【 နိုင်ငံတကာဆောင်းပါး 】ယန်ဇီမြစ်စီးပွားရေးဇုန်ရဲ့ ၄ နှစ်တာအတွင်းက တိုးတက်မှုများ

【 နိုင်ငံတကာဆောင်းပါး 】ယန်ဇီမြစ်စီးပွားရေးဇုန်ရဲ့ ၄ နှစ်တာအတွင်းက တိုးတက်မှုများ

၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့ဟာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ Yangtze River Economic Zone ဗျူဟာ နဲ့ပတ်သက်ပြီး သမိုင်းဝင်မိန့်ခွန်းပြောကြားခဲ့တာ ၇နှစ်ပြည့်ဖြစ်ပါတယ်။ ဒါဟာ အရေးပါသော ဗျူဟောမြောက် စီးပွားရေးဇုန်ဖြစ်ပြီး တစ်နိုင်ငံလုံးကို အရည်အသွေးရှိ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် ရာစုနှစ်ရည်မှန်းချက် ၂ ခုကို အကောင်အထည်ဖော်ရန် နှင့် တရုတ်နိုင်ငံကြီး ပြန်လည်နုပျိုစေရေးတို့ကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသော စီးပွားရေးဇုန်ဖြစ်ပါတယ်။

ယန်ဇီမြစ်စီးပွားရေဇုန်ဟာ ခရိုင်နှင့် ပြည်နယ်ပေါင်း ၁၁ ပါဝင်ပြီး နိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းနေထိုင်သောနေရာလည်း ဖြစ်ပါတယ်။ ယန်ဇီမြစ်ဝကျွန်းပေါ်ဟာ တရုတ်နိုင်ငံရဲ့ ဂျီဒီပီပေါင်း ၂၁ ရာခိုင်နှုန်းကို ဖော်ဆောင်ပေးနေပြီး အထက်ပိုင်းတွင် ယန်ဇီမြစ်အလယ်ပိုင်းနှင့် ချဲန်ဒူးချောင်ရှင်းတို့လည်း ပါဝင်ပါတယ်။ ဒီနေရာဟာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း နိုင်ငံတွင်းစီးပွားရေးတွင် အရေးပါသော နေရာအဖြစ် ပြောင်းလဲလာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီ ၄၅ ရာခိုင်နှုန်းကို ဖော်ဆောင်ပေးခဲ့ပြီး ၂၀၁၂ တုန်းကတော့ ၄၀.၉ ရာခိုင်နှုန်းကို ဖော်ဆောင်ပေးခဲ့ပါတယ်။

ဂျီဒီပီအများဆုံး ဖော်ဆောင်ပေးသော ထိပ်ဆုံး ၁၅ မြို့တွင် Yangtze River Economic Zone လည်းပါဝင်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ ကုန်သွယ်ရေးတန်ချိန်ပေါင်း ၅၃ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်၊ သွင်းကုန်နှင့်ပို့ကုန် ၄၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကိုယ်စားပြုပါတယ်။

အကယ်၍ ဒီအရှိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါက Yangtze River Economic Zone ဟာ ဂျီဒီပီ ၆၀ ရာခိုင်နှုန်းအထိကို ၂၀၃၅ ခုနှစ်တွင် ကိုယ်စားပြုလာနိုင်ပါတယ်။ ဒေသအတွင်းက ရေရှည်တိုးတက်မှုကြောင့် တရုတ်နိုင်ငံကို ပြန်လည်နုပျိုစေရေးရည်မှန်းချက်ကို ဖော်ဆောင်နိုင်မည်မှာ သေချာပါတယ်။

ဒီဒေသကို တစ်နိုင်ငံလုံးရဲ့ တိုးတက်မှုအဖြစ် သတ်မှတ်လိုက်ပါက ဒါဟာ မှားယွင်းသော သတ်မှတ်ချက် ဖြစ်သွားမှာဖြစ်ပါတယ်၊ ဒီဗျူဟာမြောက် စီမံကိန်းရဲ့ အရေးကြီးမှုဟာ ကြီးမားသော mega pilot zones ပေါ်တွင်သာ မူတည်ပါတယ်။

