【 နိုင်ငံတကာဆောင်းပါး 】စိတ်တူကိုယ်တူ မဖြစ်တော့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ

【  နိုင်ငံတကာဆောင်းပါး  】စိတ်တူကိုယ်တူ မဖြစ်တော့သည့် စက်မှုထိပ်သီး ၇ နိုင်ငံ

စက်မှုထိပ်သီး ၇ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို စိတ်တူကိုယ်တူ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲဟု ခေါ်ခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ သို့သော် စက်မှုအတိုးတက်ဆုံးနိုင်ငံ ၇ နိုင်ငံမှ ခေါင်းဆောင်များ လွန်ခဲ့သော ရက်သတ္တပါတ်ကုန်တွင် ပြင်သစ်ကမ်းခြေမြို့ဖြစ်သော ဘီယာရစ် တွင်တွေ့ဆုံသောအခါ ထိုအချက်သည် မှားယွင်းနေကြောင်း သက်သေပြနေသည်။

အဓိကမှာ အမေရိကန် ခေါင်းဆောင်သည် ထိုထိပ်သီးဆွေးနွေးပွဲအတွက် သတ်မှတ်ထားသော ဦးစားပေးပြဿနာအများအပြားတွင် အခြားခေါင်းဆောင်များနှင့် စိတ်သဘောထားမတူခြင်းဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်ညူရယ် မက်ခရွန်က ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိပ်သီးအစည်းအဝေး၏ အဓိကအာရုံစိုက်ရမည့် ပြဿနာအဖြစ် သတ်မှတ်ထားချိန်တွင် လွန်ခဲ့သော နှစ်နှစ်က အီတလီနိုင်ငံ စစ္စလီတွင် ကျင်းပသည့် စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေးတွင် အမေရိကန်ခေါင်းဆောင်က သမိုင်းဝင် ပါရီသဘောတူ စာချုပ်မှုနုတ်ထွက်မည်ဟုပြောပြီး တက်ရောက်လာသူ အားလုံးကို စိတ်ပျက်စေခဲ့သည်။

မက်ခရွန်သည် အမေရိကန်နိုင်ငံက အီရန် ညူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်ပြီး တီဟီရန်ကို အရေးယူပိတ်စို့မှုများ ပြန်လည် ချမှတ်ပြီးနောက် ပါရှန်းပင်လယ်ကွေ့ အထူးသဖြင့် အီရန်နှင့်အမေရိကန်အကြားတင်းမာမှုများကို ကူညီလျှော့ချပေးနေသူဖြစ်သည်။ ပြင်သစ်နှင့် အခြားအဓိက ဥရောပ နိုင်ငံများသည် အမေရိကန်၏ အသစ်တဖန်အရေးယူပိတ်စို့မှုများအောက်တွင် စိန်ခေါ်မှု အများအပြားရှိစေကာမူ ထိုစာချုပ်ကိုဆက်လက် ထိန်းသိမ်းလိုကြသည်။  

ပြင်သစ်၊ ဂျာမဏီနှင့် ဗြိတိန်တို့သည် ဥရောပကုမ္ပဏီများ အမေရိကန် အရေးယူပိတ်စို့မှုကို ကျော်လွှားပြီး အီရန်ကုမ္ပဏီများနှင့် ကုန်သွယ်နိုင်ရေး အတွက် ကုန်သွယ်မှုဖလှယ်ရေး အထောက်အကူပြုကိရိယာ (ISTE) ဟုခေါ်သော အရေးပေါ်အစီအစဉ်ကို ချမှတ်ထားပြီးဖြစ်သည်။ ဥရောပကောင်စီ ဥက္ကဌရာထူးကို လက်ရှိရရှိထားသော ဖင်လန်နိုင်ငံသည် အီရန်နှင့် စီးပွားရေးအရဆက်ဆံသောနိုင်ငံများကို အပြစ်ပေးရန် အမေရိကန်နိုင်ငံ၏ အသစ်တဖန် ခြိမ်းခြောက်မှုရှိစေကာမူ ISTE ကို ထောက်ခံကြောင်း တနင်္လာနေ့ကကြေညာလိုက်သည်။  အဓိကျသော ဥရောပနိုင်ငံများသည် ယခုလအမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်ဖြစ်သော ရုရှားနှင့် တာလတ် နျူကလီးယား လက်နက်များ သဘောတူ စာချုပ်ကို အမေရိကန်ကဖျက်သိမ်းခြင်းအားလည်း ဒေါသတကြီးဖြစ်ခဲ့ကြသည်။

