အကောင့် Hack ခံထားရတာကြောင့် အွန်လိုင်းမသုံးဖြစ်သေးဘူးဆိုတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

အကောင့် Hack ခံထားရတာကြောင့် အွန်လိုင်းမသုံးဖြစ်သေးဘူးဆိုတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ

အခုလိုကာလမှာ အနုပညာရှင်တွေဟာ ပရိသတ်နဲ့အနီးကပ်တွေ့ဆုံနိုင်ဖို့ အွန်လိုင်းကို အားပြုလုပ်ဆောင်နေကြပေမယ့်သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ သူမရဲ့အကောင့် Hack ခံထားရတာကြောင့် အွန်လိုင်းမသုံးဖြစ်သေးဘူးလို့ ဆိုပါတယ်။

“အွန်လိုင်းက လောလောဆယ်မှာ မသုံးဖြစ်သေးဘူး၊ ညီမ ဖေ့စ်ဘွတ်အကောင့်ဆိုရင် နှစ်ခုရှိပြီ Follower တွေ အများကြီးရှိနေတာ အခု Disible ဖြစ်နေတာ၊ အဲ့ဒါလည်း Facebook Team ကိုတော့ ပြောထားတယ်၊ Page ဆိုရင်လည်း Onlin Shopping လုပ်တဲ့ Page ရယ်၊ Personal Page ရယ်၊ ဆောင်းဝတ်ရည်မေဆိုတဲ့ Page တွေကရှိတယ်၊ အကုန်လုံးပဲ Hack ခံထားရတယ်၊ ပြန်လိုချင်ရင် ဒေါ်လာ ၁၀၀၀၀ ပေးလို့ ပြောတယ်၊ ပေးလည်းမပေးဘူး၊ ဘာမှလည်းပြန်မပြောဘူး၊ Facebook Team ကိုပဲ အကြောင်းကြားတယ်၊ ညီမရဲ့ Page ဆိုရင် Blue Mark ရထားတာ၊ Blue Mark ရထားလဲ Hack ခံရနိုင်တယ်ဆိုတာ ကိုယ်တွေ့ပဲလေ၊ ဒါနဲ့ပတ်သက်ပြီး Facebook Team ကတော့ သူတို့က လုပ်ပေးမယ်လို့တော့ ပြောတာပဲ၊ လောလောဆယ်တော့ အွန်လိုင်းမသုံးဖြစ်သေးဘူးပေါ့” လို့ ၎င်းက ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ Wyndham Grand ဟိုတယ်မှာ စိန်နန်းတော်ရဲ့ ကံစမ်းမဲဖွင့်ပွဲကို လာရောက်စဉ် ရှင်းပြခဲ့တာပါ။

လတ်တလောကာလမှာ အခုလို အကျဉ်းချုံးပြီးကျင်းပနေတဲ့ ပွဲလေးတွေကို တက်ဖြစ်လာသလို ကြော်ငြာလေးတွေအတွက်လည်း ကမ်းလှမ်းထားတာရှိနေကြောင်း၊ ပရိသတ်နဲ့ဝေးကွာတာမျိုးမဖြစ်ရအောင် လူမှုကွန်ရက်ကနေ မကြာခဏတွေ့ဆုံတာမျိုးကိုလည်း လုပ်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“ပရိသတ်ကြီးကိုလည်း သတိရပါတယ်၊ အခုက ပွဲဆိုပေမယ့် ပွဲအကြီးကြီးမဟုတ်ဘူး၊ သတ်မှတ်လူဦးရေလေးလောက်နဲ့ အကျဉ်းချုံးပြီးကျင်းပတာ၊ ပရိသတ်တွေနဲ့လည်း မကြာခင်မှာဆုံတွေ့ကြမယ်၊ အနုပညာအလုပ်တွေလည်း လုပ်ဖို့အများကြီးရှိပါသေးတယ်၊ စောင့်ဆိုင်းပြီး အားပေးကြပါဦးလို့ ပြောချင်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၂၉

( Zawgyi )

