ထုတ်ဖော်သတင်းပေးနိုင်သူများကို အကာအကွယ်ပေးပြီး ထိရောက်တဲ့ဆုချီးမြှင့် အသိအမှတ်ပြုမှုများ လုပ်နိုင်ဖို့လိုအပ်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဆို

ထုတ်ဖော်သတင်းပေးနိုင်သူများကို အကာအကွယ်ပေးပြီး ထိရောက်တဲ့ဆုချီးမြှင့် အသိအမှတ်ပြုမှုများ လုပ်နိုင်ဖို့လိုအပ်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဆို

တိကျသောသတင်းအချက်များဖြင့် ထုတ်ဖော် သတင်း ပေးနိုင်သူများ ကိုတစ်ဖက်မှလုံလောက်သော အကာအကွယ်များပေးပြီး တစ်ခြား တစ်ဖက်မှလည်းထိရောက်တဲ့ဆုချီးမြင့်မှုများ ဖြင့်အားပေးအသိ အမှတ်ပြု မှုများ လုပ်နိုင်ဖို့လို့ ယနေ့နံနက်ပိုင်းက နေပြည်တော်Grand Amara ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် အများ ပြည်သူ အကျိုးထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေမူကြမ်း အလုပ်ရုံဆွေးနွေးပွဲကို တွင် အဂတိလိုက် စားမှုတိုက်ဖျက် ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။

“ အဂတိလိုက်စားမှုပုံစံအမျိုးမျိုးကိုစဉ်ဆက်မပြတ်လျော့ချရန်ဆိုရာတွင်အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေတစ်ခုတည်းနဲ့မလုံလောက်ဘဲ တိကျသောသတင်းအချက်များဖြင့် ထုတ်ဖော် သတင်း ပေးနိုင်သူများ ကိုတစ်ဖက်မှ လုံလောက်သော အကာအကွယ်များပေးပြီး တစ်ခြား တစ်ဖက်မှလည်းထိရောက်တဲ့ ဆုချီးမြင့်မှုများဖြင့် အားပေး အသိအမှတ်ပြုမှု များလုပ်နိုင်ဖို့ လိုပါတယ်။ သို့မှသာ အလုပ်ဌာနများ အတွင်း အကျင့်ဖောက်ပြန်နေ သူများကိုဖြောင့်မတ်တည်ကြည်သူက ရင်ဆိုင်နိုင်စွမ်းရှိလာကြမှာဖြစ်ပါတယ်။ မီးများမီးနိုင်၊ရေများရေနိုင်ဆို သလို ဖြောင့်မတ်တည်ကြည်မှုကအကျင့်ဖောက်ပြန်မှုအပေါ်အနိုင်ရအောင် လုပ်နိုင်မှသာကောင်း မွန်သော အုပ်ချုပ်ရေးစနစ်နှင့် အဆင့်တိုင်းတွင် ထိရောက်သော၊တာဝန်ယူမှုရှိသော၊အားလုံးပါဝင်နိုင်သော အင်စတီကျူး ရှင်များကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမလုပ်နိုင်ရင်တော့ကောင်းမွန်သော အုပ်ချုပ်ရေးဆိုတာ စိတ်ကူးယဉ်သက်သက်သာဖြစ်နေပါလိမ့်မယ် ”လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်မှ ပြောကြားခဲ့ပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်မှ အများပြည်သူ အကျိုးထုတ်ဖော် သ တင်းပေးသူများအားအကာအကွယ်ပေးရေးဥပဒေမူကြမ်းနှင့်ပတ်သက်၍ကော်မရှင်ရဲ့ ၂၀၁၈ခုနှစ်မေလက ရေးဆွဲခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံ ချက်(၂၀၁၈-၂၀၂၁)လုပ်ငန်းစဉ်(၁.၄) တိုင်ကြား သူနှင့် သတင်းပေး သူများ အား အကာအကွယ်ပေးရန် စီမံဆောင်ရွက်ခြင်း ဆိုင်ခေါင်စဉ်အောက် ပန်းတိုင် (၁.၄.၁) တွင် ထုတ်ဖော်သတင်းပေးသူများအားအကာအကွယ် ပေးရေးနှင့်သက်ဆိုင်သော ဥပဒေမူဘောင်ဖွံ့ဖြိုး တိုး တက်ရန်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖော်ပြ ထားပြီးဆောင်ရွက် ပြီးစီးရန်
မျှော်မှန်းထားသော အချိန် ကာလမှာ၂၀၁၉/၂၀၂၀ ဟုသတ်မှတ်ထားပါကြောင်း ပြောကြားခဲ့ပါတယ်။

ယင်းအပြင်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်မှ အပြည်ပြည် ဆိုင်ရာ ကတိကဝတ်များ အပေါ်လေးစားလိုက်နာမှု ရှိသည့်အနေနှင့်ရော၊ မြန်မာနိုင်ငံ၏ရေရှည်ဖွံဖြိုးတိုးတက်မှုစီမံကိန်း အောင်မြင်ရေး အတွက် လိုအပ်ချက် တစ်ရပ်ကိုဖြည့်ဆည်းပေး သည့်အနေနှင့် ပါ ထုတ်ဖော်သတင်းပေးသူများ အကာ အကွယ်ပေးရေးဥပဒေတစ်ရပ်လိုအပ်ကြောင်း၊သို့ရာတွင်ယင်း ဥပဒေဟာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကိစ္စတစ်ခုတည်းနှင့်ပတ်သက်နေသည်မဟုတ်ဘဲ၊အစိုးရဌာနများ၊အများပြည်သူဆိုင်ရာအဖွဲ့ အစည်း များနှင့်သာ ပတ်သက်နေတာလည်းမဟုတ်ပါဘဲ၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်ရှိအစိုးရများ၊အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် အလုပ်ဌာန အားလုံးတွင်ထုတ်ဖော်သတင်းပေးသူများဟာ ငွေကြေခဝါချမှု၊မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ အစားအစာနှင့်ဆေးဝါး အတုပြုလုပ်မှု၊ သိပ္ပံနည်းပညာဆိုင်ရာ လိမ်လည်မှုများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးမှု၊ငွေညှစ်မှု၊ အထက်အောက် အနိုင်ကျင့်မှု၊ ဆရာမွေး တပည့်မွေးမှုစသည့်ကိစ္စများအပါအဝင်ကိုဖော်ထုတ်တိုက်ဖျက်ရာတွင်လည်း ဒီဥပဒေဟာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊မေ-၁၇။

(   Zawgyi    )

 တိက်ေသာသတင္းအခ်က္မ်ားျဖင့္ ထုတ္ေဖာ္ သတင္း ေပးႏိုင္သူမ်ား ကိုတစ္ဖက္မွလုံေလာက္ေသာ အကာအကြယ္မ်ားေပးၿပီး တစ္ျခား တစ္ဖက္မွလည္းထိေရာက္တဲ့ဆုခ်ီးျမင့္မႈမ်ား ျဖင့္အားေပးအသိ အမွတ္ျပဳ မႈမ်ား လုပ္ႏိုင္ဖို႔လို႔ ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္Grand Amara ဟိုတယ္တြင္ က်င္းပျပဳလုပ္သည့္ အမ်ား ျပည္သူ အက်ိဳးထုတ္ေဖာ္သတင္းေပးသူမ်ားအား အကာအကြယ္ေပးေရး ဥပေဒမူၾကမ္း အလုပ္႐ုံေဆြးေႏြးပြဲကို တြင္ အဂတိလိုက္ စားမႈတိုက္ဖ်က္ ေရး ေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္က ေျပာၾကားခဲ့ပါတယ္။

“ အဂတိလိုက္စားမႈပုံစံအမ်ိဳးမ်ိဳးကိုစဥ္ဆက္မျပတ္ေလ်ာ့ခ်ရန္ဆိုရာတြင္အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးဥပေဒတစ္ခုတည္းနဲ႔မလုံေလာက္ဘဲ တိက်ေသာသတင္းအခ်က္မ်ားျဖင့္ ထုတ္ေဖာ္ သတင္း ေပးႏိုင္သူမ်ား ကိုတစ္ဖက္မွ လုံေလာက္ေသာ အကာအကြယ္မ်ားေပးၿပီး တစ္ျခား တစ္ဖက္မွလည္းထိေရာက္တဲ့ ဆုခ်ီးျမင့္မႈမ်ားျဖင့္ အားေပး အသိအမွတ္ျပဳမႈ မ်ားလုပ္ႏိုင္ဖို႔ လိုပါတယ္။ သို႔မွသာ အလုပ္ဌာနမ်ား အတြင္း အက်င့္ေဖာက္ျပန္ေန သူမ်ားကိုေျဖာင့္မတ္တည္ၾကည္သူက ရင္ဆိုင္ႏိုင္စြမ္းရွိလာၾကမွာျဖစ္ပါတယ္။ မီးမ်ားမီးႏိုင္၊ေရမ်ားေရႏိုင္ဆို သလို ေျဖာင့္မတ္တည္ၾကည္မႈကအက်င့္ေဖာက္ျပန္မႈအေပၚအႏိုင္ရေအာင္ လုပ္ႏိုင္မွသာေကာင္း မြန္ေသာ အုပ္ခ်ဳပ္ေရးစနစ္ႏွင့္ အဆင့္တိုင္းတြင္ ထိေရာက္ေသာ၊တာဝန္ယူမႈရွိေသာ၊အားလုံးပါဝင္ႏိုင္ေသာ အင္စတီက်ဴး ရွင္မ်ားကိုတည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

ဒီလိုမလုပ္ႏိုင္ရင္ေတာ့ေကာင္းမြန္ေသာ အုပ္ခ်ဳပ္ေရးဆိုတာ စိတ္ကူးယဥ္သက္သက္သာျဖစ္ေနပါလိမ့္မယ္ ”လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္မွ ေျပာၾကားခဲ့ပါတယ္။ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ဦးေအာင္ၾကည္မွ အမ်ားျပည္သူ အက်ိဳးထုတ္ေဖာ္ သ တင္းေပးသူမ်ားအားအကာအကြယ္ေပးေရးဥပေဒမူၾကမ္းႏွင့္ပတ္သက္၍ေကာ္မရွင္ရဲ႕ ၂၀၁၈ခုႏွစ္ေမလက ေရးဆြဲခဲ့တဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးမဟာဗ်ဴဟာစီမံ ခ်က္(၂၀၁၈-၂၀၂၁)လုပ္ငန္းစဥ္(၁.၄) တိုင္ၾကား သူႏွင့္ သတင္းေပး သူမ်ား အား အကာအကြယ္ေပးရန္ စီမံေဆာင္႐ြက္ျခင္း ဆိုင္ေခါင္စဥ္ေအာက္ ပန္းတိုင္ (၁.၄.၁) တြင္ ထုတ္ေဖာ္သတင္းေပးသူမ်ားအားအကာအကြယ္ ေပးေရးႏွင့္သက္ဆိုင္ေသာ ဥပေဒမူေဘာင္ဖြံ႕ၿဖိဳး တိုး တက္ရန္အစီအမံမ်ား ခ်မွတ္ေဆာင္႐ြက္ျခင္းေဖာ္ျပ ထားၿပီးေဆာင္႐ြက္ ၿပီးစီးရန္
ေမွ်ာ္မွန္းထားေသာ အခ်ိန္ ကာလမွာ၂၀၁၉/၂၀၂၀ ဟုသတ္မွတ္ထားပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ဦးေအာင္ၾကည္မွ အျပည္ျပည္ ဆိုင္ရာ ကတိကဝတ္မ်ား အေပၚေလးစားလိုက္နာမႈ ရွိသည့္အေနႏွင့္ေရာ၊ ျမန္မာႏိုင္ငံ၏ေရရွည္ဖြံၿဖိဳးတိုးတက္မႈစီမံကိန္း ေအာင္ျမင္ေရး အတြက္ လိုအပ္ခ်က္ တစ္ရပ္ကိုျဖည့္ဆည္းေပး သည့္အေနႏွင့္ ပါ ထုတ္ေဖာ္သတင္းေပးသူမ်ား အကာ အကြယ္ေပးေရးဥပေဒတစ္ရပ္လိုအပ္ေၾကာင္း၊သို႔ရာတြင္ယင္း ဥပေဒဟာ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ကိစၥတစ္ခုတည္းႏွင့္ပတ္သက္ေနသည္မဟုတ္ဘဲ၊အစိုးရဌာနမ်ား၊အမ်ားျပည္သူဆိုင္ရာအဖြဲ႕ အစည္း မ်ားႏွင့္သာ ပတ္သက္ေနတာလည္းမဟုတ္ပါဘဲ၊ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးစနစ္ေအာက္ရွိအစိုးရမ်ား၊အမ်ားပိုင္ သို႔မဟုတ္ ပုဂၢလိကပိုင္ အလုပ္ဌာန အားလုံးတြင္ထုတ္ေဖာ္သတင္းေပးသူမ်ားဟာ ေငြေၾကခဝါခ်မႈ၊မူးယစ္ေဆးဝါး ကုန္သြယ္မႈ၊ လူကုန္ကူးမႈ၊ အစားအစာႏွင့္ေဆးဝါး အတုျပဳလုပ္မႈ၊ သိပၸံနည္းပညာဆိုင္ရာ လိမ္လည္မႈမ်ား၊ လုပ္ငန္းခြင္ထိခိုက္ဒဏ္ရာရမႈ၊ လိင္ပိုင္းဆိုင္ရာအေႏွာင့္အယွက္ေပးမႈ၊ေငြညႇစ္မႈ၊ အထက္ေအာက္ အႏိုင္က်င့္မႈ၊ ဆရာေမြး တပည့္ေမြးမႈစသည့္ကိစၥမ်ားအပါအဝင္ကိုေဖာ္ထုတ္တိုက္ဖ်က္ရာတြင္လည္း ဒီဥပေဒဟာ အေရးႀကီးေသာ အခန္းက႑မွ ပါဝင္လာမွာျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ေမ-၁၇။