【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အစိုးရအမှုထမ်းတွေကို ခပ်ကြမ်းကြမ်းသတိပေးခဲ့တဲ့ သမ္မတ

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 အစိုးရအမှုထမ်းတွေကို ခပ်ကြမ်းကြမ်းသတိပေးခဲ့တဲ့ သမ္မတ

ယခုတစ်ပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။အာဏာရပါတီကနေ နုတ်ထွက်ထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မကွေးတိုင်းဝန်ကြီးချုပ်နှင့် ဝန်ကြီးသုံးဦးကို မန်းရွှေစက်တော် ဘုရားပွဲကာလ တည်းခိုဆောင်မှာ တည်းခိုစရိတ်မပေးဘဲတည်းလို့ နိုင်ငံရေးအရ အဂတိလိုက်စားမှုရှိတယ်ဆိုပြီး တိုင်ကြားထားတဲ့အမှု၊  ကရင်ပြည်နယ်က ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နုတ်ထွက်တဲ့ သတင်း၊ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းရှစ်ဦးကို ရာထူးထုတ်ပယ်ခံရတဲ့ သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်းက တရားစွဲဆိုခဲ့တဲ့ သတင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာတစ်ဦးကို စပါးစိုက်ပျိုးမှုချေးငွေ အတိုး ၅ ရာခိုင်နှုန်း ကိုယ်ကျိုးအတွက် ရယူခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခဲ့တဲ့ သတင်းတွေ ဒီတစ်ပတ်မှာ စိတ်ဝင်စားမှု ပိုခဲ့ပါတယ်။

ဒီသတင်းတွေထဲကနေ အများပြည်သူ စိတ်ဝင်စားခဲ့တာက နေပြည်တော်ကောင်စီရုံးမှာ နေပြည်တော်မှာရှိတဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးဝင်းမြင့် က အစိုးရအမှုထမ်းတွေကို ရတဲ့လစာ၊ အဆောင်အယောင်ကို သာယာမက်မောမနေကြနဲ့လို့ သတိပေးခဲ့တဲ့ သတင်း၊ လွိုင်ကော်က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိစ္စ၊ မဂ္ဂါဝပ် ၁၇၀ ထွက်မယ့် ဆိုလာနေစွမ်းအင် လျှပ်စစ်စက်ရုံ သတင်း၊ သိန်း၂၀ လာဘ်စားပြီး ထွက်ပြေးတဲ့ တရားသူကြီး အမျိုးသမီးတစ်ဦး သတင်းတွေက ဒီတစ်ပတ်မှာ အများသူငှာကြား ဆွေးနွေးပြောဆိုစရာ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုပါသတင်းတွေက ယခုတစ်ပတ် စီးပွားရေးဆိုင်ရာ သတင်းတွေဖြစ်တဲ့ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က စင်ကာပူရေနံကုမ္ပဏီ (SPC) ၏ အမှတ်တံဆိပ်နဲ့ မြန်မာနိုင်ငံထဲ ဓာတ်ဆီဆိုင် အများအပြား ဖွင့်လှစ်မယ်ဆိုတဲ့ သတင်း၊ ရန်ကုန်မြို့ရဲ့ လက်ရှိ မိလ္လာစနစ်ပြုပြင်ဖို့ အပါအဝင် မြို့ပြဖွံ့ဖြိုးရေးအတွက် JICA ထံကနေ ယန်း ၈၂ ဒသမ ၂၇၃ ဘီလျံ ချေးယူဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ သတင်းတွေထက်လည်း ပိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ခပ်ကြမ်းကြမ်းသတိပေးခဲ့တဲ့ သမ္မတ

ယနေ့မှာ သမ္မတ ဦးဝင်းမြင့် က နေပြည်တော်ကောင်စီရုံးမှာ နေပြည်တော်မှာရှိတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ဒီတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ၄ ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နဲ့ နေပြည်တော်ကောင်စီအတွင်းက ဌာနဆိုင်ရာ အရာထမ်းတွေ တက်ရောက်ခဲ့ပါတယ်။ဒါဟာ ပြီးခဲ့တဲ့လပိုင်းတွေက ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီးနောက် ပဉ္စမမြောက် အောက်ခြေထိ တွေ့ဆုံမှုပါဘဲ။

ဒီတွေ့ဆုံပွဲမှာ သမ္မတက အဆောင်အယောင်၊ အသုံးစရိတ်၊ ချီးမြှင့်ငွေနဲ့ လစာအပေါ်မှာ သာယာနေမယ်ဆိုရင် အဲ့ဒါ ပြုပြင်ပြောင်းလဲမှု မဟုတ်ဘူးလို့ တက်ရောက်လာတဲ့သူတွေကို ပြောခဲ့ပါတယ်။သမ္မတက “ရတဲ့လစာ၊ အဆောင်အယောင်ကို သာယာမက်မောမနေကြဖို့ ပြောကြားလိုပါတယ်။ကိုယ်တာဝန်ယူရတဲ့ အချိန်မှာ နောင်အနာဂါတ်မျိုးဆက်အတွက် အေးချမ်းသာယာတဲ့ နိုင်ငံတော်အဖြစ် ထားခဲ့ကြစေချင်ပါတယ်။နောင်ခါလာနောင်ခါဈေး မထားခဲ့ကြပါနဲ့" လို့ ပြောခဲ့သလို သူ့အနေနဲ့လည်း တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပြီး အဆောင်အယောင်တွေအပေါ်မှာ သာယာ၊ ပျော်မွေ့မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် “သမ္မတမို့လို့၊ ဝန်ကြီးချုပ်မို့လို့၊ လွှတ်တော်ကိုယ်စားလှယ်မို့လို့၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမို့လို့ စသည်ဖြင့် အခွင့်အရေးမျိုးဆိုတာမျိုး ဥပဒေအထက်မှာ ယူဖို့မဟုတ်ပါဘူး။အားလုံးဟာ ဥပဒေနဲ့အညီ အမျှဖြစ်ရမှာ ဖြစ်ပါတယ်။ဥပဒေရဲ့ရှေ့မှောက် ရောက်လာရင် အားလုံးအညီအမျှဖြစ်ရမယ်။ဥပဒေအထက်မှာ မည်သူမျှ မရှိရဘူး” လို့ ပြောခဲ့ပါတယ်။တရားစီရင်ရာမှာလည်း မျက်နှာကြီးငယ်မလိုက်၊ ရာထူးဂုဏ်သိမ် အရှိန်အဝါမရွေး ဥပဒေမျိုးသာ လိုလားတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။

ဥပဒေသမားတစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်ယူချိန်မှာ လွှတ်တော်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ခဲ့တဲ့ သမ္မတ ဦးဝင်းမြင့် ဟာ သူ့လက်ထက်မှာ အဂတိလိုက်စားမှုကို တိတိကျကျ ဖော်ထုတ်လာတာ တွေ့ရသလို ဌာနတွေထဲ ခိုကပ်နေတဲ့ အဂတိတရားလိုက်စားတဲ့သူတွေကို ဖယ်ထုတ်နေခဲ့တာကို တွေ့ရ ပါတယ်။မကြာမီက လွှတ်တော်မှာ အရာရှိကြီး ၂၀၀ ဝန်းကျင် ပါဝင်လိုက်ပါမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်နိုင်မယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ပြောခဲ့ပြီးနောက်ပိုင်းမှာ သမ္မတက အစိုးရအမှုတွေကို ဒီလို ခပ်ကြမ်းကြမ်း သတိပေးချက် ထွက်လာခဲ့တဲ့အတွက် မိုးကျရွှေကိုယ်တွေ ကြီးစိုးထားတဲ့  မြန်မာနိုင်ငံရဲ့ အစိုးရဝန်ထမ်းလောကမှာ ဘာတွေဖြစ်လာဦးမလဲ၊ လက်ကျန်သက်တမ်းနှစ်နှစ်မှာ ဘာတွေပြောင်းလဲလာဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီလိုသတင်းအပြင် ယခုတစ်ပတ်ထဲမှာဘဲ  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ ရဲ့ သုံးရက်တာ ခရီးစဉ်အတွင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် မြို့တွေကိုလည်း သွားရောက်ခဲ့ပါတယ်။ပထမအကြိမ် လာရောက်တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လဝက ဝန်ကြီး ဦးသိန်းဆွေ နှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ယခု ဒုတိယအကြိမ် လာရောက်စဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လဝက ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ယခုခရီးစဉ်အပြီးမှာ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေ ပြန်ဝင်လာဖို့ ရှိမလား၊ ဒါမှမဟုတ် ယခင်ကထက် ပြည်ပဖိအား လျော့လာမလား၊ ပိုလာမလားဆိုတာ စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။

အဖြေရှာရမယ့် ဗိုလ်ချုပ်ရုပ်တုနေရာ

ယခုရက်သတ္တပတ်ထဲမှာဘဲ ရုပ်တုတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ဒါက ကိုလိုနီခေတ် မြန်မာသမိုင်းမှာ ထင်ရှားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုး ဗိုလ်မင်းရောင် ရုပ်တုပါ။ဒီရုပ်တုကို မေ ၁၈ ရက်က ဗိုလ်မင်းရောင်ရဲ့ ဇာတိ မကွေးတိုင်းဒေသကြီး မြို့လုလင်ရွာမှာ ဖွင့်ခဲ့ပါတယ်။ဗိုလ်မင်းရောင် ရုပ်တုဖွင့်ပွဲ လုပ်တဲ့နေ့မှာဘဲ လွိုင်ကော်မှာထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို လာဖယ်ရှားမှာစိုးလို့ အစောင့်အရှောက်တွေနဲ့ ထားရတဲ့အဖြစ်ကို ရောက်နေပါတယ်။

မေလအစောပိုင်းက လွိုင်ကော်မှာ ကရင်နီလူငယ်တွေနဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ တွေ့ဆုံခဲ့ရာမှာ ဝန်ကြီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို မဖယ်ရှားပေးနိုင်ဘူးလို့ ယတိပြတ်ငြင်းဆန်ခဲ့ပါတယ်။ဒီလို ပြည်နယ်အာဏာပိုင်တွေဘက်က ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို ကရင်နီ အမျိုးသားလူငယ် အစည်းအရုံး (KNYO) ဘက်က သဘောထားထုတ်ပြန်မှုတစ်ရပ် ထုတ်ပြန်ခဲ့ပြီး ဒီထုတ်ပြန်ချက်မှာ ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေက အာဏာရှင်ဆန်တယ်လို့ ဖော်ပြခဲ့ပါတယ်။ကရင်နီ လူငယ်အင်အားစုတွေက ရုပ်တုကို ဖယ်ရှားဖို့ ဆန္ဒဖော်ထုတ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့သလို ပြည်နယ်အစိုးရ အာဏာပိုင်တွေဘက်က ကယားပြည်နယ်အတွင်း မေ ၁၄ ရက်နေ့မှ စတင်ကာ အရေးကြီးကာလအဖြစ် သတ်မှတ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှိတဲ့ ပန်းခြံမှာ အကာအရံတွေ၊ သံဆူးကြိုးတွေနဲ့ လုံခြုံရေးတွေ ချထားခဲ့ပါတယ်။

လတ်တလောမှာ ဒီပြဿနာဟာ ငြိမ်နေသလို တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်မှုတွေ ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု လွိုင်ကော်မှာဘဲ ဆက်ရှိနေဦးမှာလား ဘယ်ရောက်ဖို့ရှိမလဲဆိုတာ စိတ်ဝင်စားစရာ ပြဿနာပါ။

ဒီလိုပြဿနာတွေရှိနေပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ဖို့ စီစဉ်ထားတဲ့အတွက် အရပ်သားအစိုးရလက်ထက်မှာ ဖြစ်နေတဲ့ ပြဿနာတွေက အကြေအလည် မဆွေးနွေးတဲ့ ပြဿနာတွေနဲ့ တိုင်းရင်းသားတွေကြား အချို့ကိစ္စတွေမှာ ထိရှလွယ်နေတာတွေက သတိထားဖို့ လိုနေတာကို ဒီပြဿနာတွေက မီးမောင်းထိုးပြခဲ့ပါတယ်။    

နေရောင်ခြည်ကရမယ့် မဂ္ဂါဝပ် ၁၇၀

လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေကြောင့် အတော်လေးဆူပွက်နေတဲ့ မြန်မာပြည်မှာ သတင်းတစ်ခုကြောင့် လျှပ်စစ်ကိစ္စ ဘာတွေဖြစ်လာနိုင်သလဲ၊ တစ်ကယ်ဘဲ ဖြေရှင်းနိုင်ပါ့မလားဆိုတာ တွေ့ရပါတယ်။ဒီသတင်းက အခြားမဟုတ်ပါဘူး။အပူပိုင်းဒေသ မင်းဘူးမှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက မေလထဲမှာ လျှပ်စစ် စတင်ထုတ်လုပ်မယ်ဆိုတဲ့ သတင်းပါ။

