【 ပြည်တွင်း 】 လယ်ယာထွက်ပစ္စည်း တင်ပို့မှု အရင်နှစ်ထက် ဒေါ်လာ သန်း ၂၄၀ ကျော် လျော့ကျ

【 ပြည်တွင်း 】 လယ်ယာထွက်ပစ္စည်း တင်ပို့မှု အရင်နှစ်ထက် ဒေါ်လာ သန်း ၂၄၀ ကျော် လျော့ကျ

ရန်ကုန်၊ မတ် - ၂၆

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း တင်ပို့မှုဟာ အရင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ သန်း ၂၄၀ ကျော် လျော့နည်းခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လ ၈ ရက်အထိ ၁၁ လကျော်ကာလအတွင်းမှာ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း တင်ပို့မှု တန်ဖိုးဟာ ကန်ဒေါ်လာ ၃၆၄၆ သန်းကျော်ရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် အလားတူကာလ အတွင်းမှာ လယ်ယာထွက်ပစ္စည်း တင်ပို့မှု တန်ဖိုးဟာ ကန်ဒေါ်လာ ၃၄၀၃ သန်းကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်ကာလအတွင်း လယ်ယာထွက်ပစ္စည်း တင်ပို့မှုဟာ အရင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၂၄၃ သန်းကျော် လျော့နည်းခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လကျော်အတွင်း ပြည်ပပို့ကုန်အားလုံးရဲ့ စုစုပေါင်းတင်ပို့မှုပမာဏဟာလည်း ကန်ဒေါ်လာ ၁၃၇၁၆.၂၄၆ သန်းရှိခဲ့ပြီး အရင်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၁၉၂၁.၁၂၄ သန်း လျော့နည်းခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

လင်းလင်း