【 ဆောင်းပါး 】ပထမဆုံးသေနတ်သံ

 【 ဆောင်းပါး 】ပထမဆုံးသေနတ်သံ

၁။
သတင်းတစ်ပုဒ်ဖတ်လိုက်ရသည်။ ၂၀၂၀  ခုနှစ်အတွက် နိုဘယ်လ်ဆုပေးပွဲအခမ်းအနားတွင် အမေရိကန် ကဗျာဆရာမ လူးဝစ်ဂလပ် ( Louise Gluck ) စာပေနိုဘယ်လ်ဆုရရှိသွားသော သတင်းဖြစ်သည်။ သူမသည် ကဗျာ တွင်သာမကအက်ဆေးဆရာမတစ်ယောက်လည်းဖြစ်သည်။ သို့ရာတွင် သူမသည် စိတ်ရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး သူ့ကိုယ်သူ သတ်သေရန်အထိကြိုးစားခဲ့ဖူးသည်။ ထိုရောဂါကြောင့်ပင် တက္ကသိုလ်ပြီးအောင်ဆက်မတက်နိုင်ခဲ့ပါ။ သို့သော် ဗားမောင့် ကောလိပ်တွင် ကဗျာသင်ကြားရေးဆရာမအဖြစ် အလုပ်လုပ်ခဲ့သည်။သူမသည် စာပေနိုဘယ်လ်ဆုမရမီကတည်းကပင် အခြားစာပေဆုများစွာရရှိခဲ့သူဖြစ်၏။ ပြောလိုသည်က သူ့အကြောင်းမဟုတ်။ နိုင်ငံတကာတွင် ကဗျာစာပေကို တန်ဖိုးထားနေရာပေးကြပုံဖြစ်သည်။ ဘွဲ့လည်းမရ ၊ စိတ်ဝေဒနာခံစားနေရသည့် ကဗျာဆရာမတစ်ယောက်ကို သူတို့လူ့အသိုင်းအဝိုင်းက မည်သို့တုန့်ပြန်ခဲ့ကြသနည်း။ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းမှာဆိုလျှင်ကော.... ။

 

၂။
ကဗျာဆရာဆိုတာ အူကြောင်ကြောင်၊ အလိုက်ကမ်းဆိုးမသိ၊ တွေးချင်ရာတွေးပြီးပြောချင်ရာပြော ၊ ဆံပင်စုတ်ဖွား၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊ နိုင်ငံရေးသမားယောင်ယောင်၊ ပရဟိတသမား ယောင်ယောင်၊ ပညာတတ်ယောင်ယောင် စသည်ဖြင့် ကျွန်တော်တို့ လူ့အအဖွဲ့အစည်းက သတ်မှတ်ထားကြသည့် ဂုဏ်ထူးဆောင်ဘွဲ့တွေတသီကြီးနှင့်ဖြစ်သည်။

ထိုလူ့အဖွဲ့အစည်းမှာ ဇော်ဂျီ ၊ မင်းသုဝဏ် ၊ မောင်ဖြူး အစရှိသည့် ပညာရှင် ကဗျာဆရာကြီးများ၏ ကဗျာများနှင့် အခြေခံ ပညာသင်ကြားခဲ့သည်ကိုမေ့လျော့နေသောသူများဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းမှာ သားချော့တေးကဗျာများနှင့် အိပ်ရာဝင်ခဲ့ကြရသည်ကို အတိတ်မေ့နေကြသူများဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းမှာ မိမိတို့နိုင်ငံ၏ ရေမြေတောင်သဘာဝအလှတရားကို မေ့ပျောက်ကာ သဘာဝသယံဇာတကိုဖြုန်းတီးဖျက်ဆီးပစ်နေကြသော ဥစ္စာရူးများဖြစ်ကြသည်။ ရတနာဆိုသည်မှာ လမ်းခင်းကျောက်စရစ်ခဲများမဟုတ်ပါ။ ကဗျာသည်ကုမ္ပဏီကြီးများ ထုတ်လုပ်ရောင်းချ၍မရသောသယံဇာတဖြစ်ပါသည်။ငွေနှင့်ဝယ်လို့မရပါ။အာဏာနှင့်သိမ်းပိုက်၍မရပါ။ ကဗျာဆရာ ဆိုဇင်နစ်ဇင် အား ဆိုဗီယက်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးလိုက်သည့်အခါ ဆိုဇင်နစ်ဇင် ပြန်ပြောပုံက သင်း လိုက်သည့်ဖြစ်ခြင်း ။  " ကျွန်တော်က ဆိုဗီယက်ပြည်ထောင်စုကို ဆုံးရှုံးလိုက်တာမဟုတ်ပါဘူး၊ဆိုဗီယက်ပြည်ထောင်စုကြီးကသာ ကျွန်တော့်ကို ဆုံးရှုံးလိုက်တာပါ " ဟူ၏။
ကျွန်တော်သည် ပိုစ့်မော်ဒန်စာရေးဆရာ ဂျူလီယန်ဘန်းနက်စ် Julin Barnes ၏  ' နိဂုံးရဲ့အဓိပ္ပာယ် ' ( The Sense of an Ending ) ဟူသည့်ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားသည့်ဇာတ်ဝင်ခန်းတစ်ခုကိုသတိရနေမိပါသည်။ နွေရာသီကျောင်းပိတ်ရက်တွင် အိမ်သို့အလည်အပတ်ပြန်လာသော သမီးဖြစ်သူက သူ့ရည်းစားကိုခေါ်လာကာ မိဘများနှင့်မိတ်ဆက်ပေးပါသည်။ ညစာစားပွဲတွင် မိဘများက သမီးဖြစ်သူ၏ ရည်းစားကို ဘာမေဂျာယူထား သလဲမေးတော့ အင်္ဂလိပ်စာပေ ယူထားသည်ဟုဆို၏။