အမေရိကန်၏လုပ်ရပ်သည် ဖရိုဖရဲဖြစ်ခြင်းကို တံခါးဖွင့်ပေးခြင်းနှင့် ဥရောပကို ပိုမိုကြီးမားသော နျူကလီးယား ခြိမ်းခြောက်မှု အောက်သို့ ပို့ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။မညီမျှမှုတိုက်ဖျက်ရေးသည် စက်မှုထိပ်သီး ၇ နိုင်ငံထိပ်သီးဆွေးနွေးပွဲတွင် အခြား အဓိအချက်ဖြစ် သည်ဟု မက်ခရွန်က သတ်မှတ်ထားသည်။ ထိုပြင်သစ်ခေါင်းဆောင်မှာပြည်တွင်းတွင် မညီမျှမှုကြီးထွားခြင်းကြောင့်ဖြစ်ပေါ်လာသော  ၉ လကြာ အင်္ကျီဝါလှုပ်ရှားမှု၏ ခြောက်လှန့်ခြင်း ခံနေရသည်။ မက်ခရွန်သည် ကမ္ဘာ့မညီမျှမှုပြဿနာကို ဖြေရှင်းရန် အာဖရိက ၅ နိုင်ငံကို ထိုထိပ်သီး ဆွးနွေးပွဲသို့ဖိတ်ခေါ်ထားသည်။ သို့သော်ထိုသို့သော အားထုတ်မှုများကို ခိုင်မာသော နိုင်ငံတကာ ဘက်စုံစန်ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုကဲ့သို့သောစနစ်မျိုးသည် အမေရိကန်အစိုးရ၏ အမေရိက ပထမ မူဝါဒအောက်တွင် ပို၍ပို၍ အလုပ်မဖြစ်တော့သော စနစ်မျိုးဖြစ်သည်။  
 
တနှစ်ကြာသောအခါ အမေရိကန်ကစတင်သော တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲနှင့် ၎င်းက အခြားနိုင်ငံအများအပြားအပေါ် ချမှတ်သည့် ဒဏ်ခတ်သောအခွန်များသည် ကမ္ဘာ့ ကုန်ကြမ်းကွင်းဆက်ကို အကြီးအကျယ်ထိခိုက်စေပြီး စီးပွားရေးလုပ်ငန်းများမရေရာသောကြောင့် ကမ္ဘာ့စီးပွားရေးအတွက် တန်ဖိုးကြီးမားစွာပေးဆပ်ရကြောင်း သက်သေပြလာသည်။ ဥရောပသမဂ္ဂခေါင်းဆောင်များသည် ၎င်းတို့နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်ပုံမရတော့သည့် အမေရိကန်နှင့် ဖြစ်ပွားမည့် အလားအလာရှိသော ကုန်သွယ်ရေးစစ်ပွဲကို စိုးရိမ်ပူပန်လာကြသည်။ နည်းပညာ လုပ်ငန်းကြီးများဖြစ်သော ဖေ့ဘွတ်နှင့် ဂူဂဲလ်အပေါ် ပြင်သစ်ကနည်းပညာအခွန်ဆက်လက်ကျင့်သုံးလျှင် ပြင်သစ်ဝိုင်များကို အခွန်ဖြင့် ဒဏ်ခတ် မည်ဟု အမေရိကန်အစိုးရက ခြိမ်းခြောက်လာသည်။ ဥရောပကားများသည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်သည်ဟု အမေရိကန်ခေါင်းဆောင်ကပြောပြီး ဥရောပကားများကိုဒဏ်ခတ်သောအခွန်သည် မည်သည့်အခါမျှ စားပွဲအောက်သို့ မရောက်ကြောင်း( အမြဲအဆင်သင့်ရှိကြောင်း) ပြောလာသည်။

