သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးသော်လည်း ထိရောက်စွာ အသုံးချနိုင်ရန် အရေးကြီးဟု ဆို

သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးသော်လည်း ထိရောက်စွာ အသုံးချနိုင်ရန် အရေးကြီးဟု ဆို

ပြည်တွင်းက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ အခြေခံပညာကျောင်းတွေမှာ အသုံးပြုနိုင်ဖို့ လက်တွေ့ခန်းသုံး သင်ထောက်ကူပြု ပစ္စည်းတွေကို အခမဲ့ပံ့ပိုးနေပေမယ့် ထိရောက်စွာ အသုံးချနိုင်ဖို့ အရေးကြီးတယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ သိပ္ပံပစ္စည်းအလုပ်ရုံကနေ သိရပါတယ်။

“စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ပြီး လေ့လာတဲ့အခါကျတော့ ပိုပြီးတော့ ကျက်ရမှတ်ရတာလည်း ပိုလွယ်တယ်လေ၊ ဒါကြောင့်လည်း ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ ဒီကနေ စီမံချက်အလိုက် ကျောင်းတွေကို အခမဲ့ပံ့ပိုးနေတာ ဖြစ်ပါတယ်” လို့ သိပ္ပံပစ္စည်းအလုပ်ရုံမှ ဒုတိယအလုပ်ရုံမှူးဖြစ်သူ ဦးဘသိန်းစိန် က ပြောကြားခဲ့ပါတယ်။

အဲ့ဒီလို အခမဲ့ပံ့ပိုးပေမယ့် တစ်ချို့ကျောင်းတွေမှာဆိုရင် အသုံးပြုနိုင်ဖို့ အားနည်းနေပြီး စံနမူနာပြလောက် အဖြစ်ဖြင့်သာ လက်ခံသိမ်းဆည်းထားတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

“ဒီဟာလေးတွေက သင်ကြားရေးအတွက်ကိုလည်း အထောက်အကူပြုစေတဲ့အပြင် စရိတ်ကလည်း မနည်းပါဘူး၊ သေးသေးလေးတွေပေမယ့် တစ်ချို့ဟာတွေဆိုရင် အနည်းဆုံး တစ်ခုကို လေး ငါး ထောင်လောက်တော့ တန်ကြေးရှိကြတယ်” လို့ သူက ဆိုပါတယ်။

 

ပညာရေးဆိုင်ရာ ပြပွဲတွေမှာလည်း ယင်းဌာနက ထုတ်လုပ်တဲ့ သင်ထောက်ကူပြုပစ္စည်းတွေကို ပြသတဲ့အခါ လာရောက်လေ့လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေက စိတ်ဝင်စားကြပေမယ့် အုပ်ချုပ်သူ ဆရာ၊ ဆရာမ တစ်ချို့ဟာ တာဝန်ကျေ သဘောမျိုးလောက်သာ ပြောဆိုပြပြီး ဘေးထွက်ထိုင်နေတာမျိုးကိုလည်း တွေ့ရတယ်လို့ သိရပါတယ်။

အခု ၂၀၁၈ ခုနှစ်ထဲမှာလည်း ကလေးတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလာဒီဂရီကောလိပ်၊ ဗဟန်းမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း စတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းကိုးကျောင်းကို ပစ္စည်းအရေအတွက်ပေါင်း ၄၆၃ ခု၊ တန်ဖိုးအားဖြင့် ကျပ် ၅၉၃၃၅၉၅ ဖိုး ဖြန့်ချီပေးထားတယ်လို့လည်း သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၃

( Zawgyi )

ျပည္တြင္းက တကၠသိုလ္၊ ေကာလိပ္ေတြနဲ႔ အေျခခံပညာေက်ာင္းေတြမွာ အသုံးျပဳႏိုင္ဖို႔ လက္ေတြ႕ခန္းသုံး သင္ေထာက္ကူျပဳ ပစၥည္းေတြကို အခမဲ့ပံ့ပိုးေနေပမယ့္ ထိေရာက္စြာ အသုံးခ်ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာ ဦးစီးဌာနေအာက္ရွိ သိပၸံပစၥည္းအလုပ္႐ုံကေန သိရပါတယ္။

