ရိုက်ကူးထားသော ရုပ်ရှင်ကားအများအပြားရှိနေသော်လည်း မရေရာတဲ့ ရုံတင်ရက်ကို စောင့်မျှော်နေရဆဲလို့ ကျော်ထက်အောင်ကပြောလာ

ရိုက်ကူးထားသော ရုပ်ရှင်ကား အများအပြား ရှိနေသော်လည်း မရေရာတဲ့ ရုံတင်ရက်ကို စောင့်မျှော်နေရဆဲလို့ ကျော်ထက်အောင်ကပြောလာ

Myanmar Idol သီချင်းဆိုပြိုင်ပွဲရဲ့ ပင်တိုင် အစီအစဉ်တင်ဆက်သူနေရာကနေ သရုပ်ဆောင် လောကထဲကို ရောက်ရှိနေတဲ့ ကျော်ထက်အောင်ဟာ အခုဆိုရင် ရုပ်ရှင်ကားကြီးတွေ အများအပြားရိုက်ကူးထားတာ ရှိပေမယ့် ရုံတင်ရမယ့်ရက်ကိုတော့ စောင့်မျှော်နေရတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ရိုက်ထားတဲ့ကားတွေများလာပါတယ်၊ ရုံတင်ဖို့စောင့်နေတဲ့ အနေအထားမှာဖြစ်ပါတယ်၊ ဘယ်နေ့ ရုံတင်မလဲဆိုတာတော့ မရေရာတဲ့အခြေအနေမျိုးပါပဲ၊ လက်ရှိရုံတင်တဲ့စနစ်ကလည်း ရုံပိုင်ရှင်စိတ်ကြိုက် ရွေးချယ်တဲ့ စနစ်မျိုးဖြစ်နေတော့ ရိုက်ထားပြီးဖြစ်ပေမယ့် ရုံပေါ်မရောက်တဲ့ ကားတွေအများကြီးရှိနေတာပါ”လို့ သရုပ်ဆောင် ကျော်ထက်အောင်က ပြောပါတယ်။

ရုံတင်ဖို့ စောင့်ဆိုင်းနေတဲ့ ဇာတ်ကားတွေထဲက စရိုက်ဆိုတဲ့ ဇာတ်ကားကို မတ်လ ၃၀ရက်က ရုံတင်ခဲ့သလို မျက်နှာဖုံးများ၊ ကြယ်၊ ဂန္ထဝင်အငြိုး၊ ကိုယ်ပွား အစရှိတဲ့ ဇာတ်ကားတွေကလည်း ရိုက်ကူးပြီးစီးတာ ကြာမြင့် ပေမယ့် ရုံတင်ဖို့စောင့်ဆိုင်းနေတဲ့ အခြေအနေမျိုးရှိပါတယ်။

သြင်္ကန်အပြီးကာလမှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာ ပါဝင်ရိုက်ကူးဖို့အတွက် ဇာတ်ရုပ်ပိုင်း ကြိုတင်ပြင်ဆင်မှုများကို အခုကတည်းက လုပ်ဆောင်နေပါတယ်။ “သြင်္ကန်အပြီး ရိုက်မယ့်ကားပါ၊ ဇာတ်ကားနာမည်တော့ ပြောလို့မရသေးပါဘူး၊ အခုတော့ ကြိုတင်ပြင်ဆင်နေပါ တယ်၊ စရိုက်ဆိုတာ ပေါ်လွင်အောင် လေ့လာရပါတယ်၊ မိတ်ကပ်ကအစ လေ့လာရပါတယ်၊ အခြေခံလူတန်းစားထဲမှာ ဖြစ်ပျက်နေတာလေးကို ရိုက်ပြထားတဲ့ ကားလေးပါ၊ လာမယ့် ဒီဇင်ဘာကျရင်လည်း တစ်ကားရိုက်ဖို့ရှိပါသေးတယ်၊ အဲ့ဒီကားထဲမှာတော့ ပရိသတ်အံ့သြလောက် မယ့် ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ရမှာပါ၊ ဘာကားလဲဆိုတာတော့ ကျွန်တော်ကြိုပြောလို့မရသေး ပါဘူး”လို့ သူက ရှင်းပြပါတယ်။

 အဲ့ဒီဇာတ်ကားက ဇာတ်ရုပ်အတွက် အခြေခံလူတန်းစားများကြားမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အလေ့ အထတွေ၊ သွားလာနေထိုင်ပုံတွေ၊ စရိုက်ပုံစံတွေ၊ အပြုအမူတွေကို လေ့လာနေတယ်လို့ သိရပါ တယ်။ သူပါဝင်ထားတဲ့ ချူဆီ၊ CO2  စတဲ့ ဇာတ်ကားတွေကိုလည်း ဒီနှစ်ထဲမှာ ရုံတင်ခဲ့ပါသေးတယ်။ သူဟာအခုဆိုရင် ကြော်ငြာတွေကိုလည်း ရိုက်ကူးလာရသလို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းက ကိုရီးယားနိုင်ငံကို သွားရောက်ပြီး နှာခေါင်းခွဲစိတ်ပြုပြင်တာတွေကို လည်း လုပ်ဆောင်ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၃၁

(  unicode  )

 Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ ပင္တိုင္ အစီအစဥ္တင္ဆက္သူေနရာကေန သ႐ုပ္ေဆာင္ ေလာကထဲကို ေရာက္ရွိေနတဲ့ ေက်ာ္ထက္ေအာင္ဟာ အခုဆိုရင္ ႐ုပ္ရွင္ကားႀကီးေတြ အမ်ားအျပား႐ိုက္ကူးထားတာ ရွိေပမယ့္ ႐ုံတင္ရမယ့္ရက္ကိုေတာ့ ေစာင့္ေမွ်ာ္ေနရတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ ႐ိုက္ထားတဲ့ကားေတြမ်ားလာပါတယ္၊ ႐ုံတင္ဖို႔ေစာင့္ေနတဲ့ အေနအထားမွာျဖစ္ပါတယ္၊ ဘယ္ေန႔ ႐ုံတင္မလဲဆိုတာေတာ့ မေရရာတဲ့အေျခအေနမ်ိဳးပါပဲ၊ လက္ရွိ႐ုံတင္တဲ့စနစ္ကလည္း ႐ုံပိုင္ရွင္စိတ္ႀကိဳက္ ေ႐ြးခ်ယ္တဲ့ စနစ္မ်ိဳးျဖစ္ေနေတာ့ ႐ိုက္ထားၿပီးျဖစ္ေပမယ့္ ႐ုံေပၚမေရာက္တဲ့ ကားေတြအမ်ားႀကီးရွိေနတာပါ”လို႔ သ႐ုပ္ေဆာင္ ေက်ာ္ထက္ေအာင္က ေျပာပါတယ္။

႐ုံတင္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ဇာတ္ကားေတြထဲက စ႐ိုက္ဆိုတဲ့ ဇာတ္ကားကို မတ္လ ၃၀ရက္က ႐ုံတင္ခဲ့သလို မ်က္ႏွာဖုံးမ်ား၊ ၾကယ္၊ ဂႏၳဝင္အၿငိဳး၊ ကိုယ္ပြား အစရွိတဲ့ ဇာတ္ကားေတြကလည္း ႐ိုက္ကူးၿပီးစီးတာ ၾကာျမင့္ ေပမယ့္ ႐ုံတင္ဖို႔ေစာင့္ဆိုင္းေနတဲ့ အေျခအေနမ်ိဳးရွိပါတယ္။

ၾသကၤန္အၿပီးကာလမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ကားမွာ ပါဝင္႐ိုက္ကူးဖို႔အတြက္ ဇာတ္႐ုပ္ပိုင္း ႀကိဳတင္ျပင္ဆင္မႈမ်ားကို အခုကတည္းက လုပ္ေဆာင္ေနပါတယ္။ “ၾသကၤန္အၿပီး ႐ိုက္မယ့္ကားပါ၊ ဇာတ္ကားနာမည္ေတာ့ ေျပာလို႔မရေသးပါဘူး၊ အခုေတာ့ ႀကိဳတင္ျပင္ဆင္ေနပါ တယ္၊ စ႐ိုက္ဆိုတာ ေပၚလြင္ေအာင္ ေလ့လာရပါတယ္၊ မိတ္ကပ္ကအစ ေလ့လာရပါတယ္၊ အေျခခံလူတန္းစားထဲမွာ ျဖစ္ပ်က္ေနတာေလးကို ႐ိုက္ျပထားတဲ့ ကားေလးပါ၊ လာမယ့္ ဒီဇင္ဘာက်ရင္လည္း တစ္ကား႐ိုက္ဖို႔ရွိပါေသးတယ္၊ အဲ့ဒီကားထဲမွာေတာ့ ပရိသတ္အံ့ၾသေလာက္ မယ့္ ကာ႐ိုက္တာမ်ိဳးနဲ႔ သ႐ုပ္ေဆာင္ရမွာပါ၊ ဘာကားလဲဆိုတာေတာ့ ကြၽန္ေတာ္ႀကိဳေျပာလို႔မရေသး ပါဘူး”လို႔ သူက ရွင္းျပပါတယ္။

 အဲ့ဒီဇာတ္ကားက ဇာတ္႐ုပ္အတြက္ အေျခခံလူတန္းစားမ်ားၾကားမွာ ေန႔စဥ္ျဖစ္ပ်က္ေနတဲ့ အေလ့ အထေတြ၊ သြားလာေနထိုင္ပုံေတြ၊ စ႐ိုက္ပုံစံေတြ၊ အျပဳအမူေတြကို ေလ့လာေနတယ္လို႔ သိရပါ တယ္။ သူပါဝင္ထားတဲ့ ခ်ဴဆီ၊ CO2  စတဲ့ ဇာတ္ကားေတြကိုလည္း ဒီႏွစ္ထဲမွာ ႐ုံတင္ခဲ့ပါေသးတယ္။ သူဟာအခုဆိုရင္ ေၾကာ္ျငာေတြကိုလည္း ႐ိုက္ကူးလာရသလို လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းက ကိုရီးယားႏိုင္ငံကို သြားေရာက္ၿပီး ႏွာေခါင္းခြဲစိတ္ျပဳျပင္တာေတြကို လည္း လုပ္ေဆာင္ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၃၁