ဟာသဇာတ်ကားတွေပဲ ရိုက်သွားဖို့ရှိနေတဲ့ သရုပ်ဆောင် မျိုးမျိုးခိုင်

ဟာသဇာတ်ကားတွေပဲ ရိုက်သွားဖို့ရှိနေတဲ့ သရုပ်ဆောင် မျိုးမျိုးခိုင်

မြန်မာဇာတ်ကားတွေထဲမှာ ဇာတ်ပို့ဇာတ်ရန်နေရာကနေ သရုပ်ဆောင်နေတဲ့ မျိုးမျိုးခိုင်ဟာ လက်ရှိ ဟာသဇာတ်ကားတွေကိုသာ ရိုက်ကူးနေ တာဖြစ်သလို ဆက်လက်ပြီးတော့လည်း ဟာသကားတွေပဲ ရိုက်ကူးသွားဖို့ရှိနေတယ်လို့ ပြောပါတယ်။

“မြန်မာပေါကားပဲပြောပြော ဘာပဲပြောပဲပြောပြော ဟာသကားပဲရိုက်မှာပါ၊ အခုရိုက်နေရတာကလည်း ဟာသ ကားတွေပဲလေ၊ ဟာသကားကြည့် တဲ့ပရိသတ်က သူ့ဟာနဲ့သူရှိတာပါပဲ၊ ဟာသကားဆိုတာက တကယ်တော့ စိတ်မွန်းကြပ်တာတွေကို ပြေပျောက်စေတဲ့အနေနဲ့ ရယ်မောဖွယ် ကြည့်ရှုရတာလေ၊ ဝေဖန်တာကတော့ ဘာပဲလုပ်လုပ် ဝေဖန်မှာပဲ ကောင်းတာလုပ်လည်း ဝေဖန်ခံရမှာပဲ၊ မကောင်းတာလုပ်မှ ဝေဖန်ခံရမှာမှ မဟုတ်တာ၊ ဝေဖန်မှုတွေကိုသာ ခံစားနေရရင် အလုပ်လုပ်စားလို့တောင် ရမှာမဟုတ်ပါဘူး”လို့ ဇာတ်ပို့ ဇာတ်ရန် သရုပ်ဆောင် မျိုးမျိုးခိုင်က ရှင်းပြပါတယ်။

အခုသြင်္ကန်အပြီးမှာလည်း ဟာသဇာတ်ကားတစ်ကားအနေနဲ့ ရိုက်ကူးဖို့ရှိနေပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြောင်း၊ ပရိသတ်တွေကို ပျော်ရွှင်စေတဲ့ဆန္ဒနဲ့ ဟာသဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ဖြစ်တယ်လို့လည်း ဆိုပါသေးတယ်။ “ဒီရက်ကလေးမှာပဲ သန်လျင်မှာ Night Shooting သွားရသေးတယ်၊ အဲ့ဒီ ကားမှာလည်း သရဲအနေနဲ့ သရုပ်ဆောင်ခဲ့တာပါ၊ သရဲဆိုပေမယ့် ကြောက်စရာကောင်း ချင်မှ ကောင်းမှာပါ၊ ချစ်စရာကောင်းမှာပါ၊ မဟုတ်ဘူးလား”လို့ သူက ပြောပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုဈေးကွက်ပျက်သုဉ်းသွား တာကြောင့် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးမှုမရှိတော့ပေမယ့် ရုပ်ရှင်ကားကြီးတွေမှာတော့ ပါဝင်ရိုက်ကူးခွင့်ရလာတာ ဖြစ်ပါတယ်။

“အစ်မက ပရိသတ်ကို ပျော်စေချင်တာလေ၊ အကြိုက်ဆုံးကာရိုက်တာကတော့ စားလိုက်သောက်လိုက် အခန်းက ရိုက်ရတာ၊ အဲ့ဒါ ပျော်စေချင်လို့ နောက်လိုက်တာနော်၊ အတည်မထင်နဲ့ဦး၊ ပရိသတ်ကြီးအနေနဲ့ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ၊ အလုပ်အကိုင်တွေလည်း အဆင်ပြေကြပါစေ၊ ငွေကြေးဥစ္စာတွေလည်း တိုးပွားကြပါစေလို့ အစ်မဆုတောင်းပါတယ်နော်”လို့လည်း သူက နှစ်သစ်ဆုတောင်းအနေနဲ့ ပြောသွားခဲ့ပါသေးတယ်။

 မင်းခေတ်လင်း  
ရန်ကုန်၊ ဧပြီ ၁၀

(   Zawgyi  )