အင်္ဂါနေ့တွင်မူ သူက သတင်းထောက်များကို အောက်ပါအတိုင်းပြောသည်။ “ သူတို့ကကျနော်တို့ဆီကာ မားစီးဒီ တသန်းကျော်တင်ပို့တဲ့အတွက် သူတို့ကားတွေကို ကျနော်တို့က အခွန်ကောက်ပြီး ကျနော်တို့လိုချင်တာပေးမလားလို့လုပ်ဖို့ဒီနိုင်ငံမှာ နည်းလမ်းပေါင်းစုံရှိတယ်” ဟု သူပြော သည်။ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရီဒါးရစ်က ထရမ့်၏ ဂရင်းလန်းကို ဝယ်ယူရန်ကြောင်တောင်တောင်အတွေးအခေါ်ကို လှောင်ပြောင်သောကြောင့် ဗုဒ္ဓဟူးနေ့တွင် သူက သူကို အရှုပ်ထုတ်ဟုခေါ်သောကြောင့် ဥရောပတလွှားတွင် လှုပ်လှုပ်ရှားရှားဖြစ်ရသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် စီစဉ်ထားသည့် နိုင်ငံတော်ခရီးစဉ်ကိုလည်း အမေရိကန်ခေါင်းဆောင်ကပယ်ဖျက်လိုက်သည်။

နောက်ဆုံးစက်မှုထိပ်သီး ၇ နိုင်ငံစည်းဝေးပွဲတွင် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် သော်ဒိုးက အမေရိကန်အခွန်များသည် စောက်ကားမှု တမျိုး သာဖြစ်ကြောင်း၊ သူ့ကိုတွန်းအားပေးရမည်မဟုတ်ကြောင်းပြောပြီးနောက် အမေရိကန်ခေါင်းဆောင်က သဘောတူပြီးသားကြေညာချက်ကို လက်မှတ်ထိုးရန် ငြင်းဆန်သည်။ ထိုကြေညာချက်ကို ပြင်သစ်ခေါင်းဆောင် က ဒီမိုကရေစီအကျပ်အတည်းဖြစ်နေသည်ဟုဆိုကာ ဖြတ်တောက် ရန် အကြံပြုသော်လည်း အမေရိကန်ခေါင်းဆောင်သည် ထိုကြေညာချက်ကို လက်မှတ်ထိုးမည်မထိုးမည်ကို မည်သူမျှမသိကြပေ။ မိမိတို့သိသည့် တခုတည်းသောအရာမှာ စက်မှုထိပ်သီး ၇ နိုင်ငံသည် စိတ်တူကိုယ်တူ အဖွဲ့အစည်းမဟုတ်တော့ကြောင်းသာဖြစ်သည်။

 

(  Zawgyi  )

 စက္မႈထိပ္သီး ၇ ႏိုင္ငံ ထိပ္သီးေဆြးေႏြးပြဲကို စိတ္တူကိုယ္တူ ေခါင္းေဆာင္မ်ား၏ ထိပ္သီးေဆြးေႏြးပြဲဟု ေခၚခဲ့သည္မွာ ႏွစ္အတန္ၾကာၿပီျဖစ္သည္။ သို႔ေသာ္ စက္မႈအတိုးတက္ဆုံးႏိုင္ငံ ၇ ႏိုင္ငံမွ ေခါင္းေဆာင္မ်ား လြန္ခဲ့ေသာ ရက္သတၱပါတ္ကုန္တြင္ ျပင္သစ္ကမ္းေျခၿမိဳ႕ျဖစ္ေသာ ဘီယာရစ္ တြင္ေတြ႕ဆုံေသာအခါ ထိုအခ်က္သည္ မွားယြင္းေနေၾကာင္း သက္ေသျပေနသည္။

