လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀၀) ကျော်ကို ယခုနှစ်လယ်ခန့်တွင် ထပ်မံထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေ

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀၀) ကျော်ကို ယခုနှစ်လယ်ခန့်တွင် ထပ်မံထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေ

လျှပ်စစ်ဝန်ကြီးဌာနမှ ၂၀၂၀ နှစ်လယ်ခန့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀၀) ကျော်ကို ထပ်မံထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က ပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့အစီအစဉ်တွင် ကျောက်တံတားမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးနေမျိုးထက်မှ ပြည်သူများ လျှပ်စစ်သုံးစွဲမှု ပိုမိုကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊၊ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် အလေအလွင့်မဖြစ်စေရန်အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြုတ်နှံမှုများကိုဖိတ်ခေါ်ပြီး YESC, MESC, ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“နိုင်ငံတော်အစိုးရသစ်လက်ထက်မှာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီးအဆိုပါ အချိန်တွင်နိုင်ငံတော်၏ဓာတ်အားစနစ်တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိမှုမှာ၃၄%သာရှိခဲ့ပါတယ်။ ယင်း အချိန်တွင် နိုင်ငံတော်အစိုးရ၏ဦးစားပေးဆောင်ရွက်ချက်မှာနိုင်ငံတော်၏အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက် ရေး ဖြစ်ပြီး အထူးသဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီးရရှိရေးကိုဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၆ခုနှစ်ဧပြီ လမှစ၍ယနေ့အထိလျှပ်စစ်ကဏ္ဍမှာစုစုပေါင်ကျပ်(၁၂၅၂)ဘီလျံကျော်ရင်းနှီးမြုပ်နှံခဲ့ပြီး၊လျှပ်စစ် ဓာတ် အား(၇၀) မဂ္ဂါဝပ်ကျော်တိုးတက်ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။၂၀၂၀ပြည့်နှစ်နှစ်လယ်ခန်မှာလည်း နောက်ထပ်မဂါဝပ် (၁၀၀၀) ကျော်ကိုလည်းထပ်မံထုတ်ပေးရန်စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်”ဟုဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းမှ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ဒုတိယဝန်ကြီးမှ သဘာဝဓာတ်ငွေ့နှင့်ရေအားလျှပ်စစ်တို့မှလျှပ်စစ်ဓာတ်အား(၄၀၀၀)မဂ္ဂါဝပ် နီးပါးထုတ်လုပ်ခြင်းအတွက်စုစုပေါင်းအမေရိကန်ဒေါ်လာ(၆၇၆၈.၅၈)သန်းခန့်ရင်းနှီးမြပ်နှံခဲ့၍အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နိုင်ငံခြားရင်းနှီးမြပ်နှံသူ(၆)ခုတို့ကိုလည်း နို့တစ်ကျူပရိုစိထုတ်ပေးခဲ့ပြီး လုပ်ငန်း များကို ဆောင်ရွက်လျှက်ရှိနေပါတယ်။နေရောင်ခြည်စွမ်းအင်သုံးမင်းဘူးဓာတ်အားပေးစက်ရုံမှလျှပ်စစ်ဓာတ်အား(၄၀) မဂ္ဂါဝပ်ထုတ်လုပ်လျှက်ရှိနေပြီးအခြားစီမံကိန်း(၂)ခုမှလည်းနောက်ထပ်မဂ္ဂါဝပ်(၅၀)ထုတ်လုပ်ပေးရန်ဆောင်ရွက်လျှက်ရှိနေပါတယ်။အိမ်နီးချင်းနိုင်ငံများမှလည်းနိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်၍လျှပ်စစ်ဓါတ်အား (၁၀၀၀)မဂ္ဂါဝပ်ထပ်မံရရှိစီစဉ်ဆောင်ရွက်လျက်ရှိပြီးအထက်ဖော်ပြပါစီမံကိန်းများပြီးစီးမည်ဆိုပါလျင်မဂါဝပ် (၆၀၀၀)ကျော်တိုးမြင့်ရရှိလာမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်လျှပ်စစ်ဓာတ်အားတိုးချဲ့၍ပိုမိုဖြန့်ဖြူးပေးနိုင်ရန် အရှိန်မြင့်ဆောင်ရွက်ပေးခဲ့ရာယခုအချိန်မှာမြို့ပေါင်း(၃၆၈)မြို့၊ကျေးရွာပေါင်း(၁၆၀၀၀)ကျော်၊နိုင်ငံတော်ဓာတ် အားစနစ်ရရှိပြီးဖြစ်ပါတယ်။နိုင်ငံတော်အစိုးရ၏လမ်းညွန်ချက်နဲ့အညီလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ကြိုး ပမ်းအားထုတ်ခဲ့မှုကြောင့်၂၀၁၉ခုနှစ်၊နှစ်ကုန်ပိုင်းတွင်တစ်နိုင်ငံလုံး၏မီးသုံးစွဲနိုင်မှု(၅၀%)ကျော်ရရှိခဲ့ပြီးဖြစ်ပါတယ်။၂၀၂၁-၂၀၂၂ခုနှစ်တွင်လျှပ်စစ်သုံးစွဲမှု(၅၅%)၂၀၂၅-၂၀၂၆ခုနှစ်တွင်(၇၅%)၊နှင့်၂၀၃၀ပြည့် နှစ်တွင်လျှပ်စစ်မီး သုံးစွဲမှုရာနှုန်းပြည့်ရရှိအောင်အစိုးရမှရည်မှန်းဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါတယ်။