 

ကျောင်းပြီးရင် ဘာလုပ်မလဲဟုထပ်မေး၏။ ထိုကောင်လေး က ကျွန်တော်ကဗျာဆရာလုပ်မယ်ဟုပြန်ဖြေလိုက်၏။ ထိုအခါ မိဘနှစ်ပါးက သူတို့အကြိုက်ဆုံး အင်္ဂလိပ်ကဗျာ ဆရာများ ၏ ကဗျာစာပိုဒ်တွေကို လက်တန်းရွတ်ပြကြသည်။ ညစာစားပွဲသည် ပျော်ရွှင်စွာပြီးဆုံးသွားပါသည်။ နောက်တစ်နေ့မနက်တွင် ' မင်း ငါ့သမီးကို ငါတို့ဆီက အဝေးကြီးခေါ်မသွားရင်ပြီးတာပါပဲ 'ဟု အမေလုပ်သူက မှာလိုက်ပါသည်။ ထိုအရာသည် လွမ်းရမည်လား ၊ ပျော်ရွှင်ရမည်လား ခုထိကျွန်တော် မဝေခွဲတတ်သေးပါ။
ကဗျာဆရာသည် လွှတ်တော်အမတ်တစ်ယောက်လောက် ၊ သင်္ဘောသားတစ်ယောက်လောက် ၊ ရှေ့နေတစ်ယောက်လောက် ၊ ဘောလုံးသမားတစ်ယောက်လောက် ဝင်ငွေကောင်းသူမဟုတ်ပါ။ ကဗျာဆရာသည် ငွေနောက်တကောက် ကောက်လိုက်လိုက်နေသည့် စတော့ပွဲစားတစ်ယောက်လည်း မဟုတ်ပါ။ ရာထူးရာခံရှိသည့်ပုဂ္ဂိုလ်ကြီးများနှင့် ပလူးပလဲလုပ်နေကြသူများလည်း မဟုတ်ပါ။ သို့နှင့်တိုင် သူတို့နိုင်ငံတွင် အဘယ်ကြောင့် ကဗျာဆရာတွေကို တန်ဖိုးထားကြပါသနည်း။ ကျွန်တော်တို့နိုင်ငံတွင် အဘယ်ကြောင့် ကဗျာဆရာကိုတန်ဖိုးမထားတတ်ကြပါသနည်း။ ကျွန်တော်သည်  ပုဂံဝန်ထောက်ဦးတင်၏ ကဗျာဗန္ဓသာရ ကျမ်းမှ ' ပတ္တမြားအရည် ၊ နားမလည် ၊တပြည်ဆန်နှင့် လဲသောခေတ် ' ဆိုသည့်စကားကို သတိရလိုက်မိပါသည်။

 

၃။
မင်းတုန်းမင်းကြီးလက်ထက် ရွှေတိဂုံစေတီတော် ထီးတော်သစ်တင်လှူပွဲတွင် မွန်၊ဗမာ၊ကရင် ဗုဒ္ဓဘာသာဝင်များနှင့်အတူ ပုဇွန်တောင်၊ဗိုလ်တစ်ထောင်၊လမ်းမတော်၊ကြည့်မြင်တိုင်၊အလုံ စသည့် နယ်တစ်ဝိုက်မှ ရဟန်းရှင်လူပြည်သူများလည်း သိဂုၤတ္တရကုန်းတော်သို့ လှေကြီးလှေငယ် အသွယ်သွယ်ဖြင့်လာရောက်ဖူးမျှော်ကြပါသည်။ ထို ထီးတင်ပွဲတွင် အိန္ဒိယဘုရင်ခံချုပ်ကိုလည်း ဖိတ်ကြားထားပါသည်။ ဘုရင်ခံသည် ထီးဖြူနှစ်လက်မိုးကာ ကြွချီလာသော်လည်း သူ့အားကြိုဆိုမည့်သူမရှိ။ ဘုရားထီးတင်ပွဲတွင်သာ လူများစည်ကားနေကြသည်ကို မြင်တွေ့ရသည့်အခါ ထိုဘုရင်ခံချုပ်သည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ သင်္ဘောဖြင့် အိန္ဒိယသို့ပြန်သွားခဲ့သည်။

 

