【 ပြည်တွင်း 】 ထန်းလက်ထိုင်ခုံတွေ ရောင်းအားကောင်းနေပေမယ့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် အခက်တွေ့

【 ပြည်တွင်း 】 ထန်းလက်ထိုင်ခုံတွေ ရောင်းအားကောင်းနေပေမယ့် ကုန်ကြမ်းပြတ်လပ်မှုကြောင့် အခက်တွေ့

မန္တလေး၊ မတ် - ၂၇
 
ထန်းလက်နဲ့ပြုလုပ်ထားတဲ့ ထိုင်ခုံတွေဟာ ရောင်းအားကောင်းနေပေမယ့် ကုန်ကြမ်းရှားပါး ပြတ်လပ်မှုကြောင့် အခက်တွေ့နေတယ်လို့ ထိုင်ခုံပြုလုပ်ရောင်းချသူတွေက ပြောပါတယ်။
 
အညာဒေသ ထွက်ကုန်ဖြစ်တဲ့ ထန်းပင်က ထန်းလက်ကို လက်မှုပညာနဲ့ ပေါင်းစပ်ပြီးပြုလုပ်ထားတဲ့ ထိုင်ခုံတွေဟာ ရာသီဥတုပူပြင်းတဲ့ နွေရာသီမှာ သုံးစွဲမှုများပြားလေ့ရှိပေမယ့် လက်ရှိအချိန်မှာ နယ်မြေမတည်ငြိမ်မှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်ကြမ်းရရှိမှု ရှားပါးနေတာဖြစ်ပါတယ်။
 
“တစ်ရက်ကို ၅ လုံးပြီးပြီး၊ ၁၀ လုံးပြီးပြီး၊ ပြီးသလောက်ရောင်းရတယ်။ဒါပေမဲ့ ကုန်ကြမ်းဈေးတွေတက်ပြီး ပစ္စည်းကမရှိတော့ ခက်ခဲတာပေါ့ဗျာ” လို့ တံတားဦးမြို့နယ်က ထန်းလက်ထိုင်ခုံပြုလုပ်သူတစ်ဦးက ပြောပါတယ်။
 
အရင်က ထန်းလက်ကို မြင်းခြံ၊ ငါန်းဇွန်နယ်တွေဖက်က အဓိကရရှိပြီး ထန်းလက်တစ်ချောင်းကို ငွေကျပ် ၃၅ ကျပ်ဝန်းကျင်ပဲရှိပေမယ့် လက်ရှိအချိန်မှာ ငွေကျပ် ၁၀၀ အထိရှိနေပြီး လိုသလောက်ဝယ်ယူဖို့လည်း မလွယ်ကူဘူးလို့ သိရပါတယ်။
 
ထန်းလက်ထိုင်ခုံတွေဟာ ဖောက်သည်ဈေးအဖြစ် တစ်လုံးကို ငွေကျပ် ၄၅၀၀ ကနေ ၅၀၀၀ ကြားရှိပြီး၊ ဈေးကွက်ထဲမှာတော့ ၈၀၀၀ ကနေ ၁၅,၀၀၀ အထိရှိနေတယ်လို့ ထန်းလက်ထိုင်ခုံ ရောင်းချသူ တွေက ပြောပါတယ်။
 
မန်းအောင်