မြေအောက်ရေ အသုံးပြုနေရသည့် အမရပူရမြို့နယ် နေသူများအတွက် မန်းစည်ပင်က ရေသန့်ရေမီတာများ တပ်ဆင်ပေးသွားမည်

မြေအောက်ရေ အသုံးပြုနေရသည့် အမရပူရမြို့နယ် နေသူများအတွက် မန်းစည်ပင်က ရေသန့်ရေမီတာများ တပ်ဆင်ပေးသွားမည်

အမရပူရမြို့နယ်နေ ပြည်သူတွေ ရေကောင်းရေသန့် ရရှိရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ အထောက်အပံ့နဲ့ ရေမီတာ အလုံးရေနှစ်ထောင် ကနဦးတပ်ဆင်ပေးသွားတော့မှာ ဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဆီက သိရပါတယ်။

"အမရပူရမြို့နယ်နေ ပြည်သူတွေဟာ လက်ရှိမှာ မြေအောက်ရေကိုပဲ အဓိကသုံးနေရတယ်၊ ဒါကို ကျွန်မတို့နဲ့ AFD (ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ) နဲ့ ပူးပေါင်းပြီး ရေမီတာ တပ်ဆင်ပေးတော့မှာပါ၊ ဒီစနစ်က နိုင်ငံတကာနဲ့ အဆင့်မီ WHO ထောက်ခံချက်ပေးထားတဲ့ ရေကောင်းရေသန့်တွေကို ဖြန့်ဝေပေးတဲ့ ပရောဂျက်ပါ၊ အခု ဒီဇင်ဘာလကနေ စတင်အကောင်အထည်ဖော်နေပါပြီ" လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းရေး ဌာန၊ Project Management Office မှ Project Manager လက်ထောက်အင်ဂျင်နီယာ ဒေါ်အိအိဖြိုး က ပြောပါတယ်။

အမရပူရမြို့နယ်နေ ပြည်သူတွေ ရေကောင်းရေသန့် ရရှိရေးအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်ပေးလိုက်တာပဲဖြစ်ပြီး ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီက အဓိကထောက်ပံ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမရပူရမြို့နယ် တစ်ခုလုံးကိုတော့ ကာဗာမဖြစ်ဘူးပေါ့နော်၊ ရပ်ကွက် ၅ ခုကိုပဲ ကာဗာဖြစ်မှာပါ၊ ရေပေးဝေမယ့် ရပ်ကွက် ၅ ရပ်ကွက် ရှိပါတယ်၊ အဲဒီရပ်ကွက်တွေကို လတ်တလော ဆောင်ရွက်ပေးသွားမှာပါ၊ ဘုန်းကြီးကျောင်းတွေ ဌာနဆိုင်ရာ အဆောက်အဦးတွေ စာသင်ကျောင်းတွေကို အခမဲ့ဆောင်ရွက်ပေးသွားမှာပါလို့လည်း ၎င်းက ဆိုပါတယ်။

ရေမီတာ တပ်ဆင်လိုသူတွေဟာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာန၊ Project Management Office နဲ့ ဆက်သွယ်စုံစမ်းရမှာဖြစ်ပြီး အခွင့်အရေးကောင်း လိုချင်ရင်တော့ ဦးရာလူစနစ် ဖြစ်တယ်လို့လည်း အဲဒီဌာနက ကြေညာထားပါတယ်။

အလုံးနှစ်ထောင်အထိက AFD က တစ်သိန်းနှစ်သောင်း ထောက်ပံ့ပေးမယ်၊ ပြည်သူက ရှစ်သောင်းပဲ ပေးရမှာ၊ ဒါအခွင့်အရေးကောင်းပါ၊ စောစောလာတဲ့လူက အခွင့်အရေးစောစောရမယ်၊ အလုံးနှစ်ထောင် နောက်ပိုင်းမှာတော့ သတ်မှတ်ငွေကြေးအတိုင်း ပေးရမှာပါ၊ ရေမီတာ တပ်ဆင်ခက နှစ်သိန်းပါလို့ ၎င်းက ပြောပါတယ်။

ဒီ Project မှာ မြေအောက်ရေကိုယူပြီး ပိုးသတ်ကာ ရေအရည်အသွေး စောင့်ကြည့်ပြီးတော့မှ WHO Standard နဲ့ ကိုက်ညီတဲ့ ရေကို ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စီမံကိန်းကာလကို အခု ဒီဇင်ဘာလကနေ နောက်နှစ် စက်တင်ဘာလအထိ သတ်မှတ်ထားပြီး ရေမီတာ တပ်ဆင်လိုသူတွေကိုတော့ ဖေဖော်ဝါရီလ ဒါမှမဟုတ် မတ်လလောက်မှာ စတင်လက်ခံပေးသွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၁၉

( Zawgyi )