ပို၍ကံဆိုးသည်မှာ ဘုရင်ခံ၏သင်္ဘောအပြန်တွင် အက်ဒမန်ကျွန်းအနီး၌ ဓားနှင့် နှစ်ချက်ထိုးကာ လုပ်ကြံခံလိုက်ရပြီး ဘုရင်ခံမှာ သေဆုံးသွားခဲ့ပါသည်။ထိုအဖြစ်အပျက်ကိုမန္တလေးမြို့မှ ကဗျာဆရာ အချုပ်တန်းဆရာဖေက ကဗျာစပ်၍ ကလိပါသည်။
" ထီးဖြူတော်နှစ်လက်မို့ ဓားနှစ်ချက်မွှေသည်လေးလက်ဖြင့် ၊ လေးချက်မွှေမည် " ဟုရေးသားလိုက်ရာ အင်္ဂလိပ်မြန်မာ ရင်ကြားစေ့ရေးအစီအစဉ် ပျက်မည်စိုးသောကြောင့် ဆရာဖေကို ယာယီကဗျာရေးခွင့်ပိတ်ပင်ခံခဲ့ရသည်ဟု ဆိုပါသည်။
ခေတ်အဆက်ဆက်တွင် ကဗျာဆရာသည် မင်းစိုးရာဇာတို့၏ ရန်သူဖြစ်ပါသည်။ ကဗျာဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှ အစိုးရ၏ ရန်သူ နံပတ်တစ် ဖြစ်ပါသည်။ ပြင်သစ် ဆာရီရယ်လစ်ကဗျာဆရာ အင်ဒရေဘရေတန်သည် ဆိုဗီယက်အာဏာရှင် စတာလင်၏ ရန်သူဖြစ်ပါသည်။သူသည် မက်စ်ဝါဒကိုယုံကြည်သော်လည်း စတာလင်ကိုဆန့်ကျင်ခဲ့သောကြောင့်ဖြစ်ပါသည်။ သူကိုယ်တိုင်ကဗျာဆရာဖြစ်ခဲ့ဖူးသော ဖီလော်ဆော်ဖာ ပလေတိုသည် သူ၏ စိတ်ကူးယဉ်သမ္မ တနိုင်ငံတော်ကြီး အတွင်းသို့ ကဗျာဆရာများ မလာရ ဟုဆိုပါသည် ။ သို့ရာတွင် ကဗျာဆရာတို့သည် မည်သည့်ထီးနန်းရိပ်ကိုသော်မျှ မမှုကြပါ။ မဲဇာတောင်ခြေသို့ ပြည်နှင်ဒဏ်ပေးလျှင်လည်း ကဗျာစပ်ပါသည်။ ဆိုက်ဘေးရီးယားသို့ ပို့ခံရလျှင်လည်း ကဗျာစပ်ပါသည်။ ထောင်သွင်းအကျဉ်းချခံထားရလျှင်လည်း ကဗျာစပ်ပါသည်။ ကားစင်အတင်ခံနေချိန်တွင်လည်းကဗျာစပ်ပါသည်။သူတို့သည် တန်ခိုးလည်းရှိ၍ ရူးလည်း ရူးသွပ်နေသော နတ်သားတစ်ပါးလိုပင်ဖြစ်ပါသည်။

 

တစ်ခါတစ်ရံတွင် ထိုလူ့အဖွဲ့အစည်း၏ ဒဏ်ရာဒဏ်ချက်များကို စိတ်ပျက်လက်ပျက်ဖြစ်၍ငြီးငွေ့သွားကြသည့် ကဗျာဆရာတချို့လည်းရှိပါသည်။ မာယာကော့ဖ်စကီး ၊ ဆီလ်ဗီလ်ယာပလသ် ၊ ယက်စ်နင် စသူတို့မှာ ကမ္ဘာလောကကြီးအတွင်းမှ အသေထွက်ထွက်ခွာသွားကြပါသည်။ သူတို့ စိတ်ခံစားမှုကို နားမလည်ဘဲ သူတို့ရွေးချယ်မှုသည်အန္တရာယ်များသောရူးသွပ်မှုတစ်ခုဖြစ်သည်ဟု နှစ်ပေါင်းများစွာကြာပြီးသည့်နောက်မှ ကျွန်တော်တို့ စောဒကတက်ရန်မသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ခေတ်၏ တစ်ဖက်သတ်အသိအမြင်သည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ကဗျာဆရာတစ်ယောက်၏ ဘဝနေနည်းကို နားလည်ရန်မလုံလောက်သောကြောင့်ဖြစ်ပါသည်။
၁၉၈၄  ခုနှစ် တွင် နိုဘယ်လ်စာပေဆုရရှိခဲ့သည့် ချက်ကိုစလိုဗက် ကဗျာဆရာ ယာရောဆလပ်ဆိုက်ဖဲရ်တ် ( Seifert ) က ' ကျုပ်တို့မလိမ်နိုင်ဘူး ၊ အမှန်တရားကိုပဲရေးကြမယ်၊ ဒါကိုမှမဖြစ်နိုင်ဘူးဆိုရင်လည်း နှုတ်ဆိတ်နေလိုက်ကြမယ် ' ဟုပြောပါသည်။ မောင်သာနိုးမြန်မာပြန်ထားသော ဆိုက်ဖဲရ်တ် ၏ ကဗျာတစ်ပုဒ်ကို ဖတ်ကြည့်စေချင်ပါသည်။

 

အနှိမ့်ချဆုံးကဗျာ
-----------------------------
မြို့ဆီငုံ့ကိုင်းနေတဲ့တောင်မြင့်မြင့်ကြီးပေါ်မှာ
လက်ဆန့်တန်းကာ ရပ်လို့မို့
ငါဟာလမ်းကိုပြညွှန်နေတဲ့တမန်တော်၊
ဆင်းရဲသားတွေကို သူရို့ရဲ့တောက်ပတဲ့
နက်ဖန်အကြောင်း ဗျာဒိတ်ပေးနေတာပါပဲ။
ငါဟာမျှော်လင့်ချက်ကင်းမဲ့ချိန်မှာအကြံကောင်းတဲ့သုခမိန်။
လက်ထဲမှာဘယ်တော့မှ မညှိုးနွမ်းတဲ့ပန်းတစ်ပွင့်ကိုင်ထားတယ်။
ငါဟာ တော်လှန်ရေးမှာ ပထမဆုံးသေနတ်ဖောက်မယ့်သူ။
ပထမဆုံးကျဆုံးမယ့်သူဟာလည်း ငါပါပဲ။
ငါဟာ ဒဏ်ရာရသူတွေရဲ့ ဒဏ်ရာကိုပထမဆုံး
ဒူးထောက်စည်းနှောင်ပေးမယ့်သူ၊
ဘုရားသခင်လိုတန်ခိုးတော်အနန္တနဲ့ပြည့်စုံ။
ငါက ပိုသေးရဲ့၊
ငါက အများကြီးပိုပါသေးရဲ့။
ဒါပေမယ့်ငါဟာ တခြားတော့မဟုတ်
လူထုကြီးရဲ့အဆုံးအဖြတ်ကိုကျိုးကျိုးနွံနွံ
လိုက်နာလုပ်ဆောင်မယ့်သူ
ကဗျာဆရာ
ယာရောဆလပ်ဆိုက်ဖဲရ်တ် ။
                               ( တောမှော်ရုံလမ်း - မှ )

 

၄။
ကဗျာဆရာသည် တော်လှန်ရေးတွင် ပထမဆုံး ကျည်ဆန်ကို ပစ်ဖောက်ခဲ့ပါသည်။ သူသည် တိုက်ပွဲတွင် ပထမဆုံး ကျဆုံးခဲ့သူလည်းဖြစ်ပါသည်။ သို့သော် သူသည် ပြည်သူ့ဘက်ကရပ်တည်သော ကဗျာဆရာဖြစ်သောကြောင့် ဘယ်တော့မှ မသေဆုံးသော ကဗျာဆရာဖြစ်ပါသည်။ ထိုအရာသည် အသက်နှင့်ရင်းနှီးရသော ကဗျာတစ်ပုဒ်ဖြစ်ပါသည်။ သမိုင်းဆိုသည်မှာ တစ်ခါတစ်ရံမှသာ အလည်အပတ်ရောက်လာသော ဧည့်သည်များကို မှတ်တမ်းတင်ထားလေ့မရှိပါ။ ကမ္ဘာကြီး အိပ်မောကျနေချိန်တွင် အပေါစားအနုပညာပစ္စည်းများမှာ တစခန်းထလာတတ်ပါသည်။ အမြင်မတော်လျှင် ချောင်းဟန့်သံ တစ်ချက်လောက်သာ ပေးလိုက်ရန်လိုပါသည်။ သေနတ်သံတစ်ချက်လည်း ဖြစ်နိုင်ပါသည်။
 

ကြည်ဇော်အေး
Photo Credit:Aeon

 

(  Zawgyi  )

 

 ၁။
သတင္းတစ္ပုဒ္ဖတ္လိုက္ရသည္။ ၂၀၂၀  ခုႏွစ္အတြက္ ႏိုဘယ္လ္ဆုေပးပြဲအခမ္းအနားတြင္ အေမရိကန္ ကဗ်ာဆရာမ လူးဝစ္ဂလပ္ ( Louise Gluck ) စာေပႏိုဘယ္လ္ဆုရရွိသြားေသာ သတင္းျဖစ္သည္။ သူမသည္ ကဗ်ာ တြင္သာမကအက္ေဆးဆရာမတစ္ေယာက္လည္းျဖစ္သည္။ သို႔ရာတြင္ သူမသည္ စိတ္ေရာဂါေဝဒနာခံစားေနရသူျဖစ္ၿပီး သူ႔ကိုယ္သူ သတ္ေသရန္အထိႀကိဳးစားခဲ့ဖူးသည္။ ထိုေရာဂါေၾကာင့္ပင္ တကၠသိုလ္ၿပီးေအာင္ဆက္မတက္ႏိုင္ခဲ့ပါ။ သို႔ေသာ္ ဗားေမာင့္ ေကာလိပ္တြင္ ကဗ်ာသင္ၾကားေရးဆရာမအျဖစ္ အလုပ္လုပ္ခဲ့သည္။သူမသည္ စာေပႏိုဘယ္လ္ဆုမရမီကတည္းကပင္ အျခားစာေပဆုမ်ားစြာရရွိခဲ့သူျဖစ္၏။ ေျပာလိုသည္က သူ႔အေၾကာင္းမဟုတ္။ ႏိုင္ငံတကာတြင္ ကဗ်ာစာေပကို တန္ဖိုးထားေနရာေပးၾကပုံျဖစ္သည္။ ဘြဲ႕လည္းမရ ၊ စိတ္ေဝဒနာခံစားေနရသည့္ ကဗ်ာဆရာမတစ္ေယာက္ကို သူတို႔လူ႔အသိုင္းအဝိုင္းက မည္သို႔တုန႔္ျပန္ခဲ့ၾကသနည္း။ ကြၽန္ေတာ္တို႔ လူ႔အသိုင္းအဝိုင္းမွာဆိုလွ်င္ေကာ.... ။