၂၀၁၆ ခုနှစ်မှ စတင်လက်မှတ်ရေးထိုးပြီး လုပ်ခဲ့တဲ့ လျှပ်စစ် မဂ္ဂါဝပ် ၁၇၀ အထိ ထုတ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အပူပိုင်းဒေသ မင်းဘူးမှာ တည်ဆောက်နေတာဖြစ်ပြီး အခု ပထမအဆင့် မဂ္ဂါဝပ် ၄၀ စီမံကိန်းက ရာခိုင်နူန်း ၉၀ ကျော်ပြီးလို့ မေလထဲမှာ လျှပ်စစ်စထုတ်တော့မယ်ဆိုတဲ့ သတင်းပါဘဲ။မဂ္ဂါဝပ် ၂၀ ကို လာမည့် မေလအကုန်မှာ စတင်ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးမယ်ဆိုတဲ့အတွက် လျှပ်စစ်လိုအပ်ချက်ကြီးတဲ့ မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိရောက်မှုရှိမလဲ၊ မင်းဘူးဒေသ ဘယ်လိုဖွံ့ဖြိုးလာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီလိုသတင်းအပြင် မကြာခဏဆိုသလို မြေပြိုတောင်ပြိုတာတွေကြောင့် အသေအပျောက်များတဲ့ ဖားကန့်မှာ မိုးရာသီကာလအတွင်း ကျောက်စိမ်းလုပ်ကွက်တွေမှာ ကျောက်စိမ်းတူးဖော်မှု သုံးလတာ ရပ်နားမယ်လို့ မေ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ပြောခဲ့တာလည်း ရှိခဲ့ပါတယ်။ဒါပေမယ့် အမြဲတမ်းအတွင်းဝန်ကတော့ လွှတ်တော်ကို တင်ပြပြီးမှ သမ္မတဆီကနေ ပြန်လာမှာဖြစ်တဲ့ အတွက် အကျိုးအမြတ်ကြီးမားတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ အထက်ကကျလာတဲ့ အမိန့်အတိုင်း တစ်ကယ်ဘဲ တူးဖော်မှုရပ်နားမလား၊ ဘယ်လိုချိုးဖောက်မှုတွေနဲ့ ဆက်လုပ်ကျလို့ ဘာတွေဖြစ်ကြဦးမလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပြည်တွင်း ပြည်ပ ကျော်ကြားတဲ့ ကျိုက်ထီးရိုးစေတီမှာ မေ ၁၅ ရက်က  မိုးကြိုးထိမှန်လို့ ရွှေသင်္ကန်းတွေ ကွာကျခဲ့ပါတယ်။မိုးကြိုးထိမှန်လို့ ရွှေသင်္ကန်း ၇၂ ကျပ်သားခန့် ကွာကျခဲ့သလို ကျောက်သမံစေတီရဲ့ သလင်းကျောက် စိန်ဖူးတော် ပျောက်ဆုံးခဲ့လို့ နောက်ထပ်မဖြစ်အောင် ဂေါပကအဖွဲ့က ကျိုက်ထီးရိုးစေတီမှာ မိုးကြိုးလွှဲတပ်မယ်ဆိုပါတယ်။ လာမည့် သီတင်းကျွတ် တောင်ဖွင့်ပွဲမတိုင်မီ မိုးကြိုးလွဲတပ်မယ်ဆိုတဲ့အတွက် ကြုံတောင်ကြုံခဲ မိုးကြိုးခတဲ့ ကျိုက်ထီးရိုးစေတီအတွက်ရော လာဖူးမြှော်တဲ့သူတွေအတွက်ပါ ကောင်းတဲ့လုပ်ဆောင်မှုဘဲ ဖြစ်ပါတယ်။    

သိန်း ၂၀ နဲ့ ထွက်ပြေးတိမ်းရှောင်တဲ့ တရားသူကြီး

ယခုတစ်ပတ် မှုခင်းနောက်ခံ သတင်းတွေထဲမှာ ထူးခြားစိတ်ဝင်စားဖွယ် သတင်းအချို့ရှိခဲ့ပါတယ်။ဒီသတင်းတွေထဲက မင်းလှမှာဖြစ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှု သတင်းနဲ့ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံရလို့ ထွက်ပြေးနေတဲ့ တရားသူကြီး သတင်းတွေက လူများစိတ်ဝင်စားစရာ သတင်းထဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ယခုနောက်ပိုင်းတွေ့လာရတဲ့ မှုခင်းတွေက သက်ငယ်မုဒိမ်း သတင်းတွေပါဘဲ။အကာအကွယ်မဲ့တဲ့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တွေက အတော်လေးလူမဆန်သလို စက်ဆုပ်စရာလည်းကောင်းပါတယ်။

ဒီလိုစက်ဆုပ်စရာကောင်းတဲ့ မှုခင်းတစ်ခု ယခုတစ်ပတ်မှာ မင်းလှမှာ ဖြစ်ခဲ့ပါတယ်။ဦးလေးဖြစ်သူထံ ၃ နှစ်အရွယ် ကလေးငယ်ကို အပ်ထားပြီး အလုပ်သွားလုပ်နေရာမှာ ဦးလေးတော်စပ်တဲ့သူက ကလေးငယ်ကို အိမ်သာထဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်ရပ်ပါ။ကလေးက မအေဖြစ်သူ ပြန်လာတဲ့အခါ မိခင်ကို ပြန်ပြောပြခဲ့ရာကနေ ယခုလိုဖြစ်ပွားတာကို သိရတာဖြစ်ပြီး ကျူးလွန်သူ ဦးလေးကတော့ ထွက်ပြေးတိမ်းရှောင်လို့ ညဘက်မှာ ဖမ်းမိခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ကျူးလွန်သူက တခြားသူမဟုတ်ဘဲ ဦးလေးဖြစ်နေတဲ့အတွက် လူမဆန်သလို အတော်လေး ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ပါ။သွေးရင်းသားရင်းတောင် ကိလေသာကာမနဲ့ ပတ်သက်ရင် မယုံရတော့တဲ့ ခေတ်ဖြစ်နေပြီး လူတွေရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္ထက အတော်လေးကို ဇောက်ထိုးဆင်းနေတာကို ယခုဖြစ်ရပ်မှာ တွေ့ရပါတယ်။

မြောင်းမြမှာ ကျောင်းဆရာမတစ်ဦးရဲ့ နောက်ယောင်္ကျားက မယားပါသမီးကို ၈ နှစ်ကြာ နှစ်နဲ့ချီပြီး အဓမ္မကျင့်တဲ့ အမှုကို အမိန်ချခဲ့ရာမှာ ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခဲ့ပါတယ်။နောင်ပြဋ္ဌာန်းမယ့် ဥပဒေ အသက်ဝင်လာခဲ့တဲ့အခါ ဒီလိုဆိုးဝါးတဲ့ ယုတ်မာရက်စက်တဲ့သူတွေကို ဥပဒေအရ ဘယ်လို အရေးယူမလဲ၊ ဥပေဒကြောင့် ဒီလိုဖြစ်ရပ်တွေ နည်းလာမလား၊ များလာမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။မေလ ၂ ရက်က ဖူးကြီးရေလှောင်ကန်အနီး မလေးရှားပိတောက် ပိတောက်စိုက်ခင်းအတွင်း တွေ့ခဲ့ရတဲ့ အမျိုးသမီးကြီးတစ်ဦး အမှုမှာ လူသတ်မှုကျူးလွန်တဲ့ တရားခံတွေကို  ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မေ ၂၀ ရက်မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးခဲ့ရာမှာ လယ်ယာမြေပိုင်ဆိုင်မှုကိစ္စနဲ့ မရီးကို မတ်က သတ်ဖို့ အခပေးခိုင်းစေတဲ့ လူသတ်မှုဖြစ်နေတာကို ထိတ်လန့်ဖွယ် တွေ့ခဲ့ရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်က အဂတိလိုက်စားမှုနဲ့ တရားသူကြီးတစ်ဦး ထွက်ပြေးနေတဲ့ သတင်းပါဘဲ။အပြစ်ကျူးလွန်တဲ့သူတွေကို ပြစ်ဒဏ်ချရတဲ့ တရားသူကြီးကိုယ်တိုင် အဂတိလိုက်စားလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အခါ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးက  စိတ်ပျက်စရာပါဘဲ။ထွက်ပြေးတဲ့ တရားသူကြီးက ကျောက်တံခါးမြို့နယ် တရားသူကြီးပါ။အရင်က ခင်ဦးမြို့နယ် တရားသူကြီးအဖြစ် တာဝန်ယူစဉ်မှာ သစ်တောဥပဒေနဲ့ စွဲတဲ့အမှုမှာ ကျပ်သိန်း ၂၀ တရားခံမိခင်ဆီကနေယူပြီး အမှုမအောင်မြင်ခဲ့ခြင်း၊ ခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့ရာတွင် ငွေပေးခဲ့ရခြင်းတွေကြောင့် တိုင်ကြားရာကနေ ယခုဖြစ်ရပ် ပေါ်ပေါက်ခဲ့ရတာပါ။

