【 နည်းပညာ 】မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်တော့မယ့် Xiaomi Mi Notebook Air 12.5

【  နည်းပညာ 】မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်တော့မယ့် Xiaomi Mi Notebook Air 12.5

Xiaomi ရဲ့ 12.5-inch ရှိတဲ့ Mi Notebook Air ဟာ မကြာမီရက်ပိုင်းမှာ ထွက်ရှိလာတော့မယ်လို့ ကုမ္ပဏီရဲ့ တရားဝင်အကောင့်မှ ထုတ်ဖော်ပြသလိုက်ပါတယ်။

ထုတ်ဖော်ပြသလိုက်တဲ့ ပုံမှာတော့ မတ် ၂၆ ရက်  ရက်စွဲတစ်ခုနဲ့ 1.07kg ဆိုတဲ့ ထွက်ပေါ်လာမယ့် Notebook ရဲ့ အလေးချိန်လို့ ယူဆရတာတွေကို ဖော်ပြထားပါတယ်။

အဆိုပါ Notebook မှာ 12.5-inch FullHD မျက်နှာပြင်၊ intel Core m3-7Y30 သို့မဟုတ် Core i5-7Y54 processors, 4GB RAM နဲ့ 128GB ဒါမှမဟုတ် 256GB သိမ်းဆည်းနိုင်မှုပမာဏတို့် ပါဝင်လာဖွယ်ရှိပါတယ်။

Metal Body နဲ့ပဲ ပွဲထွက်လာဖွယ်ရှိပြီး၊ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုကတော့ Apple ထုတ်ကုန်တွေရဲ့ အမည်နဲ့ တူညီနေတာပဲ ဖြစ်ပါတယ်။

Damien

(   Zawgyi  )





Damien