၂။
ကဗ်ာဆရာဆိုတာ အူေၾကာင္ေၾကာင္၊ အလိုက္ကမ္းဆိုးမသိ၊ ေတြးခ်င္ရာေတြးၿပီးေျပာခ်င္ရာေျပာ ၊ ဆံပင္စုတ္ဖြား၊ မူးယစ္ေဆးဝါးသုံးစြဲသူ၊ ႏိုင္ငံေရးသမားေယာင္ေယာင္၊ ပရဟိတသမား ေယာင္ေယာင္၊ ပညာတတ္ေယာင္ေယာင္ စသည္ျဖင့္ ကြၽန္ေတာ္တို႔ လူ႔အအဖြဲ႕အစည္းက သတ္မွတ္ထားၾကသည့္ ဂုဏ္ထူးေဆာင္ဘြဲ႕ေတြတသီႀကီးႏွင့္ျဖစ္သည္။

ထိုလူ႔အဖြဲ႕အစည္းမွာ ေဇာ္ဂ်ီ ၊ မင္းသုဝဏ္ ၊ ေမာင္ျဖဴး အစရွိသည့္ ပညာရွင္ ကဗ်ာဆရာႀကီးမ်ား၏ ကဗ်ာမ်ားႏွင့္ အေျခခံ ပညာသင္ၾကားခဲ့သည္ကိုေမ့ေလ်ာ့ေနေသာသူမ်ားျဖစ္သည္။ ထိုလူ႔အဖြဲ႕အစည္းမွာ သားေခ်ာ့ေတးကဗ်ာမ်ားႏွင့္ အိပ္ရာဝင္ခဲ့ၾကရသည္ကို အတိတ္ေမ့ေနၾကသူမ်ားျဖစ္သည္။ ထိုလူ႔အဖြဲ႕အစည္းမွာ မိမိတို႔ႏိုင္ငံ၏ ေရေျမေတာင္သဘာဝအလွတရားကို ေမ့ေပ်ာက္ကာ သဘာဝသယံဇာတကိုျဖဳန္းတီးဖ်က္ဆီးပစ္ေနၾကေသာ ဥစၥာ႐ူးမ်ားျဖစ္ၾကသည္။ ရတနာဆိုသည္မွာ လမ္းခင္းေက်ာက္စရစ္ခဲမ်ားမဟုတ္ပါ။ ကဗ်ာသည္ကုမၸဏီႀကီးမ်ား ထုတ္လုပ္ေရာင္းခ်၍မရေသာသယံဇာတျဖစ္ပါသည္။ေငြႏွင့္ဝယ္လို႔မရပါ။အာဏာႏွင့္သိမ္းပိုက္၍မရပါ။ ကဗ်ာဆရာ ဆိုဇင္နစ္ဇင္ အား ဆိုဗီယက္ျပည္ေထာင္စုမွ ျပည္ႏွင္ဒဏ္ေပးလိုက္သည့္အခါ ဆိုဇင္နစ္ဇင္ ျပန္ေျပာပုံက သင္း လိုက္သည့္ျဖစ္ျခင္း ။  " ကြၽန္ေတာ္က ဆိုဗီယက္ျပည္ေထာင္စုကို ဆုံးရႈံးလိုက္တာမဟုတ္ပါဘူး၊ဆိုဗီယက္ျပည္ေထာင္စုႀကီးကသာ ကြၽန္ေတာ့္ကို ဆုံးရႈံးလိုက္တာပါ " ဟူ၏။
ကြၽန္ေတာ္သည္ ပိုစ့္ေမာ္ဒန္စာေရးဆရာ ဂ်ဴလီယန္ဘန္းနက္စ္ Julin Barnes ၏  ' နိဂုံးရဲ႕အဓိပၸာယ္ ' ( The Sense of an Ending ) ဟူသည့္ဝတၳဳကို႐ုပ္ရွင္ျပန္႐ိုက္ထားသည့္ဇာတ္ဝင္ခန္းတစ္ခုကိုသတိရေနမိပါသည္။ ေႏြရာသီေက်ာင္းပိတ္ရက္တြင္ အိမ္သို႔အလည္အပတ္ျပန္လာေသာ သမီးျဖစ္သူက သူ႔ရည္းစားကိုေခၚလာကာ မိဘမ်ားႏွင့္မိတ္ဆက္ေပးပါသည္။ ညစာစားပြဲတြင္ မိဘမ်ားက သမီးျဖစ္သူ၏ ရည္းစားကို ဘာေမဂ်ာယူထား သလဲေမးေတာ့ အဂၤလိပ္စာေပ ယူထားသည္ဟုဆို၏။