ဒီအမှုမှာ ရှေ့နေ ဒေါ်ဇာခြည်ဝင်း နှင့် ခင်ဦးမြို့နယ်တရားရုံး ရုံးစောင့်/သန့်ရှင်းရေး ဦးရဲဝဏ္ဏ တို့ကိုပါ ဖမ်းဆီးတရားစွဲဆိုခဲ့ပေမယ့်  အဓိကဖြစ်တဲ့ တရားသူကြီးက ထွက်ပြေးနေလို့ ရဲတပ်ဖွဲ့ကနေ အလိုရှိကြောင်း ဓာတ်ပုံပါ ထုတ်ပြန်ပြီး အများပြည်သူသိအောင် ကြေညာခဲ့ရပါတယ်။ ရှေ့မှာလည်း ဒီလို အဂတိလိုက်စားပြီး ဖမ်းတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့သူတွေ ယခုထိ ဖမ်းမိတဲ့အသံကို မကြားရတဲ့အတွက် ဒီတရားသူကြီးကိုလည်း ဖမ်းမိ/မမိကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီရက်ထဲမှာဘဲ ရခိုင်ပြည်နယ်၊ ကျောက်တော်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲဖြစ်လို့ အသက် ၁၀ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။စစ်တွေမှာတော့ တိုက်ပွဲဖြစ်တဲ့ မေ ၁၉ ရက်မှာ ဒေသခံတွေက စစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တွင် ဆွေးနွေးအဖြေရှာဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။မေ ၂၁ ရက်မှာတော့ ရှမ်းမြောက် နမ့်ဆန်မြို့နယ်ထဲမှာ တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ခဲ့တယ် ဆိုပါတယ်။

ဒီသတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးကို မြဝတီမြို့မှာ ဆက်လက်တာဝန်ပေးရေးအတွက် ဒေသခံတွေ ဆန္ဒဖော်ထုတ်ခဲ့တဲ့ သတင်း၊ အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်မှုကြောင့် အမှုဖွင့်ခံရတဲ့ မိုက်ကယ်ကျော်မြင့် နဲ့ သီဟမျိုးနိုင် တို့ တရားရုံးကို aရာက်မလာတဲ့ သတင်း၊ မြန်မာနှင့် ထိုင်းနိုင်ငံနယ်စပ် သောင်ရင်းမြစ်အတွင်း ဒုစရိုက်သမားအချို့ အခြေချနေထိုင်တယ်လို့ နာမည်ကြီးနေတဲ့ ရေလယ်ကျွန်းပေါ် ရဲတပ်ဖွဲ့က ဝင်စီးနင်းရှာဖွေရာမှာ သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားသုံးဦးကို ဖမ်းမိတဲ့ သတင်း၊ မန္တလေး အောင်မြေသာစံမှာ ဖြစ်ပွားတဲ့ နေအိမ်ထဲ ဝင်လုတဲ့အမှုမှာ လုယက်မှုကျူးလွန်သူကို နေအိမ်ဘေး CCTV မှတ်တမ်းကနေတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးရမိတဲ့ သတင်းတွေလဲ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မာလင်း
မေ - ၂၄

( Zawgyi )

ယခုတစ္ပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြမွာ စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။အာဏာရပါတီကေန ႏုတ္ထြက္ထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးက မေကြးတိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးသုံးဦးကို မန္းေ႐ႊစက္ေတာ္ ဘုရားပြဲကာလ တည္းခိုေဆာင္မွာ တည္းခိုစရိတ္မေပးဘဲတည္းလို႔ ႏိုင္ငံေရးအရ အဂတိလိုက္စားမႈရွိတယ္ဆိုၿပီး တိုင္ၾကားထားတဲ့အမႈ၊  ကရင္ျပည္နယ္က ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ႏုတ္ထြက္တဲ့ သတင္း၊ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းအစိုးရအဖြဲ႕ ဝန္ႀကီးႏွစ္ဦး အပါအဝင္ ဌာနဆိုင္ရာ ဝန္ထမ္းရွစ္ဦးကို ရာထူးထုတ္ပယ္ခံရတဲ့ သာယာဝတီၿမိဳ႕နယ္ စည္ပင္ဥကၠ႒ေဟာင္းက တရားစြဲဆိုခဲ့တဲ့ သတင္း၊ ေျမာင္းျမၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ခြဲ မန္ေနဂ်ာတစ္ဦးကို စပါးစိုက္ပ်ိဳးမႈေခ်းေငြ အတိုး ၅ ရာခိုင္ႏႈန္း ကိုယ္က်ိဳးအတြက္ ရယူခဲ့လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူခဲ့တဲ့ သတင္းေတြ ဒီတစ္ပတ္မွာ စိတ္ဝင္စားမႈ ပိုခဲ့ပါတယ္။

ဒီသတင္းေတြထဲကေန အမ်ားျပည္သူ စိတ္ဝင္စားခဲ့တာက ေနျပည္ေတာ္ေကာင္စီ႐ုံးမွာ ေနျပည္ေတာ္မွာရွိတဲ့ ဌာနဆိုင္ရာ အသီးသီးက ဝန္ထမ္းေတြနဲ႔ ေတြ႕ဆုံရာမွာ သမၼတ ဦးဝင္းျမင့္ က အစိုးရအမႈထမ္းေတြကို ရတဲ့လစာ၊ အေဆာင္အေယာင္ကို သာယာမက္ေမာမေနၾကနဲ႔လို႔ သတိေပးခဲ့တဲ့ သတင္း၊ လြိဳင္ေကာ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တုကိစၥ၊ မဂၢါဝပ္ ၁၇၀ ထြက္မယ့္ ဆိုလာေနစြမ္းအင္ လွ်ပ္စစ္စက္႐ုံ သတင္း၊ သိန္း၂၀ လာဘ္စားၿပီး ထြက္ေျပးတဲ့ တရားသူႀကီး အမ်ိဳးသမီးတစ္ဦး သတင္းေတြက ဒီတစ္ပတ္မွာ အမ်ားသူငွာၾကား ေဆြးေႏြးေျပာဆိုစရာ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

