【 ပြည်တွင်း 】 မြန်မာနိုင်ငံသို့ တရုတ်နှင့်ထိုင်းနိုင်ငံတို့က ခရီးသွားများ အများဆုံးဝင်ရောက်လျက်ရှိ

【 ပြည်တွင်း 】 မြန်မာနိုင်ငံသို့ တရုတ်နှင့်ထိုင်းနိုင်ငံတို့က ခရီးသွားများ အများဆုံးဝင်ရောက်လျက်ရှိ

ရန်ကုန်၊ မတ် - ၂၈

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားများ ဝင်ရောက်လျက်ရှိရာတွင် အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နှင့် ထိုင်းနိုင်ငံတို့က ခရီးသွားများ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတွင် နိုင်ငံခြားခရီးသွားဧည့်သည် ၁၄၀,၀၀၀ ကျော် ဝင်ရောက်ပြီး ဖေဖော်ဝါရီလတွင်လည်း ၁၂၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ထိုကဲ့သို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များထဲတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဖြစ်ကြပြီး အရင်နှစ် အလားတူကာလထက် ပိုများလာတယ်လို့ ဆိုပါတယ်။

အဆိုပါနိုင်ငံခြားသားခရီးသွားများ အများဆုံးလာရောက်ရှိသည့် နေရာများမှာ ကျိုက်ထီးရိုးစေတီ၊ ပုဂံ၊ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့ရှိ နေရာများပါဝင်ကြောင်း သိရပါတယ်။

အောင်အောင်