အမရပူရၿမိဳ႕နယ္ေန ျပည္သူေတြ ေရေကာင္းေရသန႔္ ရရွိေရးအတြက္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ျပင္သစ္ဖြံ႕ၿဖိဳးေရးေအဂ်င္စီရဲ႕ အေထာက္အပံ့နဲ႔ ေရမီတာ အလုံးေရႏွစ္ေထာင္ ကနဦးတပ္ဆင္ေပးသြားေတာ့မွာ ျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီဆီက သိရပါတယ္။

"အမရပူရၿမိဳ႕နယ္ေန ျပည္သူေတြဟာ လက္ရွိမွာ ေျမေအာက္ေရကိုပဲ အဓိကသုံးေနရတယ္၊ ဒါကို ကြၽန္မတို႔နဲ႔ AFD (ျပင္သစ္ဖြံ႕ၿဖိဳးေရးေအဂ်င္စီ) နဲ႔ ပူးေပါင္းၿပီး ေရမီတာ တပ္ဆင္ေပးေတာ့မွာပါ၊ ဒီစနစ္က ႏိုင္ငံတကာနဲ႔ အဆင့္မီ WHO ေထာက္ခံခ်က္ေပးထားတဲ့ ေရေကာင္းေရသန႔္ေတြကို ျဖန႔္ေဝေပးတဲ့ ပေရာဂ်က္ပါ၊ အခု ဒီဇင္ဘာလကေန စတင္အေကာင္အထည္ေဖာ္ေနပါၿပီ" လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ေရႏွင့္ သန႔္ရွင္းေရး ဌာန၊ Project Management Office မွ Project Manager လက္ေထာက္အင္ဂ်င္နီယာ ေဒၚအိအိၿဖိဳး က ေျပာပါတယ္။

အမရပူရၿမိဳ႕နယ္ေန ျပည္သူေတြ ေရေကာင္းေရသန႔္ ရရွိေရးအတြက္ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက စီစဥ္ေပးလိုက္တာပဲျဖစ္ၿပီး ျပင္သစ္ဖြံ႕ၿဖိဳးေရးေအဂ်င္စီက အဓိကေထာက္ပံ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အမရပူရၿမိဳ႕နယ္ တစ္ခုလုံးကိုေတာ့ ကာဗာမျဖစ္ဘူးေပါ့ေနာ္၊ ရပ္ကြက္ ၅ ခုကိုပဲ ကာဗာျဖစ္မွာပါ၊ ေရေပးေဝမယ့္ ရပ္ကြက္ ၅ ရပ္ကြက္ ရွိပါတယ္၊ အဲဒီရပ္ကြက္ေတြကို လတ္တေလာ ေဆာင္႐ြက္ေပးသြားမွာပါ၊ ဘုန္းႀကီးေက်ာင္းေတြ ဌာနဆိုင္ရာ အေဆာက္အဦးေတြ စာသင္ေက်ာင္းေတြကို အခမဲ့ေဆာင္႐ြက္ေပးသြားမွာပါလို႔လည္း ၎က ဆိုပါတယ္။

ေရမီတာ တပ္ဆင္လိုသူေတြဟာ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ေရႏွင့္ သန႔္ရွင္းေရး ဌာန၊ Project Management Office နဲ႔ ဆက္သြယ္စုံစမ္းရမွာျဖစ္ၿပီး အခြင့္အေရးေကာင္း လိုခ်င္ရင္ေတာ့ ဦးရာလူစနစ္ ျဖစ္တယ္လို႔လည္း အဲဒီဌာနက ေၾကညာထားပါတယ္။

အလုံးႏွစ္ေထာင္အထိက AFD က တစ္သိန္းႏွစ္ေသာင္း ေထာက္ပံ့ေပးမယ္၊ ျပည္သူက ရွစ္ေသာင္းပဲ ေပးရမွာ၊ ဒါအခြင့္အေရးေကာင္းပါ၊ ေစာေစာလာတဲ့လူက အခြင့္အေရးေစာေစာရမယ္၊ အလုံးႏွစ္ေထာင္ ေနာက္ပိုင္းမွာေတာ့ သတ္မွတ္ေငြေၾကးအတိုင္း ေပးရမွာပါ၊ ေရမီတာ တပ္ဆင္ခက ႏွစ္သိန္းပါလို႔ ၎က ေျပာပါတယ္။

ဒီ Project မွာ ေျမေအာက္ေရကိုယူၿပီး ပိုးသတ္ကာ ေရအရည္အေသြး ေစာင့္ၾကည့္ၿပီးေတာ့မွ WHO Standard နဲ႔ ကိုက္ညီတဲ့ ေရကို ျဖန႔္ေဝေပးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

စီမံကိန္းကာလကို အခု ဒီဇင္ဘာလကေန ေနာက္ႏွစ္ စက္တင္ဘာလအထိ သတ္မွတ္ထားၿပီး ေရမီတာ တပ္ဆင္လိုသူေတြကိုေတာ့ ေဖေဖာ္ဝါရီလ ဒါမွမဟုတ္ မတ္လေလာက္မွာ စတင္လက္ခံေပးသြားမွာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၁၉