အနုပညာအပေါ် ရူးသွပ်မှုကြောင့် ကပ်ဘေးကာလထဲ သီချင်းတွေစီစဉ်ခဲ့တဲ့ J Fire

အနုပညာအပေါ် ရူးသွပ်မှုကြောင့် ကပ်ဘေးကာလထဲ သီချင်းတွေစီစဉ်ခဲ့တဲ့  J Fire

အခုလိုရောဂါကပ်ဘေးကာလမှာ အခက်အခဲတွေကြုံနေရပေမယ့် အနုပညာအပေါ် ရူးသွပ်မှုတွေကြောင့် သီချင်းတွေကို စီစဉ်ထုတ်ဝေခဲ့ရတယ်လို့ တေးသံရှင် J Fire က ပြောပါတယ်။

သူဟာ Single Song တွေကို အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့သလို “လမ်းမပေါ်က ဘဝ” ၊ “Cypher” ၊ “ခေတ်” စတဲ့ Music Video တွေဟာ ပရိသတ်ကြားကို ရောက်ရှိခဲ့သလို ယခုရက်ပိုင်းမှာလည်း နောက်ထပ် Music Video သီချင်းတစ်ပုဒ် ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“၂၆ ရက်နေ့မှာ သီချင်းအသစ်ထွက်ဖို့ မှန်းထားပါတယ်၊ ဒီတစ်ခါ အရင်နဲ့မတူတဲ့ ကွဲပြားသောအစီအစဉ်တွေနဲ့ ပြင်ဆင်ထားပါတယ်၊ Animation နဲ့ထွက်ဖို့ သုံးလလောက် ပြင်ဆင်လုပ်ကိုင်ခဲ့ပေမယ့် အခက်အခဲနည်းနည်းရှိပြီးတော့ အဆင်မပြေတာလေးတွေ ရှိနေတာကြောင့် အဲ့ဒါကို Cancel လုပ်လိုက်ပြီး Lyrics Video နဲ့ ထွက်ဖို့ပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊ အရင်ကထွက်ရှိခဲ့တဲ့ သီချင်းတွေကနေရရှိလာတဲ့  အောင်မြင်မှုတွေ၊ ငွေကြေးတွေနဲ့ နောက်ထပ်ပိုမိုကောင်းတဲ့ ဂီတဖန်တီးမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်၊ ပရိသတ်အတွက် အသစ်သစ်တွေကို ခံစားနိုင်အောင်လို့ အိုင်ဒီယာသစ်တွေနဲ့ ဆက်လုပ်သွားဦးမှာပါ၊ ကျွန်တော့်ရဲ့သီချင်းတွေကို နားဆင်ကြည့်ပါခင်ဗျာ၊ နှလုံးသားနဲ့ ခံစားနားဆင်စေချင်ပါတယ်” လို့ တေးသံရှင် J Fire က ရှင်းပြပါတယ်။

သူ့ကို မန္တလေးမြို့ခံပရိသတ်တွေက အများဆုံးအားပေးခဲ့ကြသလို ၂၀၁၆ ခုနှစ်က ထွက်ခဲ့သော တစ်ကိုယ်တော်ခွေကနေ အားပေးသူအခိုင်အမာရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ “ကောက်ရိုးလေးတစ်မျှင်” လို့ နာမည်ရတဲ့ Music Video ထွက်ရှိခဲ့သလို အားပေးသူလူငယ်ပရိသတ်တွေ အခိုင်အမာရရှိလာသူလည်းဖြစ်ပါတယ်။

“အခုကြုံနေရတဲ့ COVID 19 ကြောင့်လည်း မတ်လလောက်ကတည်းက ဝင်ငွေစီးဆင်းမှု ရပ်တန့်ခဲ့ရပါတယ်၊ ဒါပေမဲ့ ဒီလိုကပ်ဘေးကာလမှာ လူတိုင်းအခက်အခဲတွေရှိပေမယ့် ဒီကာလမှာ သီချင်းအသစ်ထပ်လုပ်ရတာကလည်း အနုပညာအပေါ် ရူးသွပ်တဲ့စိတ်ရယ် ပရိသတ်ကို အနုပညာဖန်တီးမှုကောင်းကောင်းတွေကို ခံစားနားဆင်စေဖို့လည်းဖြစ်ပါတယ်၊ ဒီကာလမှာ ပရိသတ်အားလုံးလည်း ကျန်းမာရေးကိုဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

၎င်းကို လူငယ်ပရိသတ်အများအပြားက အားပေးနေကြသလို အသစ်ထွက်မယ့်သီချင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုအချို့လည်းရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ဓာတ်ပုံ - (ကိုနိုင် NG)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၅

( Zawgyi )

