【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်က အခွင့်အလမ်းကောင်းတွေရှိနေတဲ့ အချိန်အခါပါ။ကံတရားက ကောင်းတာလုပ်နေသမျှ ကိုယ်ဘက်မှာ ရှိနေတဲ့အတွက် လုပ်ငန်းတိုးချဲ့တာတွေ၊ အမွေ၊ အိမ်၊ ခြံမြေ စတဲ့ ဆိုင်းထားတဲ့ အလုပ်တွေ ဒီတစ်ပတ်အတွင်း လုပ်သင့်ပါတယ်။ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် တနင်္ဂနွေ သားသမီးတွေကို တိုင်ပင်တာ အကောင်းဆုံးပါဘဲ။စပ်တူကိစ္စတွေ အိမ်ခြံမြေကိစ္စတွေကတော့ မလုပ်ပါနဲ့ဦး။တိုးတက်အောင်မြင်မှုနဲ့အတူ သူတပါးက ကိုယ့်အပေါ် မနာလိုတာတွေ၊ ရန်စတာတွေ ရှိလာတတ်ပါတယ်။ခရီးထွက်ဖို့ ကိစ္စတွေကတော့ ဒီတစ်ပတ်အတွင်း အောင်မြင်ဖို့နည်းပါတယ်။လက်အောက်ငယ်သားကြောင့် ဂုဏ်တက်ပါမယ်။အလုပ်နဲ့ပတ်သက်ပြီး ခရီးပေါ်ရင်မငြင်းပါနဲ့။ကျန်းမာရေးကတော့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ပညာရေးကတော့ အကောင်းဘက်ပါ။အိမ်ထောင်ရှင်များ စကားများတတ်ပေမယ့် ချစ်သူတွေအတွက် သတင်းကောင်းကြားရတတ်တဲ့ အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား တနင်္ဂနွေနံ ပန်း၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကာ နံနက်ဖက်တိုင်း ရှင်သီဝလီဂါထာကို ရွတ်ဆိုပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား နံနက်ဖက်ထကာ ခုနှစ်ရက်တိတိ အစာကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်ရှိ ဘုရားတွင် အောင်သပြေပန်း ကပ်လှူကာ လျှောက်ထားသည့် အလုပ်ကို မေတ္တာပို့ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အလှပြင်ပစ္စည်းအစုတ်များ၊ အင်္ဂါနံပစ္စည်း အဟောင်းများ လွှင့်ပစ်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ကျန်းမာရေးမကောင်းသူအတွက် ရည်ရွယ်ကာ တံခွန်ကုက္ကား ကပ်လှူပါ။

ထီကံကောင်းလိုသူများ ။     ။ တနင်္ဂနွေနေ့နံ နာမည်ပါ ထီဆိုင်တွင် ၁/၅ ဂဏန်းများပါသည့် ထီထိုးလိုက်ပါ။

( Zawgyi )

အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြရွိေနတဲ့ အခ်ိန္အခါပါ။ကံတရားက ေကာင္းတာလုပ္ေနသမွ် ကိုယ္ဘက္မွာ ရွိေနတဲ့အတြက္ လုပ္ငန္းတိုးခ်ဲ႕တာေတြ၊ အေမြ၊ အိမ္၊ ၿခံေျမ စတဲ့ ဆိုင္းထားတဲ့ အလုပ္ေတြ ဒီတစ္ပတ္အတြင္း လုပ္သင့္ပါတယ္။ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ တနဂၤေႏြ သားသမီးေတြကို တိုင္ပင္တာ အေကာင္းဆုံးပါဘဲ။စပ္တူကိစၥေတြ အိမ္ၿခံေျမကိစၥေတြကေတာ့ မလုပ္ပါနဲ႔ဦး။တိုးတက္ေအာင္ျမင္မႈနဲ႔အတူ သူတပါးက ကိုယ့္အေပၚ မနာလိုတာေတြ၊ ရန္စတာေတြ ရွိလာတတ္ပါတယ္။ခရီးထြက္ဖို႔ ကိစၥေတြကေတာ့ ဒီတစ္ပတ္အတြင္း ေအာင္ျမင္ဖို႔နည္းပါတယ္။လက္ေအာက္ငယ္သားေၾကာင့္ ဂုဏ္တက္ပါမယ္။အလုပ္နဲ႔ပတ္သက္ၿပီး ခရီးေပၚရင္မျငင္းပါနဲ႔။က်န္းမာေရးကေတာ့ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ပညာေရးကေတာ့ အေကာင္းဘက္ပါ။အိမ္ေထာင္ရွင္မ်ား စကားမ်ားတတ္ေပမယ့္ ခ်စ္သူေတြအတြက္ သတင္းေကာင္းၾကားရတတ္တဲ့ အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား တနဂၤေႏြနံ ပန္း၊ သစ္သီးတို႔ျဖင့္ ကပ္လႉပူေဇာ္ကာ နံနက္ဖက္တိုင္း ရွင္သီဝလီဂါထာကို ႐ြတ္ဆိုပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုသည့္ အရပ္မွ ေခြးမ်ားအား နံနက္ဖက္ထကာ ခုႏွစ္ရက္တိတိ အစာေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္ရွိ ဘုရားတြင္ ေအာင္သေျပပန္း ကပ္လႉကာ ေလွ်ာက္ထားသည့္ အလုပ္ကို ေမတၱာပို႔ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အလွျပင္ပစၥည္းအစုတ္မ်ား၊ အဂၤါနံပစၥည္း အေဟာင္းမ်ား လႊင့္ပစ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံဘုရားမ်ားကို ေရသပၸါယ္ပါ။ပန္းအိုးမွ ပန္းေျခာက္မ်ား သန႔္ရွင္းေပးပါေလ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ က်န္းမာေရးမေကာင္းသူအတြက္ ရည္႐ြယ္ကာ တံခြန္ကုကၠား ကပ္လႉပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ တနဂၤေႏြေန႔နံ နာမည္ပါ ထီဆိုင္တြင္ ၁/၅ ဂဏန္းမ်ားပါသည့္ ထီထိုးလိုက္ပါ။