ေက်ာင္းၿပီးရင္ ဘာလုပ္မလဲဟုထပ္ေမး၏။ ထိုေကာင္ေလး က ကြၽန္ေတာ္ကဗ်ာဆရာလုပ္မယ္ဟုျပန္ေျဖလိုက္၏။ ထိုအခါ မိဘႏွစ္ပါးက သူတို႔အႀကိဳက္ဆုံး အဂၤလိပ္ကဗ်ာ ဆရာမ်ား ၏ ကဗ်ာစာပိုဒ္ေတြကို လက္တန္း႐ြတ္ျပၾကသည္။ ညစာစားပြဲသည္ ေပ်ာ္႐ႊင္စြာၿပီးဆုံးသြားပါသည္။ ေနာက္တစ္ေန႔မနက္တြင္ ' မင္း ငါ့သမီးကို ငါတို႔ဆီက အေဝးႀကီးေခၚမသြားရင္ၿပီးတာပါပဲ 'ဟု အေမလုပ္သူက မွာလိုက္ပါသည္။ ထိုအရာသည္ လြမ္းရမည္လား ၊ ေပ်ာ္႐ႊင္ရမည္လား ခုထိကြၽန္ေတာ္ မေဝခြဲတတ္ေသးပါ။
ကဗ်ာဆရာသည္ လႊတ္ေတာ္အမတ္တစ္ေယာက္ေလာက္ ၊ သေဘၤာသားတစ္ေယာက္ေလာက္ ၊ ေရွ႕ေနတစ္ေယာက္ေလာက္ ၊ ေဘာလုံးသမားတစ္ေယာက္ေလာက္ ဝင္ေငြေကာင္းသူမဟုတ္ပါ။ ကဗ်ာဆရာသည္ ေငြေနာက္တေကာက္ ေကာက္လိုက္လိုက္ေနသည့္ စေတာ့ပြဲစားတစ္ေယာက္လည္း မဟုတ္ပါ။ ရာထူးရာခံရွိသည့္ပုဂၢိဳလ္ႀကီးမ်ားႏွင့္ ပလူးပလဲလုပ္ေနၾကသူမ်ားလည္း မဟုတ္ပါ။ သို႔ႏွင့္တိုင္ သူတို႔ႏိုင္ငံတြင္ အဘယ္ေၾကာင့္ ကဗ်ာဆရာေတြကို တန္ဖိုးထားၾကပါသနည္း။ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ အဘယ္ေၾကာင့္ ကဗ်ာဆရာကိုတန္ဖိုးမထားတတ္ၾကပါသနည္း။ ကြၽန္ေတာ္သည္  ပုဂံဝန္ေထာက္ဦးတင္၏ ကဗ်ာဗႏၶသာရ က်မ္းမွ ' ပတၱျမားအရည္ ၊ နားမလည္ ၊တျပည္ဆန္ႏွင့္ လဲေသာေခတ္ ' ဆိုသည့္စကားကို သတိရလိုက္မိပါသည္။

၃။
မင္းတုန္းမင္းႀကီးလက္ထက္ ေ႐ႊတိဂုံေစတီေတာ္ ထီးေတာ္သစ္တင္လႉပြဲတြင္ မြန္၊ဗမာ၊ကရင္ ဗုဒၶဘာသာဝင္မ်ားႏွင့္အတူ ပုဇြန္ေတာင္၊ဗိုလ္တစ္ေထာင္၊လမ္းမေတာ္၊ၾကည့္ျမင္တိုင္၊အလုံ စသည့္ နယ္တစ္ဝိုက္မွ ရဟန္းရွင္လူျပည္သူမ်ားလည္း သိဂုတၤၱရကုန္းေတာ္သို႔ ေလွႀကီးေလွငယ္ အသြယ္သြယ္ျဖင့္လာေရာက္ဖူးေမွ်ာ္ၾကပါသည္။ ထို ထီးတင္ပြဲတြင္ အိႏၵိယဘုရင္ခံခ်ဳပ္ကိုလည္း ဖိတ္ၾကားထားပါသည္။ ဘုရင္ခံသည္ ထီးျဖဴႏွစ္လက္မိုးကာ ႂကြခ်ီလာေသာ္လည္း သူ႔အားႀကိဳဆိုမည့္သူမရွိ။ ဘုရားထီးတင္ပြဲတြင္သာ လူမ်ားစည္ကားေနၾကသည္ကို ျမင္ေတြ႕ရသည့္အခါ ထိုဘုရင္ခံခ်ဳပ္သည္ ေဒါသအမ်က္ေျခာင္းေျခာင္းထြက္ကာ သေဘၤာျဖင့္ အိႏၵိယသို႔ျပန္သြားခဲ့သည္။

