အရမ်းချစ်လွန်းတဲ့အခါ အဆိုးဘက်ကိုရောက်သွားတတ်တယ်လို့ ပညာပေးထားတဲ့အချစ်ဒရမ်မာ ဇာတ်ကား ဧပြီ ၃ရက်မှာ စတင်ရိုက်ကူးမယ်

 အရမ်းချစ်လွန်းတဲ့အခါ အဆိုးဘက်ကိုရောက်သွားတတ်တယ်လို့ ပညာပေးထားတဲ့အချစ်ဒရမ်မာ ဇာတ်ကား ဧပြီ ၃ရက်မှာ စတင်ရိုက်ကူးမယ်

ချစ်ခြင်းတရားဟာ ကောင်းမွန်တဲ့အခြေအနေမျိုးဖြစ်ပေမယ့် အရမ်းချစ်လွန်းရင် အဆိုးဘက်ကို ရောက်ရှိ သွားနိုင်တယ်ဆိုတဲ့ အသိပညာကို ပရိသတ်တွေရစေဖို့ ရည်ရွယ်ထားတဲ့ “ဆေးမင်ရည်ချည်သောကြိုး” ဇာတ်ကားကို လာမယ့် ဧပြီ ၃ ရက်မှာ စတင်ရိုက်ကူးတော့ မှာဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေအဖြစ် ခါရာ၊ တိုင်ရွန်၊ နန်းဆုဦး၊ ဟန်လေး တို့ပါဝင်ထားကြပြီး ဒါရိုက်တာ သားညီ ရိုက်ကူးကာ ရွှေသံလွင်မီဒီယာနဲ့ Myanmar Media 7 တို့ ပူးပေါင်းတင်ဆက် ရိုက်ကူးမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။ “လူတစ်ယောက်ကို လိုတာထက်ပိုပြီးတော့ တရားလွန်ချစ်မိရင် ဘယ်လိုမျိုး ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာကို ရိုက်ကူးထားတာပါ၊ အပြင်မှာလည်း တကယ်ရှိတဲ့ အဖြစ်အပျက်ကို အပြင်နဲ့အနီးစပ်ဆုံး ယူပြီးတော့ ရိုက်တာဆိုတော့ ပရိသတ်တွေအနေနဲ့ နားလည်နိုင်မှာဖြစ်ပါတယ်၊ ဒီမှာ ပါတဲ့ သရုပ်ဆောင်တွေက သူတို့က ကိုယ်ပိုင်အရည်အချင်းရှိဖူးပြီးသားပါ၊ ဆွဲရင်ဆွဲသလိုပါတဲ့သူတွေ၊ အိုက်တင် ကောင်းကောင်း လုပ်နိုင်တဲ့သူတွေ ကိုယ်လိုတဲ့ ကာရိုက်တာကိုဝင်အောင် အကောင်းဆုံး လုပ်သွားမှာပါ” လို့ ဒါရိုက်တာ သားညီ က ပြောပါတယ်။

အဲ့ဒီဇာတ်ကားဟာ အချစ်ဒရမ်မာဇာတ်လမ်းအမျိုးအစားဖြစ်ပြီး SkyNet Pay Per View စနစ်ဖြင့် ဖြန့်ချိမှာ ဖြစ်သလို ဗီဒီယိုဇာတ်ကားအဖြစ် SkyNet Pay Per View ကနေ ကြည့်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “ရုပ်ရှင်ကားကြီးလည်းမကျ ဗီဒီယိုကားထက်လည်း Quarlity ကောင်းကောင်းနဲ့ ရိုက်တာပေါ့၊ အရည်အသွေး ကောင်းမယ့်ကားပါ၊ ဒီဇာတ်ကားလေးက လူငယ်ဆန်ဆန်နဲ့ ပရိသတ်စိတ်ဝင်စားဖို့ ကောင်းအောင် မှုခင်းလေး တွေလည်း နည်းနည်းပါတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ပရိသတ်တွေ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ တခြားကားတွေနဲ့မတူတဲ့ ဇာတ်ကောင်မျိုးကို ပုံဖော်နေတာ ဖြစ်ပါတယ်”လို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။

အရမ်းချစ်ကြတဲ့ သူငယ်ချင်းလေးယောက်ကြားမှာ ကိုယ့်ရဲ့အတ္တကြောင့် မလုပ်သင့်တာ လုပ်မိသွားတာတွေ၊ အချစ်၊ အမုန်း၊ နာကျည်းမှုတွေကို ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုတွေ မထွက်တော့တဲ့အခါ ပရိသတ်တွေအနေနဲ့ ကြည့်ရှုနိုင်ဖို့အတွက် SkyNet Pay Per View ကနေ စီစဉ်တာလည်း ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း  
ရန်ကုန်၊ မတ် ၃၀

(  Zawgyi  )

ခ်စ္ျခင္းတရားဟာ ေကာင္းမြန္တဲ့အေျခအေနမ်ဳိးျဖစ္ေပမယ့္ အရမ္းခ်စ္လြန္းရင္ အဆိုးဘက္ကို ေရာက္ရွိ သြားႏိုင္တယ္ဆိုတဲ့ အသိပညာကို ပရိသတ္ေတြရေစဖို႔ ရည္ရြယ္ထားတဲ့ “ေဆးမင္ရည္ခ်ည္ေသာႀကိဳး” ဇာတ္ကားကို လာမယ့္ ဧၿပီ ၃ ရက္မွာ စတင္ရိုက္ကူးေတာ့ မွာျဖစ္ပါတယ္။

အဲ့ဒီဇာတ္ကားမွာ သရုပ္ေဆာင္ေတြအျဖစ္ ခါရာ၊ တိုင္ရြန္၊ နန္းဆုဦး၊ ဟန္ေလး တို႔ပါ၀င္ထားၾကၿပီး ဒါရိုက္တာ သားညီ ရိုက္ကူးကာ ေရႊသံလြင္မီဒီယာနဲ႔ Myanmar Media 7 တို႔ ပူးေပါင္းတင္ဆက္ ရိုက္ကူးမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။ “လူတစ္ေယာက္ကို လိုတာထက္ပိုၿပီးေတာ့ တရားလြန္ခ်စ္မိရင္ ဘယ္လိုမ်ဳိး ဆိုးက်ဳိးေတြ ျဖစ္လာႏိုင္သလဲဆိုတာကို ရိုက္ကူးထားတာပါ၊ အျပင္မွာလည္း တကယ္ရွိတဲ့ အျဖစ္အပ်က္ကို အျပင္နဲ႔အနီးစပ္ဆံုး ယူၿပီးေတာ့ ရိုက္တာဆိုေတာ့ ပရိသတ္ေတြအေနနဲ႔ နားလည္ႏိုင္မွာျဖစ္ပါတယ္၊ ဒီမွာ ပါတဲ့ သရုပ္ေဆာင္ေတြက သူတို႔က ကိုယ္ပိုင္အရည္အခ်င္းရွိဖူးၿပီးသားပါ၊ ဆြဲရင္ဆြဲသလိုပါတဲ့သူေတြ၊ အိုက္တင္ ေကာင္းေကာင္း လုပ္ႏိုင္တဲ့သူေတြ ကိုယ္လိုတဲ့ ကာရိုက္တာကို၀င္ေအာင္ အေကာင္းဆံုး လုပ္သြားမွာပါ” လို႔ ဒါရိုက္တာ သားညီ က ေျပာပါတယ္။

အဲ့ဒီဇာတ္ကားဟာ အခ်စ္ဒရမ္မာဇာတ္လမ္းအမ်ဳိးအစားျဖစ္ၿပီး SkyNet Pay Per View စနစ္ျဖင့္ ျဖန္႔ခ်ိမွာ ျဖစ္သလို ဗီဒီယိုဇာတ္ကားအျဖစ္ SkyNet Pay Per View ကေန ၾကည့္ႏိုင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ “ရုပ္ရွင္ကားႀကီးလည္းမက် ဗီဒီယိုကားထက္လည္း Quarlity ေကာင္းေကာင္းနဲ႔ ရိုက္တာေပါ့၊ အရည္အေသြး ေကာင္းမယ့္ကားပါ၊ ဒီဇာတ္ကားေလးက လူငယ္ဆန္ဆန္နဲ႔ ပရိသတ္စိတ္၀င္စားဖို႔ ေကာင္းေအာင္ မႈခင္းေလး ေတြလည္း နည္းနည္းပါတဲ့ ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ပရိသတ္ေတြ ၾကည့္လို႔ေကာင္းမယ့္ ဇာတ္ကားေလး ျဖစ္ပါတယ္။ တျခားကားေတြနဲ႔မတူတဲ့ ဇာတ္ေကာင္မ်ဳိးကို ပံုေဖာ္ေနတာ ျဖစ္ပါတယ္”လို႔ သရုပ္ေဆာင္ ခါရာက ေျပာပါတယ္။

အရမ္းခ်စ္ၾကတဲ့ သူငယ္ခ်င္းေလးေယာက္ၾကားမွာ ကိုယ့္ရဲ႕အတၱေၾကာင့္ မလုပ္သင့္တာ လုပ္မိသြားတာေတြ၊ အခ်စ္၊ အမုန္း၊ နာက်ည္းမႈေတြကို ဘယ္လိုပံုေဖာ္ရိုက္ကူးထားမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ အခုေနာက္ပိုင္း ဗီဒီယိုေတြ မထြက္ေတာ့တဲ့အခါ ပရိသတ္ေတြအေနနဲ႔ ၾကည့္ရႈႏိုင္ဖို႔အတြက္ SkyNet Pay Per View ကေန စီစဥ္တာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း  
ရန္ကုန္၊ မတ္ ၃၀