ပထမတစ်ခုကတော့ အစိမ်းရောင် တိုးတက်မှုဖြစ်ပါတယ်။ အရေးကြီးဆုံးနှင့် အဓိကကျသော ရည်မှန်းချက်အဖြစ် သမ္မတရှီကျင့်ဖျင်က ထောက်ပြခဲ့ပြီး ယန်ဇီမြစ်ရဲ့ ဂေဟစနစ်ကိုလည်းကာကွယ်ခြင်းမရှိပါက မည်သည့်ကြီးမားသော တိုးတက်မှုမှ မရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်နည်းပြောရမည်ဆိုပါက ပြည်နယ်အားလုံးနှင့် ယန်ဇီမြစ်တစ်လျှောက်တွင်ရှိသောသူများဟာ မြစ်ကမ်းနားတစ်လျှောက်ကို ပြန်လည်ကုစားရန်လိုအပ်ကြောင်း မြေနေရာများကို သတ္တုတွင်းအဖြစ်ကနေ ပြန်လည်သိမ်းယူခြင်း၊ စက်မှုနှင့် ကြီးမားသော ညစ်ညမ်းမှုကနေကာကွယ်ခြင်း၊ ကြီးမားသော ဓာတုလောင်စာဆီနှင့် စက်မှုလုပ်ငန်းများကနေ ကာကွယ်ခြင်းတို့ကနေ စီးပွားရေးအရ နစ်နာလျှင်ပင် ပြုလုပ်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ထောက်ပြခဲ့ပါတယ်။ လွန်ခဲ့သော ၄ နှစ်အတွင်း ဆိပ်ခံတံတားပေါင်း ၄၀၂ ခုကို ဖယ်ရှာခဲ့ပြီး ၉၅၉ ခုကို ပိတ်ပင်နိုင်ခဲ့ပါတယ်။ ကမ်းစပ်နဲ့ ၃ ကီလိုမီတာအတွင်း စက်ရုံဆောက်လုပ်ခွင့်ကို ပိတ်ပင်ခဲ့ပြီး ယန်ဇီမြစ် ၇၇.၃ ရာခိုင်နှုန်းခန့်ဟာ ခုတော့ရေကောင်းဖြစ်နေပြီဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်။ ယန်ဇီမြစ်စီးပွားရေးဇုန်ဟာ ကြီးမားပြီး သမားရိုးကျသော ထုတ်လုပ်မှုလုပ်ငန်းများစွာရှိခဲ့သော နေရာဖြစ်ခဲ့ပါတယ်။ သူတို့ဟာ နိုင်ငံအတွင်း အကြီးမားဆုံးသော သံမဏိအဆောက်အဦများ၊ စက်ကြီးများနှင့် ကြီးမားသော စက်ရုံများတည်ရှိနေသော နေရာဖြစ်ပါတယ်။ နိုင်ငံရဲ့ ကားထုတ်လုပ်မှုပေါင်း ၇၀ ရာခိုင်နှုန်းကလည်း  ဒီနေရာတွင်ရှိပါတယ်။ ပြည်နယ်နှင့် ခရိုင် ၁၁ ခုလုံးတွင် ဆန်းသစ်တီထွင်မှု နှင့် အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် တက်ကြွစွာပါဝင်လာကြပါတယ်။

နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှုအားအကောင်းဆုံး မြို့ပေါင်း ၁၀ မြို့တွင် ၅ ခုဟာ ယန်ဇီမြစ်စီးပွားရေးဇုန်တွင် တည်ရှိနေပြီး (ရှန်ဟိုင်း၊ နန်ဂျင်း၊ ဝူဟန်၊ ဆူကျိုး နှင့် ဟန်ကျိုး) တို့ဖြစ်ပါတယ်။ ဆန်းသစ်တီထွင်မှု အကောင်းဆုံးသော မြို့ပေါင်း ၁၅ မြို့တွင် ၈ ခုပါဝင်ပြီး ထိုထဲတွင် ပေကျင်း၊ ရှန်ဟိုင်း၊ တီယန်ကျန်းနှင့် ချောင်ချင်းတို့ ပါဝင်ပါတယ်။

တတိယအချက်ကတော့ ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှုအဆင့် ကဏ္ဍပေါင်းစုံတွင် ညီတူညီမျှမှုရှိရေးဖြစ်ပါတယ်။ ယန်ဇီမြစ်စီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံအရှေ့၊ အလယ်ပိုင်း နှင့် အနောက်ပိုင်းတို့ကို မြစ်တစ်ခုတည်းနဲ့ ထိစပ်နေပါတယ်။

ယန်ဇီမြစ်ဝကျွန်းပေါ်၊ အလယ်ပိုင်းနှင့် အထက်ပိုင်းတို့ဟာ ဖွံ့ဖြိုးတိုးတက်မှုတွင် ကွာဟမှုတချို့ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်တွင် ယန်ဇီမြစ်ဝကျွန်းမပေါ်က လူတစ်ဦးချင်းရဲ့ဝင်ငွေတွင် ရှန်ဟိုင်းဟာ ထိပ်ဆုံးတွင်ရှိနေပြီး ယွမ် ၉၄၀၀၀ ခန့်ဖြစ်ပြီး တစ်နိုင်ငံလုံး ပျှမ်းမျှပမာဏထက် ၁၄၅.၄ ရာခိုင်နှုန်း ပိုများပါတယ်။ တစ်ချိန်တည်းမှာပဲ အလယ်ပိုင်းတွင် တစ်ဦးချင်းရဲ့ ဝင်ငွေကတော့ ယွမ် ၅၅၉၀၀ ခန့်ဖြစ်ပြီး ဒါဟာ တစ်နိုင်ငံလုံးပျမ်းမျှပမာဏထက် ၈၆.၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ အထက်ပိုင်းကတော့ ယွမ် ၄၇၁၀၀ ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာထက် ၇၂.၉ ရာခိုင်နှုန်းပိုများပါတယ်။

အစိမ်းရောင်၊ အရည်အသွေးရှိပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုဟာ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ယန်ဇီမြစ်စီးပွားရေးဇုန်ရဲ့ အရေးကြီးသော အရာများဖြစ်ပြီး လက်ရှိသမ္မတရှီကျင့်ဖျင်ချမှတ်ထားသော လမ်းကြောင်းမှန်ကို သွားနေတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအတွက် ကြီးမားသော အကျိုးစီးပွားဖြစ်စေမှာကတော့ သေချာပြီး တရုတ်နိုင်ငံ ပြန်လည်နုပျိုစေရေးတွင်လည်း အရေးပါမည်ဖြစ်ပါတယ်။

Naing

Ref: CMG | 4 years of Yangtze River Economic Zone: A development demonstration