ဂျပန်ကားဟောင်းများ စျေးနှုန်းမြင့်မားမှုနှင့် အပိုပစ္စည်းဝယ်ယူရန် အခက်အခဲတွေကြောင့် Brand new ကားအသစ်နှင့် ပြည်တွင်းထုတ် SKD ကားများကိုသာ ပိုမိုဝယ်ယူလာကြဟု ဆို
ဂျပန်ကားဟောင်းများ စျေးနှုန်းမြင့်မားမှုနှင့် အပိုပစ္စည်းဝယ်ယူရန် အခက်အခဲတွေကြောင့် Brand new ကားအသစ်နှင့် ပြည်တွင်းထုတ် SKD ကားများကိုသာ ပိုမိုဝယ်ယူလာကြဟု ဆို
ဂျပန်ကားဟောင်းများ စျေးနှုန်းမြင့်မားမှုနှင့် အပိုပစ္စည်းဝယ်ယူရန် အခက်အခဲတွေကြောင့် Brand new ကားအသစ်နှင့် ပြည်တွင်းထုတ် SKD ကားများကိုသာ ပိုမိုဝယ်ယူလာကြတယ်လို့ မြန်မာနိုင်ငံ ကားတင်သွင်းထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။
ပြည်တွင်းကားစျေးကွက်က ပြီးခဲ့တဲ့မိုးတွင်းကာလထက်စာရင် ယခုပွင့်လင်းရာသီမှာ အရောင်းအဝယ်က ပိုပြီးသွက်လာတဲ့ သဘောရှိတယ်လို့လည်း ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
“ဂျပန်ကားအဟောင်းစျေးက လက်ရှိအနေအထားမှာ စျေးမြင့်နေတာပေါ့နော်။စျေးမြင့်တော့ ပြည်တွင်းထုတ်တဲ့ SKD ကားစျေးနဲ့ဆိုရင် သိပ်မကွာတော့ဘူး။စျေးက သိပ်မကွာတော့ ဝယ်ယူသူတွေက ပြည်တွင်းထုတ်ကားဘက်ကို ပိုပြီးလှည့်လာကြတယ်ပေါ့လေ။ကားဟောင်းတွေက ပျက်ဆီးတာများတယ်။ပြင်ဆင်စရိတ်များတယ်၊ အပိုပစ္စည်းဝယ်ရတာခက်တယ်။အဲ့ဒါကြောင့်မို့ ယခုလက်ရှိစျေးကွက်က ကားအသစ်ရောင်းရတာက ပိုပြီးတော့များတဲ့ အနေအထားရှိပါတယ်။နောက် Brand new ကားတွေကို ပိုပြီးစိတ်ဝင်စားတာ ဝယ်လာကြတာ တွေ့ရပါတယ်။နောက်တစ်ချက်က လက်ရှိ ကျနော်တို့က ဝင်ငွေခွန်ကို မပြနိုင်တဲ့သူတွေကို ဒီအောက်တိုဘာ ၁ ရက်နေ့ကစပြီး ၃ ရာခိုင်နှုန်း သတ်မှတ်ပေးခဲ့တဲ့အတွက် ကားအရောင်းအဝယ် ပြန်ပြီးသွက်လာတယ်။ရာသီကလည်း ပွင့်လင်းရာသီဖြစ်တယ်။ပြောရရင် ဒီရာသီက ပွင့်လင်းရာသီဆိုတော့ မိုးတွင်းကာလထက်စာရင် ကားအရောင်းအဝယ်က ပိုပြီးတော့သွက်ပါတယ်။” လို့ ဒေါက်တာစိုးထွန်း က Opinion Leaders Media သို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယနေ့အထိ ရန်ကုန်လိုင်စင်ပိတ်ထားမှုနှင့် ပတ်သက်၍ ဒေါက်တာစိုးထွန်း က ၎င်းရဲ့အမြင်ကိုလည်း ယခုလိုပြောပြခဲ့ပါသေးတယ်။
“ရန်ကုန်လိုင်စင် ပိတ်ထားတာကတော့ ဘယ်တိုင်းပြည်မှာမှ မရှိဘူးလေ၊ တင်းကြပ်တတာက စင်ကာပူနိုင်ငံပါ သူတို့ကတော့ COE နဲ့ သတ်မှတ်ပြီးပေးတာပေါ့၊ ကားအစီးရေ ဘယ်လောက်ရှိသင့်သလဲဆိုတာကို ပေးပြီးတော့ COE နဲ့ လေလံဆွဲပြီး ဝယ်တာပေါ့ COE က စျေးကြီးတယ်ပေါ့။သူတို့နိုင်ငံမှာ အဲ့လိုပဲလုပ်တာပေါ့။ကျနော်တို့ဆီကတော့ လက်ရှိမှာ ရန်ကုန်လိုင်စင် ပိတ်ထားတာပေါ့နော်၊ အဲ့ဒါကတော့ လက်ရှိအနေအထားအရ ဒီလို ရန်ကုန်လိုင်စင်ပိတ်ထာမျိုးက ဘယ်နိုင်ငံမှာမှ မရှိသေးပါဘူး၊ ထူးခြားတဲ့အနေအထား ဖြစ်ပါတယ်။” လို့ ဒေါက်တာစိုးထွန်း က ထပ်လောင်းပြောပြခဲ့ပါတယ်။
ပြေသိမ်း၊ ဇွဲမာန်
ရန်ကုန်၊ အောက်တိုဘာ - ၂၆
( Zawgyi )
ဂျပန်ကားဟောင်းများ ဈေးနှုန်းမြင့်မားမှုနှင့် အပိုပစ္စည်းဝယ်ယူရန် အခက်အခဲတွေကြောင့် Brand new ကားအသစ်နှင့် ပြည်တွင်းထုတ် SKD ကားများကိုသာ ပိုမိုဝယ်ယူလာကြတယ်လို့ မြန်မာနိုင်ငံ ကားတင်သွင်းထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။
ပြည်တွင်းကားဈေးကွက်က ပြီးခဲ့တဲ့မိုးတွင်းကာလထက်စာရင် ယခုပွင့်လင်းရာသီမှာ အရောင်းအဝယ်က ပိုပြီးသွက်လာတဲ့ သဘောရှိတယ်လို့လည်း ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ပြေသိမ်း၊ ဇွဲမာန်
ရန်ကုန်၊ အောက်တိုဘာ - ၂၆