【 နိုင်ငံတကာ 】 လေကြောင်းရန်ကာကွယ်ရေး လက်နက်ခဲယမ်းများအပါအဝင် ဒေါ်လာ သန်း ၂၀၀ ဖိုးရှိ အမေရိကန်လုံခြုံရေးအကူအညီ ယူကရိန်း ရရှိမည်

【 နိုင်ငံတကာ 】 လေကြောင်းရန်ကာကွယ်ရေး လက်နက်ခဲယမ်းများအပါအဝင် ဒေါ်လာ သန်း ၂၀၀ ဖိုးရှိ အမေရိကန်လုံခြုံရေးအကူအညီ ယူကရိန်း ရရှိမည်

ဝါရှင်တန်၊ သြဂုတ် - ၁၅

လေကြောင်းရန်ကာကွယ်ရေး ခဲယမ်းများ၊ အမြောက်ကျည်များနှင့် နောက်ထပ် မိုင်းရှင်းလင်းရေးကိရိယာများအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် လုံခြုံရေးအကူအညီအသစ်များ ယူကရိန်းသို့ ပေးပို့မည်ဟု အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။

အဆိုပါအကူအညီတွင် သံချပ်ကာ ဖျက်ဆီးနိုင်သည့် စွမ်းဆောင်ရည်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ယူကရိန်းသို့ပေးတဲ့ အကူအညီထဲက ပင်တဂွန်စစ်ဌာနချုပ်ရဲ့ စာရင်းအင်းအမှားတစ်ခုကြောင့် ပြန်လည်ရှာဖွေတွေ့ရှိထားတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံကို ဝါရှင်တန်က စတင်သုံးစွဲတော့မယ်လို့ အမေရိကန်အရာရှိနှစ်ဦးက ပြီးခဲ့တဲ့ တနင်္လာနေ့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မေလတွင်၊ ပင်တဂွန်မှ ဝန်ထမ်းများသည် ဘီလျံနှင့်ချီသော ခဲယမ်းမီးကျောက်များ တန်ဖိုးကို ဒုံးကျည်များနှင့် အခြားပစ္စည်းများကို ယူကရိန်းသို့ ပေးပို့ခဲ့ရာတွင် တွက်ချက်ရာ၌ “ တန်ဖိုးလျော့ တန်ဖိုး” ဖြင့် တွက်ရမည့်အစား “အစားထိုးတန်ဖိုး” ဖြင့် တွက်ခဲ့ရာ အသုံးပြုသောအခါတွင် အာမခံထားသည့် တန်ဖိုးထက် မြင့်မားသောတန်ဖိုးကို မှားယွင်းသတ်မှတ်ပေးခဲ့မိကြောင်း ပင်တဂွန်မှ ကြေညာခဲ့ပါတယ်။

ယူကရိန်းသည် ရုရှား၏ကျူးကျော်မှုကို တွန်းလှန်ရန်အတွက် ရက်အနည်းငယ် (သို့မဟုတ်) သီတင်းပတ်များအတွင်း အမေရိကန်စတိုလက်ကျန်များမှ တင်ပို့နိုင်သည့် လက်နက်များ လိုအပ်နေပါတယ်။

ထိုသို့ ငွေစာရင်းအမှားကြောင့် ကိယက်ဗ်အတွက် ပိုအကျိုးဖြစ်စေပြီး လက်နက်ပစ္စည်းပို ပို့နိုင်မည်ဖြစ်ပါတယ်။

တနင်္လာနေ့ ညနေခင်း မိန့်ခွန်းတွင် ဗိုလိုဒီမာ ဇီလင်စကီးက  “ဒီပက်ကေ့ခ်ျအသစ်အတွက် ဒီနေ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ချင်ပါတယ်။ပက်ထရီယော့၊ HIMARS ၊ အမြောက်များ၊ ဂျဗလင် (Javelins) နှင့် အခြားအရာများအတွက် ကျည်များအတွက်ပါ။ဒါတွေက အများကြီး လိုအပ်နေတယ်” ဟု ယူကရိန်းသမ္မတ ပြောကြားခဲ့ပါတယ်။

“ကာကွယ်ရေးအတွက် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မကြာမီမှာ နောက်ထပ်လုပ်ဆောင်စရာများရှိလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့တွင် အမေရိကန် ဒေါ်လာ သန်း ၂၀၀ ၏ ကြေညာချက်သည် ယခင်လုပ်ပိုင်ခွင့် ပေးထားသည့် သမ္မတလုပ်ပိုင်ခွင့် အာဏာဖြစ်သော ဒေါ်လာ ၆.၂ ဘီလီယံထဲ ပထမဆုံးအကျုံးဝင်မှုဖြစ်လာမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

Linko
Ref - Globalnews