【 အားကစား 】 ဘိုင်ယန် တောင်ပံကစားသမားကို ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်း အပြိုင်လိုက်နေ

【 အားကစား 】 ဘိုင်ယန် တောင်ပံကစားသမားကို ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်း အပြိုင်လိုက်နေ

ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်အသင်းရဲ့ တောင်ပံကစားသမား‌ခေါ်ယူဖို့အတွက် ခြေလှမ်းစတင်လှမ်းလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ ပြင်သစ်လက်ရွေးစင် ‌ဘိုင်ယန်ကစားသမားကို မန်စီးတီးနဲ့ လီဗာပူးလ်တို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမား ကင်စလေ ကိုးမန်း ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်းက အပြိုင်စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ကိုမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အောင်မြင်တဲ့ကစားသမားဘဝကို ဖြတ်သန်းနေတာဖြစ်ပြီး ဘိုင်ယန်အသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ ဂျာမန်ဘွန်ဒက်လီဂါ အမှတ်ပေးချန်ပီယံဆု ၆ ကြိမ်တို့ကို ရရှိခဲ့တာဖြစ်ပါတယ်။အီတလီကလပ် ဂျူ‌ဗင်တပ်အသင်းကနေ ဘိုင်ယန်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုမန်းဟာ နည်းစနစ်ပိုင်းကြွယ်ဝမှုနဲ့ ‌ပြေးအားကောင်းမွန်မှုတို့ကြောင့် ထိပ်တန်းကစားသမားဖြစ်လာခဲ့ပြီး ဥရောပအသင်းကြီးတွေ အာရုံစိုက်လာတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။လတ်တလောမှာတော့ ကိုးမန်းဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၃ ခုနှစ် စာချုပ်သက်တမ်းရှိနေသူဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အသင်းမှထွက်ခွာသွားနိုင်တဲ့ ရာဟင်း စတာလင်း နေရာကို ကိုးမန်းနဲ့ အစားထိုးနေပြီး၊ လီဗာပူးလ်အသင်းကတော့ အသင်းရဲ့ တိုက်စစ်အင်အားကို မြှင့်တင်လိုတဲ့အတွက် ‌ကိုးမန်း ကို ထပ်မံပေါင်းထည့်လိုနေတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကတော့ ကိုးမန်း ကို ခေါ်ယူနိုင်ရေးမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ထက် အလေးသာနေပြီး ဘိုင်ယန်အသင်း စိတ်ဝင်စားနေတဲ့ အိုဒွိုင်းနဲ့ ကိုးမန်း ကို အလဲအထပ်ပြုလုပ်ရန် ကြိုးပမ်းလျက်‌ရှိနေတယ်လို့ သိရပါတယ်။

ဘိုင်ယန်အသင်းဘက်ကတော့ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်မရှိသေးပဲ ငွေသားနဲ့ အိုဒွိုင်း ကို ပေါင်းစပ်ကမ်းလှမ်းမှသာ လက်ခံစဉ်းစားပေးဖွယ်ရှိနေပါတယ်။ကင်စလေ ကိုးမန်းရဲ့ တန်ကြေးကို ယူရို သန်း ၉၀ လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

Linko
မြူးနစ်၊ ဇူလိုင် - ၁၉