အဓိကမွာ အေမရိကန္ ေခါင္းေဆာင္သည္ ထိုထိပ္သီးေဆြးေႏြးပြဲအတြက္ သတ္မွတ္ထားေသာ ဦးစားေပးျပႆနာအမ်ားအျပားတြင္ အျခားေခါင္းေဆာင္မ်ားႏွင့္ စိတ္သေဘာထားမတူျခင္းျဖစ္သည္။ ျပင္သစ္သမၼတ အီမန္ညဴရယ္ မက္ခ႐ြန္က ရာသီဥတုေျပာင္းလဲမႈႏွင့္ သဘာဝပတ္ဝန္းက်င္ကို ထိပ္သီးအစည္းအေဝး၏ အဓိကအာ႐ုံစိုက္ရမည့္ ျပႆနာအျဖစ္ သတ္မွတ္ထားခ်ိန္တြင္ လြန္ခဲ့ေသာ ႏွစ္ႏွစ္က အီတလီႏိုင္ငံ စစၥလီတြင္ က်င္းပသည့္ စက္မႈထိပ္သီး ၇ ႏိုင္ငံအစည္းအေဝးတြင္ အေမရိကန္ေခါင္းေဆာင္က သမိုင္းဝင္ ပါရီသေဘာတူ စာခ်ဳပ္မႈႏုတ္ထြက္မည္ဟုေျပာၿပီး တက္ေရာက္လာသူ အားလုံးကို စိတ္ပ်က္ေစခဲ့သည္။

မက္ခ႐ြန္သည္ အေမရိကန္ႏိုင္ငံက အီရန္ ညဴကလီးယားသေဘာတူစာခ်ဳပ္မွ ႏုတ္ထြက္ၿပီး တီဟီရန္ကို အေရးယူပိတ္စို႔မႈမ်ား ျပန္လည္ ခ်မွတ္ၿပီးေနာက္ ပါရွန္းပင္လယ္ေကြ႕ အထူးသျဖင့္ အီရန္ႏွင့္အေမရိကန္အၾကားတင္းမာမႈမ်ားကို ကူညီေလွ်ာ့ခ်ေပးေနသူျဖစ္သည္။ ျပင္သစ္ႏွင့္ အျခားအဓိက ဥေရာပ ႏိုင္ငံမ်ားသည္ အေမရိကန္၏ အသစ္တဖန္အေရးယူပိတ္စို႔မႈမ်ားေအာက္တြင္ စိန္ေခၚမႈ အမ်ားအျပားရွိေစကာမူ ထိုစာခ်ဳပ္ကိုဆက္လက္ ထိန္းသိမ္းလိုၾကသည္။  

ျပင္သစ္၊ ဂ်ာမဏီႏွင့္ ၿဗိတိန္တို႔သည္ ဥေရာပကုမၸဏီမ်ား အေမရိကန္ အေရးယူပိတ္စို႔မႈကို ေက်ာ္လႊားၿပီး အီရန္ကုမၸဏီမ်ားႏွင့္ ကုန္သြယ္ႏိုင္ေရး အတြက္ ကုန္သြယ္မႈဖလွယ္ေရး အေထာက္အကူျပဳကိရိယာ (ISTE) ဟုေခၚေသာ အေရးေပၚအစီအစဥ္ကို ခ်မွတ္ထားၿပီးျဖစ္သည္။ ဥေရာပေကာင္စီ ဥကၠဌရာထူးကို လက္ရွိရရွိထားေသာ ဖင္လန္ႏိုင္ငံသည္ အီရန္ႏွင့္ စီးပြားေရးအရဆက္ဆံေသာႏိုင္ငံမ်ားကို အျပစ္ေပးရန္ အေမရိကန္ႏိုင္ငံ၏ အသစ္တဖန္ ၿခိမ္းေျခာက္မႈရွိေစကာမူ ISTE ကို ေထာက္ခံေၾကာင္း တနလၤာေန႔ကေၾကညာလိုက္သည္။  အဓိက်ေသာ ဥေရာပႏိုင္ငံမ်ားသည္ ယခုလအေမရိကန္ႏိုင္ငံ၏ ဆုံးျဖတ္ခ်က္ျဖစ္ေသာ ႐ုရွားႏွင့္ တာလတ္ န်ဴကလီးယား လက္နက္မ်ား သေဘာတူ စာခ်ဳပ္ကို အေမရိကန္ကဖ်က္သိမ္းျခင္းအားလည္း ေဒါသတႀကီးျဖစ္ခဲ့ၾကသည္။