အခုလိုကာလမွာ အႏုပညာရွင္ေတြဟာ ပရိသတ္နဲ႔အနီးကပ္ေတြ႕ဆုံႏိုင္ဖို႔ အြန္လိုင္းကို အားျပဳလုပ္ေဆာင္ေနၾကေပမယ့္သ႐ုပ္ေဆာင္ ေဆာင္းဝတ္ရည္ေမကေတာ့ သူမရဲ႕အေကာင့္ Hack ခံထားရတာေၾကာင့္ အြန္လိုင္းမသုံးျဖစ္ေသးဘူးလို႔ ဆိုပါတယ္။

“အြန္လိုင္းက ေလာေလာဆယ္မွာ မသုံးျဖစ္ေသးဘူး၊ ညီမ ေဖ့စ္ဘြတ္အေကာင့္ဆိုရင္ ႏွစ္ခုရွိၿပီ Follower ေတြ အမ်ားႀကီးရွိေနတာ အခု Disible ျဖစ္ေနတာ၊ အဲ့ဒါလည္း Facebook Team ကိုေတာ့ ေျပာထားတယ္၊ Page ဆိုရင္လည္း Onlin Shopping လုပ္တဲ့ Page ရယ္၊ Personal Page ရယ္၊ ေဆာင္းဝတ္ရည္ေမဆိုတဲ့ Page ေတြကရွိတယ္၊ အကုန္လုံးပဲ Hack ခံထားရတယ္၊ ျပန္လိုခ်င္ရင္ ေဒၚလာ ၁၀၀၀၀ ေပးလို႔ ေျပာတယ္၊ ေပးလည္းမေပးဘူး၊ ဘာမွလည္းျပန္မေျပာဘူး၊ Facebook Team ကိုပဲ အေၾကာင္းၾကားတယ္၊ ညီမရဲ႕ Page ဆိုရင္ Blue Mark ရထားတာ၊ Blue Mark ရထားလဲ Hack ခံရႏိုင္တယ္ဆိုတာ ကိုယ္ေတြ႕ပဲေလ၊ ဒါနဲ႔ပတ္သက္ၿပီး Facebook Team ကေတာ့ သူတို႔က လုပ္ေပးမယ္လို႔ေတာ့ ေျပာတာပဲ၊ ေလာေလာဆယ္ေတာ့ အြန္လိုင္းမသုံးျဖစ္ေသးဘူးေပါ့” လို႔ ၎က ဒီဇင္ဘာ ၂၇ ရက္က ရန္ကုန္ၿမိဳ႕ Wyndham Grand ဟိုတယ္မွာ စိန္နန္းေတာ္ရဲ႕ ကံစမ္းမဲဖြင့္ပြဲကို လာေရာက္စဥ္ ရွင္းျပခဲ့တာပါ။

လတ္တေလာကာလမွာ အခုလို အက်ဥ္းခ်ဳံးၿပီးက်င္းပေနတဲ့ ပြဲေလးေတြကို တက္ျဖစ္လာသလို ေၾကာ္ျငာေလးေတြအတြက္လည္း ကမ္းလွမ္းထားတာရွိေနေၾကာင္း၊ ပရိသတ္နဲ႔ေဝးကြာတာမ်ိဳးမျဖစ္ရေအာင္ လူမႈကြန္ရက္ကေန မၾကာခဏေတြ႕ဆုံတာမ်ိဳးကိုလည္း လုပ္ေဆာင္သြားႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

“ပရိသတ္ႀကီးကိုလည္း သတိရပါတယ္၊ အခုက ပြဲဆိုေပမယ့္ ပြဲအႀကီးႀကီးမဟုတ္ဘူး၊ သတ္မွတ္လူဦးေရေလးေလာက္နဲ႔ အက်ဥ္းခ်ဳံးၿပီးက်င္းပတာ၊ ပရိသတ္ေတြနဲ႔လည္း မၾကာခင္မွာဆုံေတြ႕ၾကမယ္၊ အႏုပညာအလုပ္ေတြလည္း လုပ္ဖို႔အမ်ားႀကီးရွိပါေသးတယ္၊ ေစာင့္ဆိုင္းၿပီး အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၂၉