ရန်ကုန်-ရေး-ထားဝယ်-မြိတ် လမ်းပိုင်းရှိ မလွဲတောင်ပြိုမြေများအား ရှင်းလင်းဖယ်ရှားပြီးဖြစ် ကားငယ်များ သွားလာနိုင်ရေး ဆက်လက်လုပ်ဆောင်နေဟု ဆို

ရန်ကုန်-ရေး-ထားဝယ်-မြိတ် လမ်းပိုင်းရှိ မလွဲတောင်ပြိုမြေများအား ရှင်းလင်းဖယ်ရှားပြီးဖြစ် ကားငယ်များ သွားလာနိုင်ရေး ဆက်လက်လုပ်ဆောင်နေဟု ဆို

ရန်ကုန်-ရေး-ထားဝယ်-မြိတ် လမ်းပိုင်းရှိ မလွဲတောင်ပြိုမြေများအား ရှင်းလင်းဖယ်ရှားပြီးဖြစ်ပြီး ကားငယ်များ ဖြတ်သန်းသွားလာနိုင်ရေး ဘေလီတံတားထိုးခြင်း လုပ်ငန်းနှင့် ယခုသြဂုတ်လ ၁၈ ရက်နေ့အတွင်း ကုန်ကားကြီးများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီကနေ့ သြဂုတ် ၁၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ လမ်းအဖွဲ့များက မိုင်တိုင် (၁၁၂/၀ မှ ၁၁၅/၄) အတွင်း မလွဲတောင်အပိုင်းရှိ တောင်ပြိုမြေများအား သြဂုတ်လ ၁၃ ရက်နေ့တွင် ရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း၊ တနသာၤရီတိုင်းဒေသကြီးအတွင်းရှိ လမ်းသားပြတ်တောက်နေသော (ထားဝယ်မှ ၈၀/၂ မိုင် အကွာ) အထိ တောင်ပြိုလမ်းများအား ဆက်လက်ဖယ်ရှား ရှင်းလင်းမည်ဖြစ်ကြောင်း၊ ကားငယ်များ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို ယခုသြဂုတ် ၁၆ ရက်နေ့တွင် ပြီးစီးနိုင်ရေးအတွက် တံတားအထူးအဖွဲ့နှင့် လမ်းအထူးအဖွဲ့များက ကြိုးစားဆောင်ရွက်ပေးလျက် ရှိတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ယင်းလမ်းပိုင်းတွင် ကုန်ကားကြီးများ ဖြတ်သန်းသွားနိုင်ရန်အတွက် လမ်းပိုင်းပြင်ဆင်မှုအပိုင်းကို ယခုသြဂုတ် ၁၈ ရက်နေ့တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိတယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ သြဂုတ် - ၁၄
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

( Zawgyi )

ရန္ကုန္-ေရး-ထားဝယ္-ၿမိတ္ လမ္းပိုင္းရွိ မလြဲေတာင္ၿပိဳေျမမ်ားအား ရွင္းလင္းဖယ္ရွားၿပီးျဖစ္ၿပီး ကားငယ္မ်ား ျဖတ္သန္းသြားလာႏိုင္ေရး ေဘလီတံတားထိုးျခင္း လုပ္ငန္းႏွင့္ ယခုၾသဂုတ္လ ၁၈ ရက္ေန႔အတြင္း ကုန္ကားႀကီးမ်ား ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ဒီကေန႔ ၾသဂုတ္ ၁၄ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါ သတင္းထုတ္ျပန္ခ်က္တြင္ မြန္ျပည္နယ္၊ လမ္းဦးစီးဌာန၊ လမ္းအဖြဲ႕မ်ားက မိုင္တိုင္ (၁၁၂/၀ မွ ၁၁၅/၄) အတြင္း မလြဲေတာင္အပိုင္းရွိ ေတာင္ၿပိဳေျမမ်ားအား ၾသဂုတ္လ ၁၃ ရက္ေန႔တြင္ ရွင္းလင္းဖယ္ရွားၿပီးျဖစ္ေၾကာင္း၊ တနသာရႌတိုင္းေဒသႀကီးအတြင္းရွိ လမ္းသားျပတ္ေတာက္ေနေသာ (ထားဝယ္မွ ၈၀/၂ မိုင္ အကြာ) အထိ ေတာင္ၿပိဳလမ္းမ်ားအား ဆက္လက္ဖယ္ရွား ရွင္းလင္းမည္ျဖစ္ေၾကာင္း၊ ကားငယ္မ်ား ျဖတ္သန္းသြားလာႏိုင္ေရးအတြက္ ေဘလီတံတားထိုးျခင္း လုပ္ငန္းကို ယခုၾသဂုတ္ ၁၆ ရက္ေန႔တြင္ ၿပီးစီးႏိုင္ေရးအတြက္ တံတားအထူးအဖြဲ႕ႏွင့္ လမ္းအထူးအဖြဲ႕မ်ားက ႀကိဳးစားေဆာင္႐ြက္ေပးလ်က္ ရွိတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ယင္းလမ္းပိုင္းတြင္ ကုန္ကားႀကီးမ်ား ျဖတ္သန္းသြားႏိုင္ရန္အတြက္ လမ္းပိုင္းျပင္ဆင္မႈအပိုင္းကို ယခုၾသဂုတ္ ၁၈ ရက္ေန႔တြင္ ၿပီးစီးႏိုင္ေရး ရည္မွန္းခ်က္ထား ေဆာင္႐ြက္လ်က္ရွိတယ္လို႔လည္း အဆိုပါသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ၾသဂုတ္ - ၁၄
ဓါတ္ပုံ - ေဆာက္လုပ္ေရးဝန္ႀကီးဌာန