ပို၍ကံဆိုးသည္မွာ ဘုရင္ခံ၏သေဘၤာအျပန္တြင္ အက္ဒမန္ကြၽန္းအနီး၌ ဓားႏွင့္ ႏွစ္ခ်က္ထိုးကာ လုပ္ႀကံခံလိုက္ရၿပီး ဘုရင္ခံမွာ ေသဆုံးသြားခဲ့ပါသည္။ထိုအျဖစ္အပ်က္ကိုမႏၲေလးၿမိဳ႕မွ ကဗ်ာဆရာ အခ်ဳပ္တန္းဆရာေဖက ကဗ်ာစပ္၍ ကလိပါသည္။
" ထီးျဖဴေတာ္ႏွစ္လက္မို႔ ဓားႏွစ္ခ်က္ေမႊသည္ေလးလက္ျဖင့္ ၊ ေလးခ်က္ေမႊမည္ " ဟုေရးသားလိုက္ရာ အဂၤလိပ္ျမန္မာ ရင္ၾကားေစ့ေရးအစီအစဥ္ ပ်က္မည္စိုးေသာေၾကာင့္ ဆရာေဖကို ယာယီကဗ်ာေရးခြင့္ပိတ္ပင္ခံခဲ့ရသည္ဟု ဆိုပါသည္။
ေခတ္အဆက္ဆက္တြင္ ကဗ်ာဆရာသည္ မင္းစိုးရာဇာတို႔၏ ရန္သူျဖစ္ပါသည္။ ကဗ်ာဆရာႀကီး သခင္ကိုယ္ေတာ္မႈိင္းသည္ ၿဗိတိသွ် အစိုးရ၏ ရန္သူ နံပတ္တစ္ ျဖစ္ပါသည္။ ျပင္သစ္ ဆာရီရယ္လစ္ကဗ်ာဆရာ အင္ဒေရဘေရတန္သည္ ဆိုဗီယက္အာဏာရွင္ စတာလင္၏ ရန္သူျဖစ္ပါသည္။သူသည္ မက္စ္ဝါဒကိုယုံၾကည္ေသာ္လည္း စတာလင္ကိုဆန႔္က်င္ခဲ့ေသာေၾကာင့္ျဖစ္ပါသည္။ သူကိုယ္တိုင္ကဗ်ာဆရာျဖစ္ခဲ့ဖူးေသာ ဖီေလာ္ေဆာ္ဖာ ပေလတိုသည္ သူ၏ စိတ္ကူးယဥ္သမၼ တႏိုင္ငံေတာ္ႀကီး အတြင္းသို႔ ကဗ်ာဆရာမ်ား မလာရ ဟုဆိုပါသည္ ။ သို႔ရာတြင္ ကဗ်ာဆရာတို႔သည္ မည္သည့္ထီးနန္းရိပ္ကိုေသာ္မွ် မမႈၾကပါ။ မဲဇာေတာင္ေျခသို႔ ျပည္ႏွင္ဒဏ္ေပးလွ်င္လည္း ကဗ်ာစပ္ပါသည္။ ဆိုက္ေဘးရီးယားသို႔ ပို႔ခံရလွ်င္လည္း ကဗ်ာစပ္ပါသည္။ ေထာင္သြင္းအက်ဥ္းခ်ခံထားရလွ်င္လည္း ကဗ်ာစပ္ပါသည္။ ကားစင္အတင္ခံေနခ်ိန္တြင္လည္းကဗ်ာစပ္ပါသည္။သူတို႔သည္ တန္ခိုးလည္းရွိ၍ ႐ူးလည္း ႐ူးသြပ္ေနေသာ နတ္သားတစ္ပါးလိုပင္ျဖစ္ပါသည္။

တစ္ခါတစ္ရံတြင္ ထိုလူ႔အဖြဲ႕အစည္း၏ ဒဏ္ရာဒဏ္ခ်က္မ်ားကို စိတ္ပ်က္လက္ပ်က္ျဖစ္၍ၿငီးေငြ႕သြားၾကသည့္ ကဗ်ာဆရာတခ်ိဳ႕လည္းရွိပါသည္။ မာယာေကာ့ဖ္စကီး ၊ ဆီလ္ဗီလ္ယာပလသ္ ၊ ယက္စ္နင္ စသူတို႔မွာ ကမာၻေလာကႀကီးအတြင္းမွ အေသထြက္ထြက္ခြာသြားၾကပါသည္။ သူတို႔ စိတ္ခံစားမႈကို နားမလည္ဘဲ သူတို႔ေ႐ြးခ်ယ္မႈသည္အႏၲရာယ္မ်ားေသာ႐ူးသြပ္မႈတစ္ခုျဖစ္သည္ဟု ႏွစ္ေပါင္းမ်ားစြာၾကာၿပီးသည့္ေနာက္မွ ကြၽန္ေတာ္တို႔ ေစာဒကတက္ရန္မသင့္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ကြၽန္ေတာ္တို႔ေခတ္၏ တစ္ဖက္သတ္အသိအျမင္သည္ လြန္ခဲ့ေသာ ႏွစ္တစ္ရာခန႔္က ကဗ်ာဆရာတစ္ေယာက္၏ ဘဝေနနည္းကို နားလည္ရန္မလုံေလာက္ေသာေၾကာင့္ျဖစ္ပါသည္။
၁၉၈၄  ခုႏွစ္ တြင္ ႏိုဘယ္လ္စာေပဆုရရွိခဲ့သည့္ ခ်က္ကိုစလိုဗက္ ကဗ်ာဆရာ ယာေရာဆလပ္ဆိုက္ဖဲရ္တ္ ( Seifert ) က ' က်ဳပ္တို႔မလိမ္ႏိုင္ဘူး ၊ အမွန္တရားကိုပဲေရးၾကမယ္၊ ဒါကိုမွမျဖစ္ႏိုင္ဘူးဆိုရင္လည္း ႏႈတ္ဆိတ္ေနလိုက္ၾကမယ္ ' ဟုေျပာပါသည္။ ေမာင္သာႏိုးျမန္မာျပန္ထားေသာ ဆိုက္ဖဲရ္တ္ ၏ ကဗ်ာတစ္ပုဒ္ကို ဖတ္ၾကည့္ေစခ်င္ပါသည္။