အခုလိုေရာဂါကပ္ေဘးကာလမွာ အခက္အခဲေတြႀကဳံေနရေပမယ့္ အႏုပညာအေပၚ ႐ူးသြပ္မႈေတြေၾကာင့္ သီခ်င္းေတြကို စီစဥ္ထုတ္ေဝခဲ့ရတယ္လို႔ ေတးသံရွင္ J Fire က ေျပာပါတယ္။

သူဟာ Single Song ေတြကို အြန္လိုင္းကေန ထုတ္လႊင့္ခဲ့သလို “လမ္းမေပၚက ဘဝ” ၊ “Cypher” ၊ “ေခတ္” စတဲ့ Music Video ေတြဟာ ပရိသတ္ၾကားကို ေရာက္ရွိခဲ့သလို ယခုရက္ပိုင္းမွာလည္း ေနာက္ထပ္ Music Video သီခ်င္းတစ္ပုဒ္ ထြက္ရွိႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

“၂၆ ရက္ေန႔မွာ သီခ်င္းအသစ္ထြက္ဖို႔ မွန္းထားပါတယ္၊ ဒီတစ္ခါ အရင္နဲ႔မတူတဲ့ ကြဲျပားေသာအစီအစဥ္ေတြနဲ႔ ျပင္ဆင္ထားပါတယ္၊ Animation နဲ႔ထြက္ဖို႔ သုံးလေလာက္ ျပင္ဆင္လုပ္ကိုင္ခဲ့ေပမယ့္ အခက္အခဲနည္းနည္းရွိၿပီးေတာ့ အဆင္မေျပတာေလးေတြ ရွိေနတာေၾကာင့္ အဲ့ဒါကို Cancel လုပ္လိုက္ၿပီး Lyrics Video နဲ႔ ထြက္ဖို႔ပဲ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္၊ အရင္ကထြက္ရွိခဲ့တဲ့ သီခ်င္းေတြကေနရရွိလာတဲ့  ေအာင္ျမင္မႈေတြ၊ ေငြေၾကးေတြနဲ႔ ေနာက္ထပ္ပိုမိုေကာင္းတဲ့ ဂီတဖန္တီးမႈေတြကို လုပ္ေဆာင္ေနတာျဖစ္ပါတယ္၊ ပရိသတ္အတြက္ အသစ္သစ္ေတြကို ခံစားႏိုင္ေအာင္လို႔ အိုင္ဒီယာသစ္ေတြနဲ႔ ဆက္လုပ္သြားဦးမွာပါ၊ ကြၽန္ေတာ့္ရဲ႕သီခ်င္းေတြကို နားဆင္ၾကည့္ပါခင္ဗ်ာ၊ ႏွလုံးသားနဲ႔ ခံစားနားဆင္ေစခ်င္ပါတယ္” လို႔ ေတးသံရွင္ J Fire က ရွင္းျပပါတယ္။

သူ႔ကို မႏၲေလးၿမိဳ႕ခံပရိသတ္ေတြက အမ်ားဆုံးအားေပးခဲ့ၾကသလို ၂၀၁၆ ခုႏွစ္က ထြက္ခဲ့ေသာ တစ္ကိုယ္ေတာ္ေခြကေန အားေပးသူအခိုင္အမာရရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ “ေကာက္႐ိုးေလးတစ္မွ်င္” လို႔ နာမည္ရတဲ့ Music Video ထြက္ရွိခဲ့သလို အားေပးသူလူငယ္ပရိသတ္ေတြ အခိုင္အမာရရွိလာသူလည္းျဖစ္ပါတယ္။

“အခုႀကဳံေနရတဲ့ COVID 19 ေၾကာင့္လည္း မတ္လေလာက္ကတည္းက ဝင္ေငြစီးဆင္းမႈ ရပ္တန႔္ခဲ့ရပါတယ္၊ ဒါေပမဲ့ ဒီလိုကပ္ေဘးကာလမွာ လူတိုင္းအခက္အခဲေတြရွိေပမယ့္ ဒီကာလမွာ သီခ်င္းအသစ္ထပ္လုပ္ရတာကလည္း အႏုပညာအေပၚ ႐ူးသြပ္တဲ့စိတ္ရယ္ ပရိသတ္ကို အႏုပညာဖန္တီးမႈေကာင္းေကာင္းေတြကို ခံစားနားဆင္ေစဖို႔လည္းျဖစ္ပါတယ္၊ ဒီကာလမွာ ပရိသတ္အားလုံးလည္း က်န္းမာေရးကိုဂ႐ုစိုက္ၾကပါလို႔ ေျပာခ်င္ပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

၎ကို လူငယ္ပရိသတ္အမ်ားအျပားက အားေပးေနၾကသလို အသစ္ထြက္မယ့္သီခ်င္းနဲ႔ပတ္သက္ၿပီး ေဝဖန္မႈအခ်ိဳ႕လည္းရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ဓာတ္ပုံ - (ကိုႏိုင္ NG)
ရန္ကုန္၊ ဒီဇင္ဘာ - ၂၅