သြင်္ကန်အတွက် သီချင်းတိုက်ရင်း ပြင်ဆင်နေတယ်လို့ တေးသံရှင် စည်သူလွင်က ပြောကြား

 သြင်္ကန်အတွက် သီချင်းတိုက်ရင်း ပြင်ဆင်နေတယ်လို့ တေးသံရှင် စည်သူလွင်က ပြောကြား

မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသြင်္ကန်ပွဲတော်မှာ သီဆိုဖျော်ဖြေနိုင် ဖို့အတွက် တေးသံရှင် စည်သူလွင်ဟာ အခုဆိုရင် သီချင်းတိုက်ကာ ပြင်ဆင်တာတွေကို လုပ်ဆောင်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ကာလထဲမှာ ပြန်ဆိုတေးတွေနဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ခုကို ကျင်းပနိုင်ခဲ့သလို လတ်တလော မှာတော့ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကူအညီတောင်း လာသော ပွဲလေးတွေမှာ ရင်းနှီးမှုဖြင့် သီဆိုပေးနေတဲ့အပြင် သြင်္ကန်ပွဲတော်မှာ ရန်ကုန်က ပရိသတ်တွေနဲ့အတူ ဖြတ်သန်းသွားဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။ “လောလောဆယ်တော့ Event လေးတွေဆိုနေရတယ်၊ ခွေအနေနဲ့တော့ စီစဉ်နေတာတော့ ရှိပါတယ်၊ သြင်္ကန် လည်းရောက်တော့ မှာ ဖြစ်တဲ့အတွက် ကျွန်တော့်ကိုချစ်တဲ့ ပရိသတ်ကို အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့ကာလပေါ့၊ တစ်ချို့အကူအညီတောင်းလာတဲ့ ပွဲလေးတွေမှာလည်း တစ်ပုဒ်နှစ်ပုဒ်လောက် တက်ဆိုဖြစ်ပါတယ်”လို့ တေးသံရှင် စည်သူလွင်က ရှင်းပြပါတယ်။

သူဟာ ပြည်တွင်းမှာ စတူဒီယိုစတင် တွင်ကျယ်ခေတ်စားချိန်ကာလကို မှီခဲ့သူလည်းဖြစ်သလို တိတ်ခွေခေတ်က လည်း အရောင်းရဆုံးသော အခြေအနေတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးသူလည်းဖြစ်ပါ တယ်။ သြင်္ကန်တေးသီချင်းတွေနဲ့ ပတ်သက်ပြီး သီချင်းတော်တော်များများကိုလည်း ပြန်လည် သီဆိုခဲ့ဖူး သလို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တခြားသော တေးသံရှင်တွေနဲ့ အတူ အခွေထုတ်ကာ အောင်မြင်မှုရခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။ ဒီသြင်္ကန်ကာလမှာ ပုဂ္ဂလိက ရေကစားမဏ္ဍပ်တစ်ချို့ ကလည်း လာဖျော်ဖြေပေးဖို့ ဖိတ်ကြားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“ဒီသြင်္ကန်သီချင်းတွေကတော့ ဘယ်တော့မှလည်းမရိုးနိုင်ပါဘူးလေ၊ သြင်္ကန်ကာလမှာ သီဆိုရတာ နှစ်သက်စရာလည်း ပိုကောင်းသလို ပိုပြီးပျော်ဖို့လည်းကောင်းတယ်၊ ပရိသတ်တွေအနေနဲ့ မြန်မာနှစ်သစ်ကူး ကာလမှာ အေးချမ်းပြီး အစစအရာရာ အဆင်ပြေကြပါစေ၊ ပျော်ရွှင်ချမ်းမြေ့ကြပါစေ”လို့ သူက နှစ်သစ်ဆုတောင်းစကား အနေနဲ့ ပြောကြားခဲ့ပါတယ်။

 မင်းခေတ်လင်း 

(  Zawgyi  )

 မၾကာခင္မွာ က်ေရာက္ေတာ့မယ့္ ျမန္မာ့႐ိုးရာႏွစ္သစ္ကူး အတာၾသကၤန္ပြဲေတာ္မွာ သီဆိုေဖ်ာ္ေျဖႏိုင္ ဖို႔အတြက္ ေတးသံရွင္ စည္သူလြင္ဟာ အခုဆိုရင္ သီခ်င္းတိုက္ကာ ျပင္ဆင္တာေတြကို လုပ္ေဆာင္ေဆာင္ေနပါတယ္။

ၿပီးခဲ့တဲ့ကာလထဲမွာ ျပန္ဆိုေတးေတြနဲ႔ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲတစ္ခုကို က်င္းပႏိုင္ခဲ့သလို လတ္တေလာ မွာေတာ့ ခင္မင္ရင္းႏွီးတဲ့မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ အကူအညီေတာင္း လာေသာ ပြဲေလးေတြမွာ ရင္းႏွီးမႈျဖင့္ သီဆိုေပးေနတဲ့အျပင္ ၾသကၤန္ပြဲေတာ္မွာ ရန္ကုန္က ပရိသတ္ေတြနဲ႔အတူ ျဖတ္သန္းသြားဖို႔ စီစဥ္ ထားတယ္လို႔ သိရပါတယ္။ “ေလာေလာဆယ္ေတာ့ Event ေလးေတြဆိုေနရတယ္၊ ေခြအေနနဲ႔ေတာ့ စီစဥ္ေနတာေတာ့ ရွိပါတယ္၊ ၾသကၤန္ လည္းေရာက္ေတာ့ မွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ့္ကိုခ်စ္တဲ့ ပရိသတ္ကို အေကာင္းဆုံး ေဖ်ာ္ေျဖႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ေနတဲ့ကာလေပါ့၊ တစ္ခ်ိဳ႕အကူအညီေတာင္းလာတဲ့ ပြဲေလးေတြမွာလည္း တစ္ပုဒ္ႏွစ္ပုဒ္ေလာက္ တက္ဆိုျဖစ္ပါတယ္”လို႔ ေတးသံရွင္ စည္သူလြင္က ရွင္းျပပါတယ္။

သူဟာ ျပည္တြင္းမွာ စတူဒီယိုစတင္ တြင္က်ယ္ေခတ္စားခ်ိန္ကာလကို မွီခဲ့သူလည္းျဖစ္သလို တိတ္ေခြေခတ္က လည္း အေရာင္းရဆုံးေသာ အေျခအေနတစ္ခုကို ပိုင္ဆိုင္ခဲ့ဖူးသူလည္းျဖစ္ပါ တယ္။ ၾသကၤန္ေတးသီခ်င္းေတြနဲ႔ ပတ္သက္ၿပီး သီခ်င္းေတာ္ေတာ္မ်ားမ်ားကိုလည္း ျပန္လည္ သီဆိုခဲ့ဖူး သလို သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ တျခားေသာ ေတးသံရွင္ေတြနဲ႔ အတူ အေခြထုတ္ကာ ေအာင္ျမင္မႈရခဲ့သူလည္း ျဖစ္ခဲ့ပါတယ္။ ဒီၾသကၤန္ကာလမွာ ပုဂၢလိက ေရကစားမ႑ပ္တစ္ခ်ိဳ႕ ကလည္း လာေဖ်ာ္ေျဖေပးဖို႔ ဖိတ္ၾကားတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

“ဒီၾသကၤန္သီခ်င္းေတြကေတာ့ ဘယ္ေတာ့မွလည္းမ႐ိုးႏိုင္ပါဘူးေလ၊ ၾသကၤန္ကာလမွာ သီဆိုရတာ ႏွစ္သက္စရာလည္း ပိုေကာင္းသလို ပိုၿပီးေပ်ာ္ဖို႔လည္းေကာင္းတယ္၊ ပရိသတ္ေတြအေနနဲ႔ ျမန္မာႏွစ္သစ္ကူး ကာလမွာ ေအးခ်မ္းၿပီး အစစအရာရာ အဆင္ေျပၾကပါေစ၊ ေပ်ာ္႐ႊင္ခ်မ္းေျမ့ၾကပါေစ”လို႔ သူက ႏွစ္သစ္ဆုေတာင္းစကား အေနနဲ႔ ေျပာၾကားခဲ့ပါတယ္။

 မင္းေခတ္လင္း