 ျမန္မာဇာတ္ကားေတြထဲမွာ ဇာတ္ပို႔ဇာတ္ရန္ေနရာကေန သ႐ုပ္ေဆာင္ေနတဲ့ မ်ိဳးမ်ိဳးခိုင္ဟာ လက္ရွိ ဟာသဇာတ္ကားေတြကိုသာ ႐ိုက္ကူးေန တာျဖစ္သလို ဆက္လက္ၿပီးေတာ့လည္း ဟာသကားေတြပဲ ႐ိုက္ကူးသြားဖို႔ရွိေနတယ္လို႔ ေျပာပါတယ္။

“ျမန္မာေပါကားပဲေျပာေျပာ ဘာပဲေျပာပဲေျပာေျပာ ဟာသကားပဲ႐ိုက္မွာပါ၊ အခု႐ိုက္ေနရတာကလည္း ဟာသ ကားေတြပဲေလ၊ ဟာသကားၾကည့္ တဲ့ပရိသတ္က သူ႔ဟာနဲ႔သူရွိတာပါပဲ၊ ဟာသကားဆိုတာက တကယ္ေတာ့ စိတ္မြန္းၾကပ္တာေတြကို ေျပေပ်ာက္ေစတဲ့အေနနဲ႔ ရယ္ေမာဖြယ္ ၾကည့္ရႈရတာေလ၊ ေဝဖန္တာကေတာ့ ဘာပဲလုပ္လုပ္ ေဝဖန္မွာပဲ ေကာင္းတာလုပ္လည္း ေဝဖန္ခံရမွာပဲ၊ မေကာင္းတာလုပ္မွ ေဝဖန္ခံရမွာမွ မဟုတ္တာ၊ ေဝဖန္မႈေတြကိုသာ ခံစားေနရရင္ အလုပ္လုပ္စားလို႔ေတာင္ ရမွာမဟုတ္ပါဘူး”လို႔ ဇာတ္ပို႔ ဇာတ္ရန္ သ႐ုပ္ေဆာင္ မ်ိဳးမ်ိဳးခိုင္က ရွင္းျပပါတယ္။

အခုၾသကၤန္အၿပီးမွာလည္း ဟာသဇာတ္ကားတစ္ကားအေနနဲ႔ ႐ိုက္ကူးဖို႔ရွိေနၿပီး လိုအပ္တဲ့ ျပင္ဆင္မႈေတြကို လုပ္ေဆာင္ေနေၾကာင္း၊ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေစတဲ့ဆႏၵနဲ႔ ဟာသဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ျဖစ္တယ္လို႔လည္း ဆိုပါေသးတယ္။ “ဒီရက္ကေလးမွာပဲ သန္လ်င္မွာ Night Shooting သြားရေသးတယ္၊ အဲ့ဒီ ကားမွာလည္း သရဲအေနနဲ႔ သ႐ုပ္ေဆာင္ခဲ့တာပါ၊ သရဲဆိုေပမယ့္ ေၾကာက္စရာေကာင္း ခ်င္မွ ေကာင္းမွာပါ၊ ခ်စ္စရာေကာင္းမွာပါ၊ မဟုတ္ဘူးလား”လို႔ သူက ေျပာပါတယ္။ အခုေနာက္ပိုင္း ဗီဒီယိုေဈးကြက္ပ်က္သုဥ္းသြား တာေၾကာင့္ ဗီဒီယိုဇာတ္ကားေတြ ႐ိုက္ကူးမႈမရွိေတာ့ေပမယ့္ ႐ုပ္ရွင္ကားႀကီးေတြမွာေတာ့ ပါဝင္႐ိုက္ကူးခြင့္ရလာတာ ျဖစ္ပါတယ္။

“အစ္မက ပရိသတ္ကို ေပ်ာ္ေစခ်င္တာေလ၊ အႀကိဳက္ဆုံးကာ႐ိုက္တာကေတာ့ စားလိုက္ေသာက္လိုက္ အခန္းက ႐ိုက္ရတာ၊ အဲ့ဒါ ေပ်ာ္ေစခ်င္လို႔ ေနာက္လိုက္တာေနာ္၊ အတည္မထင္နဲ႔ဦး၊ ပရိသတ္ႀကီးအေနနဲ႔ ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ၾကပါေစ၊ အလုပ္အကိုင္ေတြလည္း အဆင္ေျပၾကပါေစ၊ ေငြေၾကးဥစၥာေတြလည္း တိုးပြားၾကပါေစလို႔ အစ္မဆုေတာင္းပါတယ္ေနာ္”လို႔လည္း သူက ႏွစ္သစ္ဆုေတာင္းအေနနဲ႔ ေျပာသြားခဲ့ပါေသးတယ္။

 မင္းေခတ္လင္း  
ရန္ကုန္၊ ဧၿပီ ၁၀