“စာေတြ႕နဲ႔ လက္ေတြ႕ ေပါင္းစပ္ၿပီး ေလ့လာတဲ့အခါက်ေတာ့ ပိုၿပီးေတာ့ က်က္ရမွတ္ရတာလည္း ပိုလြယ္တယ္ေလ၊ ဒါေၾကာင့္လည္း ဝန္ႀကီးဌာနရဲ႕ အစီအစဥ္နဲ႔ ကြၽန္ေတာ္တို႔ ဒီကေန စီမံခ်က္အလိုက္ ေက်ာင္းေတြကို အခမဲ့ပံ့ပိုးေနတာ ျဖစ္ပါတယ္” လို႔ သိပၸံပစၥည္းအလုပ္႐ုံမွ ဒုတိယအလုပ္႐ုံမႉးျဖစ္သူ ဦးဘသိန္းစိန္ က ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီလို အခမဲ့ပံ့ပိုးေပမယ့္ တစ္ခ်ိဳ႕ေက်ာင္းေတြမွာဆိုရင္ အသုံးျပဳႏိုင္ဖို႔ အားနည္းေနၿပီး စံနမူနာျပေလာက္ အျဖစ္ျဖင့္သာ လက္ခံသိမ္းဆည္းထားတာေတြ ရွိတယ္လို႔လည္း သိရပါတယ္။

“ဒီဟာေလးေတြက သင္ၾကားေရးအတြက္ကိုလည္း အေထာက္အကူျပဳေစတဲ့အျပင္ စရိတ္ကလည္း မနည္းပါဘူး၊ ေသးေသးေလးေတြေပမယ့္ တစ္ခ်ိဳ႕ဟာေတြဆိုရင္ အနည္းဆုံး တစ္ခုကို ေလး ငါး ေထာင္ေလာက္ေတာ့ တန္ေၾကးရွိၾကတယ္” လို႔ သူက ဆိုပါတယ္။

ပညာေရးဆိုင္ရာ ျပပြဲေတြမွာလည္း ယင္းဌာနက ထုတ္လုပ္တဲ့ သင္ေထာက္ကူျပဳပစၥည္းေတြကို ျပသတဲ့အခါ လာေရာက္ေလ့လာတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြက စိတ္ဝင္စားၾကေပမယ့္ အုပ္ခ်ဳပ္သူ ဆရာ၊ ဆရာမ တစ္ခ်ိဳ႕ဟာ တာဝန္ေက် သေဘာမ်ိဳးေလာက္သာ ေျပာဆိုျပၿပီး ေဘးထြက္ထိုင္ေနတာမ်ိဳးကိုလည္း ေတြ႕ရတယ္လို႔ သိရပါတယ္။

အခု ၂၀၁၈ ခုႏွစ္ထဲမွာလည္း ကေလးတကၠသိုလ္၊ ထားဝယ္တကၠသိုလ္၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ ရန္ကုန္စီးပြားေရးတကၠသိုလ္၊ စစ္ကိုင္းတကၠသိုလ္၊ မႏၲေလးတကၠသိုလ္၊ မႏၲလာဒီဂရီေကာလိပ္၊ ဗဟန္းၿမိဳ႕နယ္ရွိ အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္း၊ အမွတ္ (၃) အေျခခံပညာ အထက္တန္းေက်ာင္း စတဲ့ တကၠသိုလ္၊ ေကာလိပ္နဲ႔ ေက်ာင္းကိုးေက်ာင္းကို ပစၥည္းအေရအတြက္ေပါင္း ၄၆၃ ခု၊ တန္ဖိုးအားျဖင့္ က်ပ္ ၅၉၃၃၅၉၅ ဖိုး ျဖန႔္ခ်ီေပးထားတယ္လို႔လည္း သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၃