အႏွိမ့္ခ်ဆုံးကဗ်ာ
-----------------------------
ၿမိဳ႕ဆီငုံ႔ကိုင္းေနတဲ့ေတာင္ျမင့္ျမင့္ႀကီးေပၚမွာ
လက္ဆန႔္တန္းကာ ရပ္လို႔မို႔
ငါဟာလမ္းကိုျပၫႊန္ေနတဲ့တမန္ေတာ္၊
ဆင္းရဲသားေတြကို သူ႐ို႕ရဲ႕ေတာက္ပတဲ့
နက္ဖန္အေၾကာင္း ဗ်ာဒိတ္ေပးေနတာပါပဲ။
ငါဟာေမွ်ာ္လင့္ခ်က္ကင္းမဲ့ခ်ိန္မွာအႀကံေကာင္းတဲ့သုခမိန္။
လက္ထဲမွာဘယ္ေတာ့မွ မညႇိဳးႏြမ္းတဲ့ပန္းတစ္ပြင့္ကိုင္ထားတယ္။
ငါဟာ ေတာ္လွန္ေရးမွာ ပထမဆုံးေသနတ္ေဖာက္မယ့္သူ။
ပထမဆုံးက်ဆုံးမယ့္သူဟာလည္း ငါပါပဲ။
ငါဟာ ဒဏ္ရာရသူေတြရဲ႕ ဒဏ္ရာကိုပထမဆုံး
ဒူးေထာက္စည္းေႏွာင္ေပးမယ့္သူ၊
ဘုရားသခင္လိုတန္ခိုးေတာ္အနႏၲနဲ႔ျပည့္စုံ။
ငါက ပိုေသးရဲ႕၊
ငါက အမ်ားႀကီးပိုပါေသးရဲ႕။
ဒါေပမယ့္ငါဟာ တျခားေတာ့မဟုတ္
လူထုႀကီးရဲ႕အဆုံးအျဖတ္ကိုက်ိဳးက်ိဳးႏြံႏြံ
လိုက္နာလုပ္ေဆာင္မယ့္သူ
ကဗ်ာဆရာ
ယာေရာဆလပ္ဆိုက္ဖဲရ္တ္ ။
                               ( ေတာေမွာ္႐ုံလမ္း - မွ )

၄။
ကဗ်ာဆရာသည္ ေတာ္လွန္ေရးတြင္ ပထမဆုံး က်ည္ဆန္ကို ပစ္ေဖာက္ခဲ့ပါသည္။ သူသည္ တိုက္ပြဲတြင္ ပထမဆုံး က်ဆုံးခဲ့သူလည္းျဖစ္ပါသည္။ သို႔ေသာ္ သူသည္ ျပည္သူ႔ဘက္ကရပ္တည္ေသာ ကဗ်ာဆရာျဖစ္ေသာေၾကာင့္ ဘယ္ေတာ့မွ မေသဆုံးေသာ ကဗ်ာဆရာျဖစ္ပါသည္။ ထိုအရာသည္ အသက္ႏွင့္ရင္းႏွီးရေသာ ကဗ်ာတစ္ပုဒ္ျဖစ္ပါသည္။ သမိုင္းဆိုသည္မွာ တစ္ခါတစ္ရံမွသာ အလည္အပတ္ေရာက္လာေသာ ဧည့္သည္မ်ားကို မွတ္တမ္းတင္ထားေလ့မရွိပါ။ ကမာၻႀကီး အိပ္ေမာက်ေနခ်ိန္တြင္ အေပါစားအႏုပညာပစၥည္းမ်ားမွာ တစခန္းထလာတတ္ပါသည္။ အျမင္မေတာ္လွ်င္ ေခ်ာင္းဟန႔္သံ တစ္ခ်က္ေလာက္သာ ေပးလိုက္ရန္လိုပါသည္။ ေသနတ္သံတစ္ခ်က္လည္း ျဖစ္ႏိုင္ပါသည္။

ၾကည္ေဇာ္ေအး
Photo Credit:Aeon