အေမရိကန္၏လုပ္ရပ္သည္ ဖ႐ိုဖရဲျဖစ္ျခင္းကို တံခါးဖြင့္ေပးျခင္းႏွင့္ ဥေရာပကို ပိုမိုႀကီးမားေသာ န်ဴကလီးယား ၿခိမ္းေျခာက္မႈ ေအာက္သို႔ ပို႔ေဆာင္ျခင္းျဖစ္သည္ဟု ၎တို႔ကဆိုသည္။မညီမွ်မႈတိုက္ဖ်က္ေရးသည္ စက္မႈထိပ္သီး ၇ ႏိုင္ငံထိပ္သီးေဆြးေႏြးပြဲတြင္ အျခား အဓိအခ်က္ျဖစ္ သည္ဟု မက္ခ႐ြန္က သတ္မွတ္ထားသည္။ ထိုျပင္သစ္ေခါင္းေဆာင္မွာျပည္တြင္းတြင္ မညီမွ်မႈႀကီးထြားျခင္းေၾကာင့္ျဖစ္ေပၚလာေသာ  ၉ လၾကာ အက်ႌဝါလႈပ္ရွားမႈ၏ ေျခာက္လွန႔္ျခင္း ခံေနရသည္။ မက္ခ႐ြန္သည္ ကမာၻ႔မညီမွ်မႈျပႆနာကို ေျဖရွင္းရန္ အာဖရိက ၅ ႏိုင္ငံကို ထိုထိပ္သီး ဆြးေႏြးပြဲသို႔ဖိတ္ေခၚထားသည္။ သို႔ေသာ္ထိုသို႔ေသာ အားထုတ္မႈမ်ားကို ခိုင္မာေသာ ႏိုင္ငံတကာ ဘက္စုံစန္ျဖင့္ လုပ္ေဆာင္ရမည္ျဖစ္သည္။ ထိုကဲ့သို႔ေသာစနစ္မ်ိဳးသည္ အေမရိကန္အစိုးရ၏ အေမရိက ပထမ မူဝါဒေအာက္တြင္ ပို၍ပို၍ အလုပ္မျဖစ္ေတာ့ေသာ စနစ္မ်ိဳးျဖစ္သည္။  
 
တႏွစ္ၾကာေသာအခါ အေမရိကန္ကစတင္ေသာ တ႐ုတ္ႏွင့္ကုန္သြယ္ေရးစစ္ပြဲႏွင့္ ၎က အျခားႏိုင္ငံအမ်ားအျပားအေပၚ ခ်မွတ္သည့္ ဒဏ္ခတ္ေသာအခြန္မ်ားသည္ ကမာၻ႔ ကုန္ၾကမ္းကြင္းဆက္ကို အႀကီးအက်ယ္ထိခိုက္ေစၿပီး စီးပြားေရးလုပ္ငန္းမ်ားမေရရာေသာေၾကာင့္ ကမာၻ႔စီးပြားေရးအတြက္ တန္ဖိုးႀကီးမားစြာေပးဆပ္ရေၾကာင္း သက္ေသျပလာသည္။ ဥေရာပသမဂၢေခါင္းေဆာင္မ်ားသည္ ၎တို႔ႏွင့္ ရင္းႏွီးေသာ မဟာမိတ္ျဖစ္ပုံမရေတာ့သည့္ အေမရိကန္ႏွင့္ ျဖစ္ပြားမည့္ အလားအလာရွိေသာ ကုန္သြယ္ေရးစစ္ပြဲကို စိုးရိမ္ပူပန္လာၾကသည္။ နည္းပညာ လုပ္ငန္းႀကီးမ်ားျဖစ္ေသာ ေဖ့ဘြတ္ႏွင့္ ဂူဂဲလ္အေပၚ ျပင္သစ္ကနည္းပညာအခြန္ဆက္လက္က်င့္သုံးလွ်င္ ျပင္သစ္ဝိုင္မ်ားကို အခြန္ျဖင့္ ဒဏ္ခတ္ မည္ဟု အေမရိကန္အစိုးရက ၿခိမ္းေျခာက္လာသည္။ ဥေရာပကားမ်ားသည္ အမ်ိဳးသားလုံၿခဳံေရး ၿခိမ္းေျခာက္မႈျဖစ္သည္ဟု အေမရိကန္ေခါင္းေဆာင္ကေျပာၿပီး ဥေရာပကားမ်ားကိုဒဏ္ခတ္ေသာအခြန္သည္ မည္သည့္အခါမွ် စားပြဲေအာက္သို႔ မေရာက္ေၾကာင္း( အၿမဲအဆင္သင့္ရွိေၾကာင္း) ေျပာလာသည္။

