အနုပညာဖန်တီးမှုကို အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားနေတဲ့ခီမောင်နှံ

အနုပညာဖန်တီးမှုကို အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားနေတဲ့ခီမောင်နှံ

ယခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ပွဲမှာ ဆုတစ်ခုမှမရခဲ့ပေမယ့် အနုပညာဖန်တီးမှုတွေကို အကောင်းဆုံး ဖြစ်အောင် ဆက်လက်ကြိုးစားနေတယ်လို့ သရုပ်ဆောင် ဇဏ်ခီနဲ့ သူရဲ့ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီ တို့က ပြောကြားခဲ့ပါတယ်။“အစ်မတို့က အစောကြီးကတည်းက ဆုရဖို့ကို မမှန်းပါဘူး၊ အစ်မတို့ လက်ရှိရိုက်နေတဲ့ ဇာတ်ကားလေးကိုပဲ အာရုံစိုက်နေကြတာပါ၊ ကောင်းသထက်ကောင်းအောင် ကြိုးစားနေပါတယ်၊ ပရိသတ်ကို မညာဘူး၊ အစ်မတို့ အနုပညာ Quarlity ကိုလည်း လျှော့မှာမဟုတ်ဘူး၊ ဒါကလည်း ပရိသတ်အတွက် အကောင်းဆုံးပေးဆပ်ချင်တဲ့ စေတနာကြောင့်ပါပဲ”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက အခမ်းအနားတစ်ခုတက်ရောက်လာစဉ် တွေ့ဆုံတဲ့အခါ ပြောကြားခဲ့တာပါ။

မတ်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ရွေးချယ်ပွဲပြီးတဲ့နောက်မှာ ခီမောင်နှံရဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ပတ်သက်လို့ ဆုတစ်ခုမှမရတဲ့အပေါ် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့သလို အမာခံပရိသတ်တွေက လူမှုကွန်ရက်မှာ သူတို့ရဲ့ Profile Picture ကို သူတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံများအဖြစ် ပြောင်းလဲကာ ဂုဏ်ပြုခဲ့ကြပါတယ်။ “ကျွန်တော်တို့ မြန်မာပြည်ပြန်ရောက်ကာစက US နဲ့ မြန်မာပြည်ကြား အသွားအလာရှိတဲ့ အန်ကယ်ကြီးတစ်ယောက်က သတိပေးဖူးတယ်၊ တို့နိုင်ငံကလူတွေက mood နဲ့ အလုပ်လုပ်တာတဲ့၊ သူပြောတာကို အစတုန်းကတော့ သိပ်နားမလည်ခဲ့ဘူး၊ အလုပ်တွေ တကယ် လုပ်ကြည့်တော့မှ တကယ်ဟုတ်မှန်းတွေ့လာရတယ်၊ အားလုံးတော့မဟုတ်ဘူး၊ အဓိကအကြောင်း အရင်းကို တွေးကြည့်ရမယ်ဆိုရင် Attitude နဲ့ Goal ရှိမရှိ ကွာတယ်လို့ထင်တယ်”လို့ သရုပ်ဆောင် ဇဏ်ခီ ကပြောပါတယ်။ ဆက်လက်ပြီးတော့လည်း ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားမှာ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ကာရိုက်တာဇာတ်ရုပ်မျိုးဖြစ်စေဖို့အတွက် အပင်ပန်းခံကာ အချိန်ယူကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

အဲ့ဒီ ထာဝရနှောင်ကြိုး လို့ နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို အချိန်ယူကာ ရိုက်ကူးနေပြီး အဲ့ဒီဇာတ်ကား ထဲမှာ သရုပ်ဆောင် ဇဏ်ခီနဲ့အတူ သရုပ်ဆောင် ပိုင်ဖြိုးသု တို့က ပါဝင်သရုပ်ဆောင်ထားသလို သရုပ်ဆောင် အသစ်တွေကိုလည်း ထည့်သွင်းကာ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲက ပြည်ပနိုင်ငံကရုပ်ရှင်ပြပွဲမှာ ဆုရရှိထားသော မုဒြာရဲ့ခေါ်သံ ဇာတ်ကားကို လာမယ့် မတ်လ ၃၁ ရက် ည ၈ နာရီမှာ ပြည်တွင်းက ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel + ရုပ်သံလိုင်းမှာ ပြသဖို့လည်း စီစဉ်နေကြပါတယ်။ အဲ့ဒီဇာတ်ကားဟာ ပြည်တွင်းမှာ ရုံတင်ပြသခဲ့စဉ်တုန်းက တစ်လကျော်လောက်အထိ ဆက်တိုက်ပြသနေရတဲ့ ဇာတ်ကားလည်းဖြစ်ခဲ့သလို သာမန်နဲ့မတူတဲ့ ရိုက်ကူးမှုတွေ၊ သရုပ်ဆောင်မှုတွေ ကြောင့်လည်း နှစ်သက်ကြည့်ရှုတဲ့သူတွေ အများအပြားရှိခဲ့ကာ အောင်မြင်သော အခြေအနေမျိုးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း                               
ရန်ကုန်၊ မတ် ၂၅

(   Zawgyi   )

 ယခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ပြဲမွာ ဆုတစ္ခုမွမရခဲ့ေပမယ့္ အႏုပညာဖန္တီးမႈေတြကို အေကာင္းဆုံး ျဖစ္ေအာင္ ဆက္လက္ႀကိဳးစားေနတယ္လို႔ သ႐ုပ္ေဆာင္ ဇဏ္ခီနဲ႔ သူရဲ႕ဇနီးျဖစ္သူ ဒါ႐ိုက္တာ ခရစၥတီးနားခီ တို႔က ေျပာၾကားခဲ့ပါတယ္။“အစ္မတို႔က အေစာႀကီးကတည္းက ဆုရဖို႔ကို မမွန္းပါဘူး၊ အစ္မတို႔ လက္ရွိ႐ိုက္ေနတဲ့ ဇာတ္ကားေလးကိုပဲ အာ႐ုံစိုက္ေနၾကတာပါ၊ ေကာင္းသထက္ေကာင္းေအာင္ ႀကိဳးစားေနပါတယ္၊ ပရိသတ္ကို မညာဘူး၊ အစ္မတို႔ အႏုပညာ Quarlity ကိုလည္း ေလွ်ာ့မွာမဟုတ္ဘူး၊ ဒါကလည္း ပရိသတ္အတြက္ အေကာင္းဆုံးေပးဆပ္ခ်င္တဲ့ ေစတနာေၾကာင့္ပါပဲ”လို႔ ဒါ႐ိုက္တာ ခရစၥတီးနားခီက အခမ္းအနားတစ္ခုတက္ေရာက္လာစဥ္ ေတြ႕ဆုံတဲ့အခါ ေျပာၾကားခဲ့တာပါ။

မတ္လ ၂၃ ရက္က က်င္းပခဲ့တဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု(အကယ္ဒမီ) ေ႐ြးခ်ယ္ပြဲၿပီးတဲ့ေနာက္မွာ ခီေမာင္ႏွံရဲ႕ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ပတ္သက္လို႔ ဆုတစ္ခုမွမရတဲ့အေပၚ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြ ျမင့္တက္ခဲ့သလို အမာခံပရိသတ္ေတြက လူမႈကြန္ရက္မွာ သူတို႔ရဲ႕ Profile Picture ကို သူတို႔ဇနီးေမာင္ႏွံရဲ႕ ဓာတ္ပုံမ်ားအျဖစ္ ေျပာင္းလဲကာ ဂုဏ္ျပဳခဲ့ၾကပါတယ္။ “ကြၽန္ေတာ္တို႔ ျမန္မာျပည္ျပန္ေရာက္ကာစက US နဲ႔ ျမန္မာျပည္ၾကား အသြားအလာရွိတဲ့ အန္ကယ္ႀကီးတစ္ေယာက္က သတိေပးဖူးတယ္၊ တို႔ႏိုင္ငံကလူေတြက mood နဲ႔ အလုပ္လုပ္တာတဲ့၊ သူေျပာတာကို အစတုန္းကေတာ့ သိပ္နားမလည္ခဲ့ဘူး၊ အလုပ္ေတြ တကယ္ လုပ္ၾကည့္ေတာ့မွ တကယ္ဟုတ္မွန္းေတြ႕လာရတယ္၊ အားလုံးေတာ့မဟုတ္ဘူး၊ အဓိကအေၾကာင္း အရင္းကို ေတြးၾကည့္ရမယ္ဆိုရင္ Attitude နဲ႔ Goal ရွိမရွိ ကြာတယ္လို႔ထင္တယ္”လို႔ သ႐ုပ္ေဆာင္ ဇဏ္ခီ ကေျပာပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ထာဝရေႏွာင္ႀကိဳး ႐ုပ္ရွင္ဇာတ္ကားမွာ အရင္ဇာတ္ကားေတြနဲ႔ မတူတဲ့ ကာ႐ိုက္တာဇာတ္႐ုပ္မ်ိဳးျဖစ္ေစဖို႔အတြက္ အပင္ပန္းခံကာ အခ်ိန္ယူႀကိဳးပမ္းေနတယ္လို႔လည္း ေျပာပါတယ္။

အဲ့ဒီ ထာဝရေႏွာင္ႀကိဳး လို႔ နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို အခ်ိန္ယူကာ ႐ိုက္ကူးေနၿပီး အဲ့ဒီဇာတ္ကား ထဲမွာ သ႐ုပ္ေဆာင္ ဇဏ္ခီနဲ႔အတူ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသု တို႔က ပါဝင္သ႐ုပ္ေဆာင္ထားသလို သ႐ုပ္ေဆာင္ အသစ္ေတြကိုလည္း ထည့္သြင္းကာ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။ ဒါ႐ိုက္တာ ခရစၥတီးနားခီ ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားေတြထဲက ျပည္ပႏိုင္ငံက႐ုပ္ရွင္ျပပြဲမွာ ဆုရရွိထားေသာ မုျဒာရဲ႕ေခၚသံ ဇာတ္ကားကို လာမယ့္ မတ္လ ၃၁ ရက္ ည ၈ နာရီမွာ ျပည္တြင္းက ႐ုပ္သံလိုင္းတစ္ခုျဖစ္တဲ့ Channel + ႐ုပ္သံလိုင္းမွာ ျပသဖို႔လည္း စီစဥ္ေနၾကပါတယ္။ အဲ့ဒီဇာတ္ကားဟာ ျပည္တြင္းမွာ ႐ုံတင္ျပသခဲ့စဥ္တုန္းက တစ္လေက်ာ္ေလာက္အထိ ဆက္တိုက္ျပသေနရတဲ့ ဇာတ္ကားလည္းျဖစ္ခဲ့သလို သာမန္နဲ႔မတူတဲ့ ႐ိုက္ကူးမႈေတြ၊ သ႐ုပ္ေဆာင္မႈေတြ ေၾကာင့္လည္း ႏွစ္သက္ၾကည့္ရႈတဲ့သူေတြ အမ်ားအျပားရွိခဲ့ကာ ေအာင္ျမင္ေသာ အေျခအေနမ်ိဳးျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း                               
ရန္ကုန္၊ မတ္ ၂၅