【 ပြည်တွင်း 】 တရုတ်သို့ GACC နည်းလမ်းဖြင့် မွေးမြူရေး ရေငန်ပုစွန်များ တင်ပို့လျက်ရှိ

【 ပြည်တွင်း 】 တရုတ်သို့ GACC နည်းလမ်းဖြင့် မွေးမြူရေး ရေငန်ပုစွန်များ တင်ပို့လျက်ရှိ

ရန်ကုန်၊ မတ် - ၂၇
 
မြန်မာနိုင်ငံမှ မွေးမြူရေး ရေထွက်ကုန်ဖြစ်တဲ့ ရေငန်ပုစွန်များကို တရုတ်နိုင်ငံသို့ GACC နည်းလမ်းဖြင့် တင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
 
တရုတ်နိုင်ငံသို့ မွေးမြူရေး ရေထွက်ကုန် တင်ပို့ခွင့်နှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) နှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ အဓိကအားဖြင့် ရေငန်ပုစွန်ဖြူ တင်ပို့ရန် ကုမ္ပဏီ ၆ ခုမှ တင်ပို့ခွင့်မှတ်ပုံတင် အောင်မြင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
 
အဆိုပါမှတ်ပုံတင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီများထဲမှ ကမ္ပဏီတစ်ခုက မွေးမြူရေး ရေထွက်ကုန်ဖြစ်တဲ့ ရေငန်ပုစွန်ကို GACC နည်းလမ်းဖြင့် စတင် တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ထိုကဲ့သို့ မွေးမြူရေး ရေထွက်ကုန် တင်ပို့ရေး လမ်းကြောင်းအနေဖြင့် ရေကြောင်းကုန်သွယ်မှုမှ ကွန်တိန်နာများနှင့် အေးခဲပုစွန်များကို တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
 
တရုတ်နိုင်ငံသို့ ပြည်တွင်းကနေထွက်ရှိတဲ့ သဘာဝရေထွက်ကုန်များကို တင်ပို့လျက်ရှိပြီး လက်ရှိမှာ ပြည်တွင်းက ရေထွက်ကုန်ရဲ့ ၃၀ ရာခိုင်နှုန်းကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
 
အောင်အောင်