အဂၤါေန႔တြင္မူ သူက သတင္းေထာက္မ်ားကို ေအာက္ပါအတိုင္းေျပာသည္။ “ သူတို႔ကက်ေနာ္တို႔ဆီကာ မားစီးဒီ တသန္းေက်ာ္တင္ပို႔တဲ့အတြက္ သူတို႔ကားေတြကို က်ေနာ္တို႔က အခြန္ေကာက္ၿပီး က်ေနာ္တို႔လိုခ်င္တာေပးမလားလို႔လုပ္ဖို႔ဒီႏိုင္ငံမွာ နည္းလမ္းေပါင္းစုံရွိတယ္” ဟု သူေျပာ သည္။ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရီဒါးရစ္က ထရမ့္၏ ဂရင္းလန္းကို ဝယ္ယူရန္ေၾကာင္ေတာင္ေတာင္အေတြးအေခၚကို ေလွာင္ေျပာင္ေသာေၾကာင့္ ဗုဒၶဟူးေန႔တြင္ သူက သူကို အရႈပ္ထုတ္ဟုေခၚေသာေၾကာင့္ ဥေရာပတလႊားတြင္ လႈပ္လႈပ္ရွားရွားျဖစ္ရသည္။ စက္တင္ဘာလ ၂ ရက္ေန႔တြင္ စီစဥ္ထားသည့္ ႏိုင္ငံေတာ္ခရီးစဥ္ကိုလည္း အေမရိကန္ေခါင္းေဆာင္ကပယ္ဖ်က္လိုက္သည္။

ေနာက္ဆုံးစက္မႈထိပ္သီး ၇ ႏိုင္ငံစည္းေဝးပြဲတြင္ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ ေသာ္ဒိုးက အေမရိကန္အခြန္မ်ားသည္ ေစာက္ကားမႈ တမ်ိဳး သာျဖစ္ေၾကာင္း၊ သူ႔ကိုတြန္းအားေပးရမည္မဟုတ္ေၾကာင္းေျပာၿပီးေနာက္ အေမရိကန္ေခါင္းေဆာင္က သေဘာတူၿပီးသားေၾကညာခ်က္ကို လက္မွတ္ထိုးရန္ ျငင္းဆန္သည္။ ထိုေၾကညာခ်က္ကို ျပင္သစ္ေခါင္းေဆာင္ က ဒီမိုကေရစီအက်ပ္အတည္းျဖစ္ေနသည္ဟုဆိုကာ ျဖတ္ေတာက္ ရန္ အႀကံျပဳေသာ္လည္း အေမရိကန္ေခါင္းေဆာင္သည္ ထိုေၾကညာခ်က္ကို လက္မွတ္ထိုးမည္မထိုးမည္ကို မည္သူမွ်မသိၾကေပ။ မိမိတို႔သိသည့္ တခုတည္းေသာအရာမွာ စက္မႈထိပ္သီး ၇ ႏိုင္ငံသည္ စိတ္တူကိုယ္တူ အဖြဲ႕အစည္းမဟုတ္ေတာ့ေၾကာင္းသာျဖစ္သည္။