေ့ဆုံနှုတ်ဆက်

ပေကျင်း၊ မတ် - ၂၈

ယခုလ ၂၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတော် သမ္မတ  ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ အလုပ်သဘောဖြင့် ရောက်ရှိနေသော နယ်သာလန် ဝန်ကြီးချုပ် Mark Rutte နှင့် ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖျင်က မကြာသေးမီနှစ်များအတွင်း တရုတ်-နယ်သာလန် ဆက်ဆံရေးသည် ခြေလှမ်းမှန်မှန်ဖြင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်နက်ရှိုင်းလာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နယ်သာလန်နိုင်ငံနှင့် အဆင့်တိုင်းတွင် ဖလှယ်မှုများ ဆက်လက်ထိန်းသိမ်းထားရန်၊ ဆက်သွယ်မှုနှင့် ဆွေးနွေးမှုများကို ပြုလုပ်ရန်၊ အပြန်အလှန်အကျိုး ရှိစေရေးကို စွဲကိုင်ရန်၊ တရုတ်နှင့် နယ်သာလန်တို့အကြား ပွင့်လင်းမှုရှိပြီး လက်တွေ့ကျသော ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

Rutte က နယ်သာလန်သည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို မြတ်နိုးပြီး တရုတ်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေရန်၊ ဝန်ထမ်းများ ဖလှယ်မှုကို အဆင်ပြေလွယ်ကူချောမွေ့စေရန်၊ စီးပွားကုန်သွယ်မှု အားဖြည့်ပြုလုပ်ရန်၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ G20 ကဲ့သို့သော ဘက်ပေါင်းစုံ ယန္တရားများနှင့် နိုင်ငံတကာနှင့် ဒေသတွင်း ဟော့စပေါ့ကိစ္စရပ်များတွင် ဆက်သွယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ရင်းနှီးစွာပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။