KO
နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၂၄

( Zawgyi )

လွ်ပ္စစ္ဝန္ႀကီးဌာနမွ ၂၀၂၀ ႏွစ္လယ္ခန႔္တြင္ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ (၁၀၀၀) ေက်ာ္ကို ထပ္မံထုတ္ေပးရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္း က ေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒသမေန႔အစီအစဥ္တြင္ ေက်ာက္တံတားမဲဆႏၵနယ္ ကိုယ္စားလွယ္ ဦးေနမ်ိဳးထက္မွ ျပည္သူမ်ား လွ်ပ္စစ္သုံးစြဲမႈ ပိုမိုေကာင္းမြန္ေစရန္၊ ဝန္ေဆာင္မႈမ်ား အဆင္ေျပေစရန္၊၊ဓာတ္အားေပ်ာက္ဆုံးမႈ ေလ်ာ့နည္းေစရန္ႏွင့္ အေလအလြင့္မျဖစ္ေစရန္အတြက္ ျပည္တြင္း ျပည္ပ ရင္းႏွီးျမဳတ္ႏွံမႈမ်ားကိုဖိတ္ေခၚၿပီး YESC, MESC, ESE တို႔အား ျပဳျပင္ေျပာင္းလဲရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ႏိုင္ငံေတာ္အစိုးရသစ္လက္ထက္မွာလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကိုျပင္ဆင္ဖြဲ႕စည္းခဲ့ၿပီးအဆိုပါ အခ်ိန္တြင္ႏိုင္ငံေတာ္၏ဓာတ္အားစနစ္တစ္ႏိုင္ငံလုံးလွ်ပ္စစ္ဓာတ္အားရရွိမႈမွာ၃၄%သာရွိခဲ့ပါတယ္။ ယင္း အခ်ိန္တြင္ ႏိုင္ငံေတာ္အစိုးရ၏ဦးစားေပးေဆာင္႐ြက္ခ်က္မွာႏိုင္ငံေတာ္၏အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ ေရး ျဖစ္ၿပီး အထူးသျဖင့္လမ္းပန္းဆက္သြယ္ေရးႏွင့္လွ်ပ္စစ္မီးရရွိေရးကိုဦးစားေပးေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ၂၀၁၆ခုႏွစ္ဧၿပီ လမွစ၍ယေန႔အထိလွ်ပ္စစ္က႑မွာစုစုေပါင္က်ပ္(၁၂၅၂)ဘီလ်ံေက်ာ္ရင္းႏွီးျမဳပ္ႏွံခဲ့ၿပီး၊လွ်ပ္စစ္ ဓာတ္ အား(၇၀) မဂၢါဝပ္ေက်ာ္တိုးတက္ထုတ္လုပ္ေပးႏိုင္ခဲ့ပါတယ္။၂၀၂၀ျပည့္ႏွစ္ႏွစ္လယ္ခန္မွာလည္း ေနာက္ထပ္မဂါဝပ္ (၁၀၀၀) ေက်ာ္ကိုလည္းထပ္မံထုတ္ေပးရန္စီစဥ္ေဆာင္႐ြက္လွ်က္ရွိပါတယ္”ဟုဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းမွ ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ ဒုတိယဝန္ႀကီးမွ သဘာဝဓာတ္ေငြ႕ႏွင့္ေရအားလွ်ပ္စစ္တို႔မွလွ်ပ္စစ္ဓာတ္အား(၄၀၀၀)မဂၢါဝပ္ နီးပါးထုတ္လုပ္ျခင္းအတြက္စုစုေပါင္းအေမရိကန္ေဒၚလာ(၆၇၆၈.