အဆိုပါသတင္းေတြက ယခုတစ္ပတ္ စီးပြားေရးဆိုင္ရာ သတင္းေတြျဖစ္တဲ့ တ႐ုတ္အမ်ိဳးသား ေရနံေကာ္ပိုေရးရွင္း (CNPC) က စင္ကာပူေရနံကုမၸဏီ (SPC) ၏ အမွတ္တံဆိပ္နဲ႔ ျမန္မာႏိုင္ငံထဲ ဓာတ္ဆီဆိုင္ အမ်ားအျပား ဖြင့္လွစ္မယ္ဆိုတဲ့ သတင္း၊ ရန္ကုန္ၿမိဳ႕ရဲ႕ လက္ရွိ မိလႅာစနစ္ျပဳျပင္ဖို႔ အပါအဝင္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးအတြက္ JICA ထံကေန ယန္း ၈၂ ဒသမ ၂၇၃ ဘီလ်ံ ေခ်းယူဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ့တဲ့ သတင္းေတြထက္လည္း ပိုစိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

ခပ္ၾကမ္းၾကမ္းသတိေပးခဲ့တဲ့ သမၼတ

ယေန႔မွာ သမၼတ ဦးဝင္းျမင့္ က ေနျပည္ေတာ္ေကာင္စီ႐ုံးမွာ ေနျပည္ေတာ္မွာရွိတဲ့ ဌာနဆိုင္ရာအသီးသီးက ဝန္ထမ္းေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ဒီေတြ႕ဆုံပြဲကို ျပည္ေထာင္စုဝန္ႀကီး ၄ ဦး၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒ ေဒါက္တာမ်ိဳးေအာင္ နဲ႔ ေနျပည္ေတာ္ေကာင္စီအတြင္းက ဌာနဆိုင္ရာ အရာထမ္းေတြ တက္ေရာက္ခဲ့ပါတယ္။ဒါဟာ ၿပီးခဲ့တဲ့လပိုင္းေတြက ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ မြန္ျပည္နယ္နဲ႔ ကယားျပည္နယ္ေတြမွာ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕၊ ဌာနဆိုင္ရာမ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီးေနာက္ ပၪၥမေျမာက္ ေအာက္ေျခထိ ေတြ႕ဆုံမႈပါဘဲ။

ဒီေတြ႕ဆုံပြဲမွာ သမၼတက အေဆာင္အေယာင္၊ အသုံးစရိတ္၊ ခ်ီးျမႇင့္ေငြနဲ႔ လစာအေပၚမွာ သာယာေနမယ္ဆိုရင္ အဲ့ဒါ ျပဳျပင္ေျပာင္းလဲမႈ မဟုတ္ဘူးလို႔ တက္ေရာက္လာတဲ့သူေတြကို ေျပာခဲ့ပါတယ္။သမၼတက “ရတဲ့လစာ၊ အေဆာင္အေယာင္ကို သာယာမက္ေမာမေနၾကဖို႔ ေျပာၾကားလိုပါတယ္။ကိုယ္တာဝန္ယူရတဲ့ အခ်ိန္မွာ ေနာင္အနာဂါတ္မ်ိဳးဆက္အတြက္ ေအးခ်မ္းသာယာတဲ့ ႏိုင္ငံေတာ္အျဖစ္ ထားခဲ့ၾကေစခ်င္ပါတယ္။ေနာင္ခါလာေနာင္ခါေဈး မထားခဲ့ၾကပါနဲ႔" လို႔ ေျပာခဲ့သလို သူ႔အေနနဲ႔လည္း တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ေနၿပီး အေဆာင္အေယာင္ေတြအေပၚမွာ သာယာ၊ ေပ်ာ္ေမြ႕မႈ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ “သမၼတမို႔လို႔၊ ဝန္ႀကီးခ်ဳပ္မို႔လို႔၊ လႊတ္ေတာ္ကိုယ္စားလွယ္မို႔လို႔၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒မို႔လို႔ စသည္ျဖင့္ အခြင့္အေရးမ်ိဳးဆိုတာမ်ိဳး ဥပေဒအထက္မွာ ယူဖို႔မဟုတ္ပါဘူး။အားလုံးဟာ ဥပေဒနဲ႔အညီ အမွ်ျဖစ္ရမွာ ျဖစ္ပါတယ္။ဥပေဒရဲ႕ေရွ႕ေမွာက္ ေရာက္လာရင္ အားလုံးအညီအမွ်ျဖစ္ရမယ္။ဥပေဒအထက္မွာ မည္သူမွ် မရွိရဘူး” လို႔ ေျပာခဲ့ပါတယ္။တရားစီရင္ရာမွာလည္း မ်က္ႏွာႀကီးငယ္မလိုက္၊ ရာထူးဂုဏ္သိမ္ အရွိန္အဝါမေ႐ြး ဥပေဒမ်ိဳးသာ လိုလားတယ္လို႔ သမၼတက ေျပာခဲ့ပါတယ္။

ဥပေဒသမားတစ္ဦးျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒တာဝန္ယူခ်ိန္မွာ လႊတ္ေတာ္ကို ပိုင္ပိုင္ႏိုင္ႏိုင္ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ သမၼတ ဦးဝင္းျမင့္ ဟာ သူ႔လက္ထက္မွာ အဂတိလိုက္စားမႈကို တိတိက်က် ေဖာ္ထုတ္လာတာ ေတြ႕ရသလို ဌာနေတြထဲ ခိုကပ္ေနတဲ့ အဂတိတရားလိုက္စားတဲ့သူေတြကို ဖယ္ထုတ္ေနခဲ့တာကို ေတြ႕ရ ပါတယ္။မၾကာမီက လႊတ္ေတာ္မွာ အရာရွိႀကီး ၂၀၀ ဝန္းက်င္ ပါဝင္လိုက္ပါမွ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေအာင္ျမင္ႏိုင္မယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒ ေျပာခဲ့ၿပီးေနာက္ပိုင္းမွာ သမၼတက အစိုးရအမႈေတြကို ဒီလို ခပ္ၾကမ္းၾကမ္း သတိေပးခ်က္ ထြက္လာခဲ့တဲ့အတြက္ မိုးက်ေ႐ႊကိုယ္ေတြ ႀကီးစိုးထားတဲ့  ျမန္မာႏိုင္ငံရဲ႕ အစိုးရဝန္ထမ္းေလာကမွာ ဘာေတြျဖစ္လာဦးမလဲ၊ လက္က်န္သက္တမ္းႏွစ္ႏွစ္မွာ ဘာေတြေျပာင္းလဲလာဦးမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီလိုသတင္းအျပင္ ယခုတစ္ပတ္ထဲမွာဘဲ  ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး ဖိလစ္ပို ဂရန္ဒီ ျမန္မာႏိုင္ငံကို ေရာက္လာခဲ့ပါတယ္။မဟာမင္းႀကီး ဖိလစ္ပို ဂရန္ဒီ ရဲ႕ သုံးရက္တာ ခရီးစဥ္အတြင္း အစိုးရထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့သလို ရခိုင္ျပည္နယ္ ေျမာက္ပိုင္း စစ္ေတြ၊ ေမာင္ေတာ၊ ဘူးသီးေတာင္ ၿမိဳ႕ေတြကိုလည္း သြားေရာက္ခဲ့ပါတယ္။ပထမအႀကိမ္ လာေရာက္တဲ့ ၂၀၁၇ ခုႏွစ္ ဇူလိုင္တုန္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ လူကယ္ျပန္ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ လဝက ဝန္ႀကီး ဦးသိန္းေဆြ ႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ တို႔နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ယခု ဒုတိယအႀကိမ္ လာေရာက္စဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္၊ လဝက ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြ တို႔နဲ႔ ေဆြးေႏြးခဲ့ပါတယ္။

ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရဲ႕ ယခုခရီးစဥ္အၿပီးမွာ ဘဂၤလားေဒ့ရွ္ ေရာက္ေနတဲ့ ဘဂၤါလီ ဒုကၡသည္ေတြ ျပန္ဝင္လာဖို႔ ရွိမလား၊ ဒါမွမဟုတ္ ယခင္ကထက္ ျပည္ပဖိအား ေလ်ာ့လာမလား၊ ပိုလာမလားဆိုတာ ေစာင့္ၾကည့္ရဖို႔လည္း ရွိေနပါတယ္။

အေျဖရွာရမယ့္ ဗိုလ္ခ်ဳပ္႐ုပ္တုေနရာ

ယခုရက္သတၱပတ္ထဲမွာဘဲ ႐ုပ္တုတစ္ခုကို ဖြင့္လွစ္ခဲ့ပါတယ္။ဒါက ကိုလိုနီေခတ္ ျမန္မာသမိုင္းမွာ ထင္ရွားတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ အဖိုး ဗိုလ္မင္းေရာင္ ႐ုပ္တုပါ။ဒီ႐ုပ္တုကို ေမ ၁၈ ရက္က ဗိုလ္မင္းေရာင္ရဲ႕ ဇာတိ မေကြးတိုင္းေဒသႀကီး ၿမိဳ႕လုလင္႐ြာမွာ ဖြင့္ခဲ့ပါတယ္။ဗိုလ္မင္းေရာင္ ႐ုပ္တုဖြင့္ပြဲ လုပ္တဲ့ေန႔မွာဘဲ လြိဳင္ေကာ္မွာထားတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္တုကို လာဖယ္ရွားမွာစိုးလို႔ အေစာင့္အေရွာက္ေတြနဲ႔ ထားရတဲ့အျဖစ္ကို ေရာက္ေနပါတယ္။

ေမလအေစာပိုင္းက လြိဳင္ေကာ္မွာ ကရင္နီလူငယ္ေတြနဲ႔ ကယားျပည္နယ္ အစိုးရအဖြဲ႕ ေတြ႕ဆုံခဲ့ရာမွာ ဝန္ႀကီးခ်ဳပ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္တုကို မဖယ္ရွားေပးႏိုင္ဘူးလို႔ ယတိျပတ္ျငင္းဆန္ခဲ့ပါတယ္။ဒီလို ျပည္နယ္အာဏာပိုင္ေတြဘက္က ဆုံးျဖတ္ခဲ့တဲ့အေပၚမွာ ေဝဖန္မႈေတြ ထြက္ေပၚခဲ့သလို ကရင္နီ အမ်ိဳးသားလူငယ္ အစည္းအ႐ုံး (KNYO) ဘက္က သေဘာထားထုတ္ျပန္မႈတစ္ရပ္ ထုတ္ျပန္ခဲ့ၿပီး ဒီထုတ္ျပန္ခ်က္မွာ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ရဲ႕ ကိုင္တြယ္ေဆာင္႐ြက္မႈေတြက အာဏာရွင္ဆန္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ကရင္နီ လူငယ္အင္အားစုေတြက ႐ုပ္တုကို ဖယ္ရွားဖို႔ ဆႏၵေဖာ္ထုတ္မယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့သလို ျပည္နယ္အစိုးရ အာဏာပိုင္ေတြဘက္က ကယားျပည္နယ္အတြင္း ေမ ၁၄ ရက္ေန႔မွ စတင္ကာ အေရးႀကီးကာလအျဖစ္ သတ္မွတ္ခဲ့ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္ရွိတဲ့ ပန္းၿခံမွာ အကာအရံေတြ၊ သံဆူးႀကိဳးေတြနဲ႔ လုံၿခဳံေရးေတြ ခ်ထားခဲ့ပါတယ္။

လတ္တေလာမွာ ဒီျပႆနာဟာ ၿငိမ္ေနသလို တစ္ဖက္နဲ႔ တစ္ဖက္ ေစာင့္ၾကည့္မႈေတြ ရွိေနတဲ့အတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္တု လြိဳင္ေကာ္မွာဘဲ ဆက္ရွိေနဦးမွာလား ဘယ္ေရာက္ဖို႔ရွိမလဲဆိုတာ စိတ္ဝင္စားစရာ ျပႆနာပါ။

ဒီလိုျပႆနာေတြရွိေနေပမယ့္ စစ္ကိုင္းတိုင္းေဒသႀကီး ပုလဲၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ တည္ေဆာက္ဖို႔ စီစဥ္ထားတဲ့အတြက္ အရပ္သားအစိုးရလက္ထက္မွာ ျဖစ္ေနတဲ့ ျပႆနာေတြက အေၾကအလည္ မေဆြးေႏြးတဲ့ ျပႆနာေတြနဲ႔ တိုင္းရင္းသားေတြၾကား အခ်ိဳ႕ကိစၥေတြမွာ ထိရွလြယ္ေနတာေတြက သတိထားဖို႔ လိုေနတာကို ဒီျပႆနာေတြက မီးေမာင္းထိုးျပခဲ့ပါတယ္။    

ေနေရာင္ျခည္ကရမယ့္ မဂၢါဝပ္ ၁၇၀

လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္တာေတြေၾကာင့္ အေတာ္ေလးဆူပြက္ေနတဲ့ ျမန္မာျပည္မွာ သတင္းတစ္ခုေၾကာင့္ လွ်ပ္စစ္ကိစၥ ဘာေတြျဖစ္လာႏိုင္သလဲ၊ တစ္ကယ္ဘဲ ေျဖရွင္းႏိုင္ပါ့မလားဆိုတာ ေတြ႕ရပါတယ္။ဒီသတင္းက အျခားမဟုတ္ပါဘူး။အပူပိုင္းေဒသ မင္းဘူးမွာ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံက ေမလထဲမွာ လွ်ပ္စစ္ စတင္ထုတ္လုပ္မယ္ဆိုတဲ့ သတင္းပါ။

