【 နည်းပညာ 】ထွက်ရှိလာမယ့် iPhone တွေမှာ ကြိုးမဲ့ ဘက်ထရီအား ပြန်လည်ဝေမျှပေးမယ့် နည်းပညာ ပါဝင်လာနိုင်

 【 နည်းပညာ 】ထွက်ရှိလာမယ့် iPhone တွေမှာ ကြိုးမဲ့ ဘက်ထရီအား ပြန်လည်ဝေမျှပေးမယ့် နည်းပညာ ပါဝင်လာနိုင်

iPhone 11 သို့မဟုတ် Apple မှ အမည်ဘယ်လိုပေးလာမလဲ မသိရသေးတဲ့ iPhone မျိူးဆက်သစ်ဟာ ဒီနှစ်ထဲမှာ ထွက်ရှိလာဖွယ် ရှိပါတယ်။

အဆိုပါ ထွက်ရှိလာမယ့် iPhone မှာ IDT မှ ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ ကြိုးမဲ့ ဘက်ထရီအားတွေ ကို အပြန်အလှန်ဝေမျှနိုင်မယ့် နည်းပညာ ပါဝင်ဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။

ဘက်ထရီအားတွေကို အပြန်အလှန်ဝေမျှနိုင်တဲ့ နည်းပညာဟာ Huawei ရဲ့ Mate 20 နဲ့ Samsung ရဲ့ S10 series မှာတော့ ပါဝင်ခဲ့ပြီးပဲ ဖြစ်ပါတယ်။

Apple ရဲ့ iPhone မျိုးဆက်သစ်တွေမှာ ပါဝင်လာမယ့် ဘက်ထရီအား ဝေမျှနိုင်မယ့် နည်းပညာရဲ့ ဆိုလိုတာကတော့ ဥပမာအနေနဲ့ Apple Watch ကို ၎င်းရဲ့ အားသွင်း adapter မယူပဲနဲ့ အားသွင်းနိုင် တာမျိုး၊ ယခုအပတ်ထဲ မိတ်ဆက်သွားခဲ့တဲ့ second edition AirPods ဟာ ဆိုရင်လည်း ကြိုးမဲ့ အားသွင်းနိုင်တာမျိုးပဲ ဖြစ်ပြီး၊ ကျနော်တို့်အနေနဲ့ အသစ်ထွက်ရှိလာမယ့် iPhone အသစ်တွေမှာ အဆင်ပြေပြေသုံးနိုင်မယ့် ကြိုးမဲ့ ဘက်ထရီအားဝေမျှတဲ့ နည်းပညာကို တွေ့မြင်ရနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ iPhone တွေဟာ မြန်နှုန်းမြှင့် အားသွင်းစနစ် မပါဝင်သေးပါဘူး၊ ဒီအတွက်တော့ နောင်ထွက်လာမယ့် iPhone မျိုးဆက်သစ်တွေမှာ အားသွင်းပေါက်ကို Lightning port ပဲ ဆက်သုံးမလား ဒါမှမဟုတ် USB-C ကို ပြောင်းလဲ အသုံးပြုလာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

(   Zawgyi  )

iPhone 11 သို႔မဟုတ္ Apple မွ အမည္ဘယ္လိုေပးလာမလဲ မသိရေသးတဲ့ iPhone မ်ိဴးဆက္သစ္ဟာ ဒီႏွစ္ထဲမွာ ထြက္ရွိလာဖြယ္ ရွိပါတယ္။

အဆိုပါ ထြက္ရွိလာမယ့္ iPhone မွာ IDT မွ ၂၀၁၅ ခုႏွစ္မွာ မိတ္ဆက္ခဲ့တဲ့ ႀကိဳးမဲ့ ဘက္ထရီအားေတြ ကို အျပန္အလွန္ေဝမွ်ႏိုင္မယ့္ နည္းပညာ ပါဝင္ဖြယ္ရွိတယ္လို႔လည္း သတင္းေတြ ထြက္ေပၚေန ပါတယ္။

ဘက္ထရီအားေတြကို အျပန္အလွန္ေဝမွ်ႏိုင္တဲ့ နည္းပညာဟာ Huawei ရဲ႕ Mate 20 နဲ႔ Samsung ရဲ႕ S10 series မွာေတာ့ ပါဝင္ခဲ့ၿပီးပဲ ျဖစ္ပါတယ္။

Apple ရဲ႕ iPhone မ်ိဳးဆက္သစ္ေတြမွာ ပါဝင္လာမယ့္ ဘက္ထရီအား ေဝမွ်ႏိုင္မယ့္ နည္းပညာရဲ႕ ဆိုလိုတာကေတာ့ ဥပမာအေနနဲ႔ Apple Watch ကို ၎ရဲ႕ အားသြင္း adapter မယူပဲနဲ႔ အားသြင္းႏိုင္ တာမ်ိဳး၊ ယခုအပတ္ထဲ မိတ္ဆက္သြားခဲ့တဲ့ second edition AirPods ဟာ ဆိုရင္လည္း ႀကိဳးမဲ့ အားသြင္းႏိုင္တာမ်ိဳးပဲ ျဖစ္ၿပီး၊ က်ေနာ္တို႔္အေနနဲ႔ အသစ္ထြက္ရွိလာမယ့္ iPhone အသစ္ေတြမွာ အဆင္ေျပေျပသုံးႏိုင္မယ့္ ႀကိဳးမဲ့ ဘက္ထရီအားေဝမွ်တဲ့ နည္းပညာကို ေတြ႕ျမင္ရႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ iPhone ေတြဟာ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ မပါဝင္ေသးပါဘူး၊ ဒီအတြက္ေတာ့ ေနာင္ထြက္လာမယ့္ iPhone မ်ိဳးဆက္သစ္ေတြမွာ အားသြင္းေပါက္ကို Lightning port ပဲ ဆက္သုံးမလား ဒါမွမဟုတ္ USB-C ကို ေျပာင္းလဲ အသုံးျပဳလာမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien