【 နည်းပညာ 】ဈေးနှုန်းသက်သာလာဖွယ်ရှိတဲ့ Samsung ရဲ့ မျိုးဆက်သစ် ကွေးညွတ်ဖုန်း

【  နည်းပညာ  】ဈေးနှုန်းသက်သာလာဖွယ်ရှိတဲ့ Samsung ရဲ့ မျိုးဆက်သစ် ကွေးညွတ်ဖုန်း

ကွေးညွတ်စမတ်ဖုန်းဈေးကွက်မှာ အောင်မြင်မှုတွေရရှိနေတဲ့ Samsung ကုမ္ပဏီမှ နောက်ထပ် ကွေး ညွတ်စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။
 
ယခုတော့ Samsung ရဲ့ မျိုးဆက်သစ် ကွေးညွတ်စမတ်ဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေကတော့ ထွက်ပေါ်လာနေပြီလည်း ဖြစ်ပါတယ်။
 
Samsung ရဲ့ ကွေးညွတ်စမတ်ဖုန်းသစ်ကို Galaxy Z Flip3 လို့ အမည်ပေးထားဖွယ်ရှိပြီး၊ လာမယ့် ဇန်နဝါရီမှာ မိတ်ဆက်မယ့် Galaxy S21 series စမတ်ဖုန်းတွေ မိတ်ဆက်အပြီးမှာ ထွက်ပေါ်လာနိုင် ခြေရှိ ပါတယ်။ သတင်းထွက်ပေါ်မှုတွေအရ ဝမ်းသာစရာကတော့ ထပ်မံမိတ်ဆက်လာမယ့် Samsung ရဲ့ ကွေးညွတ် စမတ် ဖုန်းသစ်မှာ အလယ်လတ်တန်းစား chipset နဲ့သာ အသုံးပြုမောင်းနှင်ပေးထားဖွယ်ရှိနေပြီး၊ ယခင် ကွေးညွတ် စမတ်ဖုန်းထုတ်ကုန်တွေထက် ပိုမိုဈေးသက်သာမယ်ဆိုတာပါပဲ။ဒါ့အပြင် Galaxy Z Flip3 ကွေးညွတ်ဖုန်းကို 5G ကွန်ယက်နဲ့ 4G ကွန်ယက်ဆိုပြီး ဗားရှင်းနှစ်မျိုး မိတ်ဆက်လာဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ် လျက်ရှိနေပါတယ်။
 
Samsung ဘက်က ၂၀၂၁ ခုနှစ်အတွင်း ကွေးညွတ်စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်လာဖွယ်ရှိနေပြီး၊ Galaxy Z Fold3 နဲ့ ဈေးနှုန်းသက်သာတဲ့ Galaxy Z Flip3 တို့ ဖြစ်ဖွယ်ရှိတယ် ဆိုပါတယ်။
 
Damien
 
(   Zawgyi   )
 
 ေကြးၫြတ္စမတ္ဖုန္းေဈးကြက္မွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ Samsung ကုမၸဏီမွ ေနာက္ထပ္ ေကြး ၫြတ္စမတ္ဖုန္းေတြကို ထပ္မံမိတ္ဆက္သြားမယ္လို႔ ဆိုပါတယ္။
 
ယခုေတာ့ Samsung ရဲ႕ မ်ိဳးဆက္သစ္ ေကြးၫြတ္စမတ္ဖုန္းနဲ႔ပတ္သက္ၿပီး သတင္းေတြကေတာ့ ထြက္ေပၚလာေနၿပီလည္း ျဖစ္ပါတယ္။
 
Samsung ရဲ႕ ေကြးၫြတ္စမတ္ဖုန္းသစ္ကို Galaxy Z Flip3 လို႔ အမည္ေပးထားဖြယ္ရွိၿပီး၊ လာမယ့္ ဇန္နဝါရီမွာ မိတ္ဆက္မယ့္ Galaxy S21 series စမတ္ဖုန္းေတြ မိတ္ဆက္အၿပီးမွာ ထြက္ေပၚလာႏိုင္ ေျခရွိ ပါတယ္။ သတင္းထြက္ေပၚမႈေတြအရ ဝမ္းသာစရာကေတာ့ ထပ္မံမိတ္ဆက္လာမယ့္ Samsung ရဲ႕ ေကြးၫြတ္ စမတ္ ဖုန္းသစ္မွာ အလယ္လတ္တန္းစား chipset နဲ႔သာ အသုံးျပဳေမာင္းႏွင္ေပးထားဖြယ္ရွိေနၿပီး၊ ယခင္ ေကြးၫြတ္ စမတ္ဖုန္းထုတ္ကုန္ေတြထက္ ပိုမိုေဈးသက္သာမယ္ဆိုတာပါပဲ။ဒါ့အျပင္ Galaxy Z Flip3 ေကြးၫြတ္ဖုန္းကို 5G ကြန္ယက္နဲ႔ 4G ကြန္ယက္ဆိုၿပီး ဗားရွင္းႏွစ္မ်ိဳး မိတ္ဆက္လာဖြယ္ရွိတယ္လို႔လည္း သတင္းေတြ ထြက္ေပၚ လ်က္ရွိေနပါတယ္။
 
Samsung ဘက္က ၂၀၂၁ ခုႏွစ္အတြင္း ေကြးၫြတ္စမတ္ဖုန္းႏွစ္မ်ိဳးကို မိတ္ဆက္လာဖြယ္ရွိေနၿပီး၊ Galaxy Z Fold3 နဲ႔ ေဈးႏႈန္းသက္သာတဲ့ Galaxy Z Flip3 တို႔ ျဖစ္ဖြယ္ရွိတယ္ ဆိုပါတယ္။
 
Damien