၂၀၁၆ ခုႏွစ္မွ စတင္လက္မွတ္ေရးထိုးၿပီး လုပ္ခဲ့တဲ့ လွ်ပ္စစ္ မဂၢါဝပ္ ၁၇၀ အထိ ထုတ္ႏိုင္မည့္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံ စီမံကိန္းကို အပူပိုင္းေဒသ မင္းဘူးမွာ တည္ေဆာက္ေနတာျဖစ္ၿပီး အခု ပထမအဆင့္ မဂၢါဝပ္ ၄၀ စီမံကိန္းက ရာခိုင္ႏူန္း ၉၀ ေက်ာ္ၿပီးလို႔ ေမလထဲမွာ လွ်ပ္စစ္စထုတ္ေတာ့မယ္ဆိုတဲ့ သတင္းပါဘဲ။မဂၢါဝပ္ ၂၀ ကို လာမည့္ ေမလအကုန္မွာ စတင္ထုတ္လုပ္ၿပီး တစ္ႏိုင္ငံလုံးကို ျဖန႔္ျဖဴးေပးမယ္ဆိုတဲ့အတြက္ လွ်ပ္စစ္လိုအပ္ခ်က္ႀကီးတဲ့ ျမန္မာႏိုင္ငံအတြက္ ဘယ္ေလာက္ထိေရာက္မႈရွိမလဲ၊ မင္းဘူးေဒသ ဘယ္လိုဖြံ႕ၿဖိဳးလာမလဲဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီလိုသတင္းအျပင္ မၾကာခဏဆိုသလို ေျမၿပိဳေတာင္ၿပိဳတာေတြေၾကာင့္ အေသအေပ်ာက္မ်ားတဲ့ ဖားကန႔္မွာ မိုးရာသီကာလအတြင္း ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ ေက်ာက္စိမ္းတူးေဖာ္မႈ သုံးလတာ ရပ္နားမယ္လို႔ ေမ ၂၁ ရက္က ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္က ေျပာခဲ့တာလည္း ရွိခဲ့ပါတယ္။ဒါေပမယ့္ အၿမဲတမ္းအတြင္းဝန္ကေတာ့ လႊတ္ေတာ္ကို တင္ျပၿပီးမွ သမၼတဆီကေန ျပန္လာမွာျဖစ္တဲ့ အတြက္ အက်ိဳးအျမတ္ႀကီးမားတဲ့ ေက်ာက္စိမ္းလုပ္ကြက္ေတြ အထက္ကက်လာတဲ့ အမိန႔္အတိုင္း တစ္ကယ္ဘဲ တူးေဖာ္မႈရပ္နားမလား၊ ဘယ္လိုခ်ိဳးေဖာက္မႈေတြနဲ႔ ဆက္လုပ္က်လို႔ ဘာေတြျဖစ္ၾကဦးမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ျပည္တြင္း ျပည္ပ ေက်ာ္ၾကားတဲ့ က်ိဳက္ထီး႐ိုးေစတီမွာ ေမ ၁၅ ရက္က  မိုးႀကိဳးထိမွန္လို႔ ေ႐ႊသကၤန္းေတြ ကြာက်ခဲ့ပါတယ္။မိုးႀကိဳးထိမွန္လို႔ ေ႐ႊသကၤန္း ၇၂ က်ပ္သားခန႔္ ကြာက်ခဲ့သလို ေက်ာက္သမံေစတီရဲ႕ သလင္းေက်ာက္ စိန္ဖူးေတာ္ ေပ်ာက္ဆုံးခဲ့လို႔ ေနာက္ထပ္မျဖစ္ေအာင္ ေဂါပကအဖြဲ႕က က်ိဳက္ထီး႐ိုးေစတီမွာ မိုးႀကိဳးလႊဲတပ္မယ္ဆိုပါတယ္။ လာမည့္ သီတင္းကြၽတ္ ေတာင္ဖြင့္ပြဲမတိုင္မီ မိုးႀကိဳးလြဲတပ္မယ္ဆိုတဲ့အတြက္ ႀကဳံေတာင္ႀကဳံခဲ မိုးႀကိဳးခတဲ့ က်ိဳက္ထီး႐ိုးေစတီအတြက္ေရာ လာဖူးေျမႇာ္တဲ့သူေတြအတြက္ပါ ေကာင္းတဲ့လုပ္ေဆာင္မႈဘဲ ျဖစ္ပါတယ္။    

သိန္း ၂၀ နဲ႔ ထြက္ေျပးတိမ္းေရွာင္တဲ့ တရားသူႀကီး

ယခုတစ္ပတ္ မႈခင္းေနာက္ခံ သတင္းေတြထဲမွာ ထူးျခားစိတ္ဝင္စားဖြယ္ သတင္းအခ်ိဳ႕ရွိခဲ့ပါတယ္။ဒီသတင္းေတြထဲက မင္းလွမွာျဖစ္ခဲ့တဲ့ သက္ငယ္မုဒိမ္းမႈ သတင္းနဲ႔ အဂတိလိုက္စားမႈနဲ႔ အမႈဖြင့္ခံရလို႔ ထြက္ေျပးေနတဲ့ တရားသူႀကီး သတင္းေတြက လူမ်ားစိတ္ဝင္စားစရာ သတင္းထဲ ထိပ္ဆုံးက ပါဝင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ယခုေနာက္ပိုင္းေတြ႕လာရတဲ့ မႈခင္းေတြက သက္ငယ္မုဒိမ္း သတင္းေတြပါဘဲ။အကာအကြယ္မဲ့တဲ့ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ေတြက အေတာ္ေလးလူမဆန္သလို စက္ဆုပ္စရာလည္းေကာင္းပါတယ္။

ဒီလိုစက္ဆုပ္စရာေကာင္းတဲ့ မႈခင္းတစ္ခု ယခုတစ္ပတ္မွာ မင္းလွမွာ ျဖစ္ခဲ့ပါတယ္။ဦးေလးျဖစ္သူထံ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ကို အပ္ထားၿပီး အလုပ္သြားလုပ္ေနရာမွာ ဦးေလးေတာ္စပ္တဲ့သူက ကေလးငယ္ကို အိမ္သာထဲေခၚၿပီး အဓမၼျပဳက်င့္ခဲ့တဲ့ ျဖစ္ရပ္ပါ။ကေလးက မေအျဖစ္သူ ျပန္လာတဲ့အခါ မိခင္ကို ျပန္ေျပာျပခဲ့ရာကေန ယခုလိုျဖစ္ပြားတာကို သိရတာျဖစ္ၿပီး က်ဴးလြန္သူ ဦးေလးကေတာ့ ထြက္ေျပးတိမ္းေရွာင္လို႔ ညဘက္မွာ ဖမ္းမိခဲ့ပါတယ္။

ဒီျဖစ္ရပ္မွာ က်ဴးလြန္သူက တျခားသူမဟုတ္ဘဲ ဦးေလးျဖစ္ေနတဲ့အတြက္ လူမဆန္သလို အေတာ္ေလး ေၾကာက္စရာေကာင္းတဲ့ ျဖစ္ရပ္ပါ။ေသြးရင္းသားရင္းေတာင္ ကိေလသာကာမနဲ႔ ပတ္သက္ရင္ မယုံရေတာ့တဲ့ ေခတ္ျဖစ္ေနၿပီး လူေတြရဲ႕ ကိုယ္က်င့္တရားနဲ႔ စာရိတၳက အေတာ္ေလးကို ေဇာက္ထိုးဆင္းေနတာကို ယခုျဖစ္ရပ္မွာ ေတြ႕ရပါတယ္။

ေျမာင္းျမမွာ ေက်ာင္းဆရာမတစ္ဦးရဲ႕ ေနာက္ေယာက်ၤားက မယားပါသမီးကို ၈ ႏွစ္ၾကာ ႏွစ္နဲ႔ခ်ီၿပီး အဓမၼက်င့္တဲ့ အမႈကို အမိန္ခ်ခဲ့ရာမွာ ေထာင္ဒဏ္ ၂၃ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။ေနာင္ျပ႒ာန္းမယ့္ ဥပေဒ အသက္ဝင္လာခဲ့တဲ့အခါ ဒီလိုဆိုးဝါးတဲ့ ယုတ္မာရက္စက္တဲ့သူေတြကို ဥပေဒအရ ဘယ္လို အေရးယူမလဲ၊ ဥေပဒေၾကာင့္ ဒီလိုျဖစ္ရပ္ေတြ နည္းလာမလား၊ မ်ားလာမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ေမလ ၂ ရက္က ဖူးႀကီးေရေလွာင္ကန္အနီး မေလးရွားပိေတာက္ ပိေတာက္စိုက္ခင္းအတြင္း ေတြ႕ခဲ့ရတဲ့ အမ်ိဳးသမီးႀကီးတစ္ဦး အမႈမွာ လူသတ္မႈက်ဴးလြန္တဲ့ တရားခံေတြကို  ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ေမ ၂၀ ရက္မွာ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ခဲ့ပါတယ္။ဖမ္းဆီးရမိတဲ့သူေတြကို စစ္ေဆးခဲ့ရာမွာ လယ္ယာေျမပိုင္ဆိုင္မႈကိစၥနဲ႔ မရီးကို မတ္က သတ္ဖို႔ အခေပးခိုင္းေစတဲ့ လူသတ္မႈျဖစ္ေနတာကို ထိတ္လန႔္ဖြယ္ ေတြ႕ခဲ့ရပါတယ္။

ေနာက္ထပ္စိတ္ဝင္စားစရာ သတင္းတစ္ပုဒ္က အဂတိလိုက္စားမႈနဲ႔ တရားသူႀကီးတစ္ဦး ထြက္ေျပးေနတဲ့ သတင္းပါဘဲ။အျပစ္က်ဴးလြန္တဲ့သူေတြကို ျပစ္ဒဏ္ခ်ရတဲ့ တရားသူႀကီးကိုယ္တိုင္ အဂတိလိုက္စားလို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့အခါ ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးက  စိတ္ပ်က္စရာပါဘဲ။ထြက္ေျပးတဲ့ တရားသူႀကီးက ေက်ာက္တံခါးၿမိဳ႕နယ္ တရားသူႀကီးပါ။အရင္က ခင္ဦးၿမိဳ႕နယ္ တရားသူႀကီးအျဖစ္ တာဝန္ယူစဥ္မွာ သစ္ေတာဥပေဒနဲ႔ စြဲတဲ့အမႈမွာ က်ပ္သိန္း ၂၀ တရားခံမိခင္ဆီကေနယူၿပီး အမႈမေအာင္ျမင္ခဲ့ျခင္း၊ ခ႐ိုင္တရား႐ုံးသို႔ အယူခံတက္ေရာက္ခဲ့ရာတြင္ ေငြေပးခဲ့ရျခင္းေတြေၾကာင့္ တိုင္ၾကားရာကေန ယခုျဖစ္ရပ္ ေပၚေပါက္ခဲ့ရတာပါ။

ဒီအမႈမွာ ေရွ႕ေန ေဒၚဇာျခည္ဝင္း ႏွင့္ ခင္ဦးၿမိဳ႕နယ္တရား႐ုံး ႐ုံးေစာင့္/သန႔္ရွင္းေရး ဦးရဲဝဏၰ တို႔ကိုပါ ဖမ္းဆီးတရားစြဲဆိုခဲ့ေပမယ့္  အဓိကျဖစ္တဲ့ တရားသူႀကီးက ထြက္ေျပးေနလို႔ ရဲတပ္ဖြဲ႕ကေန အလိုရွိေၾကာင္း ဓာတ္ပုံပါ ထုတ္ျပန္ၿပီး အမ်ားျပည္သူသိေအာင္ ေၾကညာခဲ့ရပါတယ္။ ေရွ႕မွာလည္း ဒီလို အဂတိလိုက္စားၿပီး ဖမ္းတဲ့အခ်ိန္မွာ ထြက္ေျပးခဲ့တဲ့သူေတြ ယခုထိ ဖမ္းမိတဲ့အသံကို မၾကားရတဲ့အတြက္ ဒီတရားသူႀကီးကိုလည္း ဖမ္းမိ/မမိကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီရက္ထဲမွာဘဲ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္မွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ၾကား တိုက္ပြဲျဖစ္လို႔ အသက္ ၁၀ ႏွစ္ အ႐ြယ္ မိန္းကေလးငယ္တစ္ဦး ေသဆုံးခဲ့ပါတယ္။စစ္ေတြမွာေတာ့ တိုက္ပြဲျဖစ္တဲ့ ေမ ၁၉ ရက္မွာ ေဒသခံေတြက စစ္ပြဲေတြရပ္တန႔္ၿပီး ၿငိမ္းခ်မ္းေရးစားပြဲဝိုင္းေပၚတြင္ ေဆြးေႏြးအေျဖရွာဖို႔ ဆႏၵျပခဲ့ၾကပါေသးတယ္။ေမ ၂၁ ရက္မွာေတာ့ ရွမ္းေျမာက္ နမ့္ဆန္ၿမိဳ႕နယ္ထဲမွာ တပ္မေတာ္နဲ႔ TNLA တို႔ တိုက္ပြဲျဖစ္ခဲ့တယ္ ဆိုပါတယ္။

ဒီသတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕မႉးကို ျမဝတီၿမိဳ႕မွာ ဆက္လက္တာဝန္ေပးေရးအတြက္ ေဒသခံေတြ ဆႏၵေဖာ္ထုတ္ခဲ့တဲ့ သတင္း၊ အစၥလာမ္ဘာသာဝင္မ်ား၏ ဥပုသ္လ ဝတ္ျပဳဆုေတာင္းပြဲ တားဆီးပိတ္ပင္မႈေၾကာင့္ အမႈဖြင့္ခံရတဲ့ မိုက္ကယ္ေက်ာ္ျမင့္ နဲ႔ သီဟမ်ိဳးႏိုင္ တို႔ တရား႐ုံးကို aရာက္မလာတဲ့ သတင္း၊ ျမန္မာႏွင့္ ထိုင္းႏိုင္ငံနယ္စပ္ ေသာင္ရင္းျမစ္အတြင္း ဒုစ႐ိုက္သမားအခ်ိဳ႕ အေျခခ်ေနထိုင္တယ္လို႔ နာမည္ႀကီးေနတဲ့ ေရလယ္ကြၽန္းေပၚ ရဲတပ္ဖြဲ႕က ဝင္စီးနင္းရွာေဖြရာမွာ ေသနတ္ကိုင္ေဆာင္ထားသူ အမ်ိဳးသားသုံးဦးကို ဖမ္းမိတဲ့ သတင္း၊ မႏၲေလး ေအာင္ေျမသာစံမွာ ျဖစ္ပြားတဲ့ ေနအိမ္ထဲ ဝင္လုတဲ့အမႈမွာ လုယက္မႈက်ဴးလြန္သူကို ေနအိမ္ေဘး CCTV မွတ္တမ္းကေနတစ္ဆင့္ ေဖာ္ထုတ္ဖမ္းဆီးရမိတဲ့ သတင္းေတြလဲ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ေမ - ၂၄