အနုပညာအလုပ်တွေအတွက် ကြိုတင်ပြင်ဆင်နေတဲ့ နန်းခင်ဇေယျာ

အနုပညာအလုပ်တွေအတွက် ကြိုတင်ပြင်ဆင်နေတဲ့ နန်းခင်ဇေယျာ

COVID-19 ကူးစက်မှု လျော့ပါးလာတာနဲ့အတူ ဖြေလျော့မှုတွေကို ပြည်တွင်းမှာလုပ်ဆောင်လာခဲ့သလို ရုပ်ရှင်အနုပညာလုပ်ငန်းတွေအနေနဲ့လည်း ပြန်လည်ခွင့်ပြုလာတဲ့အခါ အဆင်သင့်ဖြစ်စေဖို့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သရုပ်ဆောင် နန်းခင်ဇေယျာ က ပြောပါတယ်။

သူဟာ အလှမယ်အဖြစ်ကနေ အနုပညာလောကို ဝင်ရောက်လာခဲ့ပေမယ့် အခုဆိုရင်ဇာတ်ကားများစွာကိုလည်း ရိုက်ကူးထားပြီး ကြော်ငြာတွေမှာလည်း ရိုက်ကူးခဲ့ရသလို ဆက်လက်ပြီး ကြော်ငြာအစီအစဉ်တွေအတွက်လည်း ကမ်းလှမ်းတာတွေကို ခံရသူလည်းဖြစ်ပါတယ်။

“လောလောဆယ်ကတော့ COVID ကာလထဲမှာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး အလှူလေးတွေလုပ်ဖြစ်တယ်၊ COVID လူနာတွေအတွက် လိုအပ်တဲ့အလှူလေးတွေကိုလှူတယ်၊ ဒီလို COVID မဖြစ်ခင်ကဆိုရင် သူငယ်ချင်းတွေစုပြီးတော့ ပုံမှန်လေးလှူတယ်၊ ပြီးရင် စုပြီးတော့ မုန့်သွားစားကြတယ်၊ သူငယ်ချင်းတွေ အချင်းချင်းလည်း ဆုံဖြစ်ကြတာပေါ့၊ အခုကတော့ လှူတာကိုတော့ လုပ်ဖြစ်တယ်၊ စုပြီးမုန့်သွားစားတာကတော့ မလုပ်ဖြစ်ဘူးပေါ့နော်၊ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ ရိုက်ကူးရေးအစီအစဉ်တွေကတော့ လုပ်ဖြစ်မှာပါ၊ လောလောဆယ်က ကြိုတင်ပြင်ဆင်နေတာလေးတွေ နည်းနည်းပါးပါးရှိပါတယ်၊ စီစဉ်နေဆဲမို့လို့ အသေးစိတ်ကိုတော့ နောက်မှထုတ်ပြောပါ့မယ်၊ ဒီ COVID က ပြီးတာတော့ မပြီးသေးပေမယ့် အတူယှဉ်တွဲနေထိုင်မယ့် New Normal Life ရယ်၊ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်တွေနဲ့အတူ အနုပညာအလုပ်တွေကို လုပ်ဆောင်သွားနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူမဟာ ဗီဒီယိုဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူလည်းဖြစ်သလို အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေ ခေတ်စားမှုအပေါ် ကျရာဇာတ်ရုပ်ကနေ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“ပရိသတ်တွေအတွက် ကြိုးစားနေဦးမှာပါ၊ အခုက ဘာမှလုပ်လို့မရသေးတဲ့ အခြေအနေမှာ ကိုယ့်ဘက်ကပြင်ဆင်သင့်တာတော့ ပြင်ဆင်နေတာရှိပါတယ်၊ ဒီကာလမှာ ကျန်းမာရေးကိုဂရုစိုက်ကြပါ၊ ပရိသတ်အားလုံးလည်း ကျန်းမာကြပါစေလို့ ဆုတောင်းမိပါတယ်” လို့ ၎င်းကဆက်လက်ရှင်းပြခဲ့ပါတယ်။  