၅၈)သန္းခန႔္ရင္းႏွီးျမပ္ႏွံခဲ့၍အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ႏိုင္ငံျခားရင္းႏွီးျမပ္ႏွံသူ(၆)ခုတို႔ကိုလည္း ႏို႔တစ္က်ဴပ႐ိုစိထုတ္ေပးခဲ့ၿပီး လုပ္ငန္း မ်ားကို ေဆာင္႐ြက္လွ်က္ရွိေနပါတယ္။ေနေရာင္ျခည္စြမ္းအင္သုံးမင္းဘူးဓာတ္အားေပးစက္႐ုံမွလွ်ပ္စစ္ဓာတ္အား(၄၀) မဂၢါဝပ္ထုတ္လုပ္လွ်က္ရွိေနၿပီးအျခားစီမံကိန္း(၂)ခုမွလည္းေနာက္ထပ္မဂၢါဝပ္(၅၀)ထုတ္လုပ္ေပးရန္ေဆာင္႐ြက္လွ်က္ရွိေနပါတယ္။အိမ္နီးခ်င္းႏိုင္ငံမ်ားမွလည္းႏိုင္ငံျဖတ္ေက်ာ္ဓာတ္အားလိုင္းတည္ေဆာက္၍လွ်ပ္စစ္ဓါတ္အား (၁၀၀၀)မဂၢါဝပ္ထပ္မံရရွိစီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီးအထက္ေဖာ္ျပပါစီမံကိန္းမ်ားၿပီးစီးမည္ဆိုပါလ်င္မဂါဝပ္ (၆၀၀၀)ေက်ာ္တိုးျမင့္ရရွိလာမွာျဖစ္ပါတယ္။တစ္ဖက္မွာလည္လွ်ပ္စစ္ဓာတ္အားတိုးခ်ဲ႕၍ပိုမိုျဖန႔္ျဖဴးေပးႏိုင္ရန္ အရွိန္ျမင့္ေဆာင္႐ြက္ေပးခဲ့ရာယခုအခ်ိန္မွာၿမိဳ႕ေပါင္း(၃၆၈)ၿမိဳ႕၊ေက်း႐ြာေပါင္း(၁၆၀၀၀)ေက်ာ္၊ႏိုင္ငံေတာ္ဓာတ္ အားစနစ္ရရွိၿပီးျဖစ္ပါတယ္။ႏိုင္ငံေတာ္အစိုးရ၏လမ္းၫြန္ခ်က္နဲ႔အညီလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၏ႀကိဳး ပမ္းအားထုတ္ခဲ့မႈေၾကာင့္၂၀၁၉ခုႏွစ္၊ႏွစ္ကုန္ပိုင္းတြင္တစ္ႏိုင္ငံလုံး၏မီးသုံးစြဲႏိုင္မႈ(၅၀%)ေက်ာ္ရရွိခဲ့ၿပီးျဖစ္ပါတယ္။၂၀၂၁-၂၀၂၂ခုႏွစ္တြင္လွ်ပ္စစ္သုံးစြဲမႈ(၅၅%)၂၀၂၅-၂၀၂၆ခုႏွစ္တြင္(၇၅%)၊ႏွင့္၂၀၃၀ျပည့္ ႏွစ္တြင္လွ်ပ္စစ္မီး သုံးစြဲမႈရာႏႈန္းျပည့္ရရွိေအာင္အစိုးရမွရည္မွန္းေဆာင္႐ြက္ေနပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

KO
ေနျပည္ေတာ္၊ ေဖေဖၚဝါရီ - ၂၄