【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်အတွင်း ပြဿနာများနဲ့ လုံးထွေးနေရတတ်တဲ့ ကာလပါ။ခရီးဝေးသွားရဖို့ရှိသလို ကိုယ်နဲ့မဆိုင်တဲ့ ပြဿနာတစ်ခုကို စဆုံးဖြေရှင်းရဖို့လည်း ကြုံရတတ်ပါတယ်။ဘယ်သူ့ကိစ္စမှ ဝင်မပါပါနဲ့။သင်ဝင်ပါမှ ပိုရှုပ်သွားတတ်ပါတယ်။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးများနဲ့သာ တိုင်ပင်ဆောင်ရွက်ပါ။ငွေကံကတော့ ဘာသာရေးလုပ်သလောက် ငွေကံကောင်းနေမှာဖြစ်ပြီး အသောက်အစားနဲ့ မိန်းမကိစ္စ လိုက်စားတတ်သူတွေ ငွေကျပ်မယ့်ကာလပါ။အိမ်မြေစတဲ့ ယခင်ကစီစဉ်ထားတဲ့ ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တတ်သလို အိမ်ဆောက်ပစ္စည်း လုပ်ငန်းပိုင်ရှင်တွေ၊ ကားအရောင်းအဝယ်လုပ်ကိုင်သူတွေ၊ ကျောက်မျက်လုပ်ငန်းလုပ်သူတွေ အဆင်ပြေမယ့်ကာလပါ။စပ်တူအလုပ်တွေ မကောင်းသေးလို့ မလုပ်သင့်သေးပါဘူး။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲကောင်းပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရေးကတော့ ငယ်ရွယ်သူများ စိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ သတင်းကောင်းကြားရကိန်းရှိပြီး ငယ်ရွယ်သူများကတော့ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေမို့ ဝေးနေတာကောင်းပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒီဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကိုသက်စေ့ပုတီးစိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များကို ရှာပြီး အိမ်ဝန်းအပြင်ရောက်အောင် လွှတ်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်ကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစော လိပ်၊ ငါး စသည့် ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။     ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် ၂/၃ ဂဏန်းများများပါသည့် ထီကိုထိုးပါ။
( Zawgyi )
ယခုတစ္ပတ္အတြင္း ျပႆနာမ်ားနဲ႔ လုံးေထြးေနရတတ္တဲ့ ကာလပါ။ခရီးေဝးသြားရဖို႔ရွိသလို ကိုယ္နဲ႔မဆိုင္တဲ့ ျပႆနာတစ္ခုကို စဆုံးေျဖရွင္းရဖို႔လည္း ႀကဳံရတတ္ပါတယ္။ဘယ္သူ႔ကိစၥမွ ဝင္မပါပါနဲ႔။သင္ဝင္ပါမွ ပိုရႈပ္သြားတတ္ပါတယ္။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးမ်ားနဲ႔သာ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကံကေတာ့ ဘာသာေရးလုပ္သေလာက္ ေငြကံေကာင္းေနမွာျဖစ္ၿပီး အေသာက္အစားနဲ႔ မိန္းမကိစၥ လိုက္စားတတ္သူေတြ ေငြက်ပ္မယ့္ကာလပါ။အိမ္ေျမစတဲ့ ယခင္ကစီစဥ္ထားတဲ့ ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ျပန္ျဖစ္တတ္သလို အိမ္ေဆာက္ပစၥည္း လုပ္ငန္းပိုင္ရွင္ေတြ၊ ကားအေရာင္းအဝယ္လုပ္ကိုင္သူေတြ၊ ေက်ာက္မ်က္လုပ္ငန္းလုပ္သူေတြ အဆင္ေျပမယ့္ကာလပါ။စပ္တူအလုပ္ေတြ မေကာင္းေသးလို႔ မလုပ္သင့္ေသးပါဘူး။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြ ျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာေရးကေတာ့ ငယ္႐ြယ္သူမ်ား စိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းၾကားရကိန္းရွိၿပီး ငယ္႐ြယ္သူမ်ားကေတာ့ ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလမို႔ ေဝးေနတာေကာင္းပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒီဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကိုသက္ေစ့ပုတီးစိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ားကို ရွာၿပီး အိမ္ဝန္းအျပင္ေရာက္ေအာင္ လႊတ္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုန္ႀကီးေက်ာင္းသို႔သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မနက္ေစာေစာ လိပ္၊ ငါး စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ခရီးသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၃ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးပါ။