ကားရိုက်အားချိန် လူမှုအကျိုးပြုလုပ်နေတဲ့ သရုပ်ဆောင် နေမင်း

ကားရိုက်အားချိန် လူမှုအကျိုးပြုလုပ်နေတဲ့ သရုပ်ဆောင် နေမင်း

သရုပ်ဆောင် နေမင်း ဟာ အခုဆိုရင် ဇာတ်ကားရိုက်ဖို့ အားလပ်နေတဲ့ အချိန်တွေမှာ လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ရင်း ကုန်ဆုံးစေခဲ့တယ်လို့ ပြောပါတယ်။

သူဟာ လက်ရှိမှာ အောင်မြင်မှုအနေအထားတစ်ခုကို ရောက်ရှိနေသလို ပရိသတ်တွေလည်း အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။

"ဒီရက်ပိုင်းက ကားရိုက်တာလေးတွေ နည်းနည်းပါးတယ်၊ အခုလို ကားရိုက်မရှိတဲ့ရက်တွေဆိုရင် အပြင်ကိစ္စတွေ လုပ်ဖြစ်တယ်၊ ဘောလုံးအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီး လုပ်တာတွေလည်း ရှိသလို လူမှုရေးလုပ်ငန်းလေးတွေမှာ Volunteer အနေနဲ့လည်း လုပ်နေတာ ရှိပါတယ်၊ အချိန်တွေကို အကျိုးရှိရှိနဲ့ ကုန်ဆုံးသွားစေချင်တာကြောင့်လည်း ပါပါတယ်" လို့ သရုပ်ဆောင် နေမင်း က ပြောပါတယ်။

အဲ့ဒီလို လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ဖြစ်တာကလည်း သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ချိန်တွေကို သံသရာအတွက်လည်း အကျိုးရှိရှိနဲ့ အထောက်အကူပြုစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။

"ဒီလကုန်ပိုင်းမှာတော့ တစ်ကားရိုက်ဖို့ ရှိပါတယ်၊ လောလောဆယ်တော့ Volunteer လည်း လုပ်ရင်း ကိုယ်ပိုင်စီးပွားရေးလည်း လုပ်ဖြစ်တယ်လေ၊ မအားတဲ့ အချိန်တွေကျတော့ အခုလိုမျိုး မလုပ်ဖြစ်ဘူးပေါ့၊ ကျွန်တော် လုပ်ချင်သေးတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေ ပရဟိတအလုပ်တွေကိုလည်း လုပ်ဖို့ရှိပါသေးတယ်" လို့လည်း သူက ဆိုပါသေးတယ်။

အခုလကုန်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား တစ်ကားထဲ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် ဇာတ်လမ်းတွဲတွေမှာတော့ သရုပ်ဆောင်ဖို့မရှိသေးဘူးလို့ သိရပါတယ်။

မကြာခင်မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်ကို ရောက်ရှိတော့မှာ ဖြစ်သလို ပရိသတ်တွေအနေနဲ့လည်း နှစ်သစ်ကူးနဲ့အတူ ပျော်ရွှင်မှုတွေ၊ ကံကောင်းခြင်း ရလာဒ်တွေ အပြင် စိတ်ချမ်းသာမှုတွေနဲ့လည်း ပြည့်ဝပါစေလို့ သူက ဆုတောင်းစကား ပြောပါသေးတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ - ၁

( Zawgyi )

သ႐ုပ္ေဆာင္ ေနမင္း ဟာ အခုဆိုရင္ ဇာတ္ကား႐ိုက္ဖို႔ အားလပ္ေနတဲ့ အခ်ိန္ေတြမွာ လူမႈအက်ိဳးျပဳ လုပ္ငန္းေတြ လုပ္ေဆာင္ရင္း ကုန္ဆုံးေစခဲ့တယ္လို႔ ေျပာပါတယ္။

သူဟာ လက္ရွိမွာ ေအာင္ျမင္မႈအေနအထားတစ္ခုကို ေရာက္ရွိေနသလို ပရိသတ္ေတြလည္း အခိုင္အမာရရွိထားသူ ျဖစ္ပါတယ္။

"ဒီရက္ပိုင္းက ကား႐ိုက္တာေလးေတြ နည္းနည္းပါးတယ္၊ အခုလို ကား႐ိုက္မရွိတဲ့ရက္ေတြဆိုရင္ အျပင္ကိစၥေတြ လုပ္ျဖစ္တယ္၊ ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ပတ္သက္ၿပီး လုပ္တာေတြလည္း ရွိသလို လူမႈေရးလုပ္ငန္းေလးေတြမွာ Volunteer အေနနဲ႔လည္း လုပ္ေနတာ ရွိပါတယ္၊ အခ်ိန္ေတြကို အက်ိဳးရွိရွိနဲ႔ ကုန္ဆုံးသြားေစခ်င္တာေၾကာင့္လည္း ပါပါတယ္" လို႔ သ႐ုပ္ေဆာင္ ေနမင္း က ေျပာပါတယ္။

အဲ့ဒီလို လူမႈေရးလုပ္ငန္းေတြ လုပ္ကိုင္ျဖစ္တာကလည္း သူ႔ရဲ႕ ကိုယ္ပိုင္လြတ္လပ္ခ်ိန္ေတြကို သံသရာအတြက္လည္း အက်ိဳးရွိရွိနဲ႔ အေထာက္အကူျပဳေစဖို႔ ျဖစ္တယ္လို႔ သိရပါတယ္။

"ဒီလကုန္ပိုင္းမွာေတာ့ တစ္ကား႐ိုက္ဖို႔ ရွိပါတယ္၊ ေလာေလာဆယ္ေတာ့ Volunteer လည္း လုပ္ရင္း ကိုယ္ပိုင္စီးပြားေရးလည္း လုပ္ျဖစ္တယ္ေလ၊ မအားတဲ့ အခ်ိန္ေတြက်ေတာ့ အခုလိုမ်ိဳး မလုပ္ျဖစ္ဘူးေပါ့၊ ကြၽန္ေတာ္ လုပ္ခ်င္ေသးတဲ့ လူမႈအက်ိဳးျပဳလုပ္ငန္းေတြ ပရဟိတအလုပ္ေတြကိုလည္း လုပ္ဖို႔ရွိပါေသးတယ္" လို႔လည္း သူက ဆိုပါေသးတယ္။

အခုလကုန္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကား တစ္ကားထဲ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ျပင္ဆင္ေနေပမယ့္ ဇာတ္လမ္းတြဲေတြမွာေတာ့ သ႐ုပ္ေဆာင္ဖို႔မရွိေသးဘူးလို႔ သိရပါတယ္။

မၾကာခင္မွာ ျမန္မာ့႐ိုးရာ ႏွစ္သစ္ကူး အတာၾသကၤန္ပြဲေတာ္ကို ေရာက္ရွိေတာ့မွာ ျဖစ္သလို ပရိသတ္ေတြအေနနဲ႔လည္း ႏွစ္သစ္ကူးနဲ႔အတူ ေပ်ာ္႐ႊင္မႈေတြ၊ ကံေကာင္းျခင္း ရလာဒ္ေတြ အျပင္ စိတ္ခ်မ္းသာမႈေတြနဲ႔လည္း ျပည့္ဝပါေစလို႔ သူက ဆုေတာင္းစကား ေျပာပါေသးတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ - ၁