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ - ၃၀
( Zawgyi )
COVID-19 ကူးစက္မႈ ေလ်ာ့ပါးလာတာနဲ႔အတူ ေျဖေလ်ာ့မႈေတြကို ျပည္တြင္းမွာလုပ္ေဆာင္လာခဲ့သလို ႐ုပ္ရွင္အႏုပညာလုပ္ငန္းေတြအေနနဲ႔လည္း ျပန္လည္ခြင့္ျပဳလာတဲ့အခါ အဆင္သင့္ျဖစ္ေစဖို႔ လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနတယ္လို႔ သ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာ က ေျပာပါတယ္။

သူဟာ အလွမယ္အျဖစ္ကေန အႏုပညာေလာကို ဝင္ေရာက္လာခဲ့ေပမယ့္ အခုဆိုရင္ဇာတ္ကားမ်ားစြာကိုလည္း ႐ိုက္ကူးထားၿပီး ေၾကာ္ျငာေတြမွာလည္း ႐ိုက္ကူးခဲ့ရသလို ဆက္လက္ၿပီး ေၾကာ္ျငာအစီအစဥ္ေတြအတြက္လည္း ကမ္းလွမ္းတာေတြကို ခံရသူလည္းျဖစ္ပါတယ္။

“ေလာေလာဆယ္ကေတာ့ COVID ကာလထဲမွာ သူငယ္ခ်င္းေတြနဲ႔ စုေပါင္းၿပီး အလႉေလးေတြလုပ္ျဖစ္တယ္၊ COVID လူနာေတြအတြက္ လိုအပ္တဲ့အလႉေလးေတြကိုလႉတယ္၊ ဒီလို COVID မျဖစ္ခင္ကဆိုရင္ သူငယ္ခ်င္းေတြစုၿပီးေတာ့ ပုံမွန္ေလးလႉတယ္၊ ၿပီးရင္ စုၿပီးေတာ့ မုန႔္သြားစားၾကတယ္၊ သူငယ္ခ်င္းေတြ အခ်င္းခ်င္းလည္း ဆုံျဖစ္ၾကတာေပါ့၊ အခုကေတာ့ လႉတာကိုေတာ့ လုပ္ျဖစ္တယ္၊ စုၿပီးမုန႔္သြားစားတာကေတာ့ မလုပ္ျဖစ္ဘူးေပါ့ေနာ္၊ အႏုပညာလႈပ္ရွားမႈနဲ႔ပတ္သက္ၿပီးေတာ့ ႐ိုက္ကူးေရးအစီအစဥ္ေတြကေတာ့ လုပ္ျဖစ္မွာပါ၊ ေလာေလာဆယ္က ႀကိဳတင္ျပင္ဆင္ေနတာေလးေတြ နည္းနည္းပါးပါးရွိပါတယ္၊ စီစဥ္ေနဆဲမို႔လို႔ အေသးစိတ္ကိုေတာ့ ေနာက္မွထုတ္ေျပာပါ့မယ္၊ ဒီ COVID က ၿပီးတာေတာ့ မၿပီးေသးေပမယ့္ အတူယွဥ္တြဲေနထိုင္မယ့္ New Normal Life ရယ္၊ ႏိုင္ငံေတာ္ရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔အတူ အႏုပညာအလုပ္ေတြကို လုပ္ေဆာင္သြားႏိုင္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူမဟာ ဗီဒီယိုဇာတ္ကားအမ်ားအျပားမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးသူလည္းျဖစ္သလို အခုေနာက္ပိုင္း ဇာတ္လမ္းတြဲေတြ ေခတ္စားမႈအေပၚ က်ရာဇာတ္႐ုပ္ကေန ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ဖို႔လည္း ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

“ပရိသတ္ေတြအတြက္ ႀကိဳးစားေနဦးမွာပါ၊ အခုက ဘာမွလုပ္လို႔မရေသးတဲ့ အေျခအေနမွာ ကိုယ့္ဘက္ကျပင္ဆင္သင့္တာေတာ့ ျပင္ဆင္ေနတာရွိပါတယ္၊ ဒီကာလမွာ က်န္းမာေရးကိုဂ႐ုစိုက္ၾကပါ၊ ပရိသတ္အားလုံးလည္း က်န္းမာၾကပါေစလို႔ ဆုေတာင္းမိပါတယ္” လို႔ ၎ကဆက္လက္ရွင္းျပခဲ့ပါတယ္။  

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ - ၃၀