【 နည်းပညာ 】 ကမ္ဘာကြီးကို Alexa ပိုမိုနားလည်လာစေဖို့ စက်ရုပ်ခန္ဓာကိုယ် လိုအပ်တယ်လို့ ဆို

【 နည်းပညာ 】 ကမ္ဘာကြီးကို Alexa ပိုမိုနားလည်လာစေဖို့ စက်ရုပ်ခန္ဓာကိုယ် လိုအပ်တယ်လို့ ဆို

Amazon ရဲ့ head scientist ဖြစ်တဲ့ ရိုဟစ် ပရာဆတ် (Rohit Prasad) မှ ၎င်းတို့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် ညွှန်ကြားနိုင်တဲ့ လက်ထောက် ဆော့ဝဲလ်ဟာ စက်ရုပ်ခန္ဓာကိုယ်နဲ့ ကင်မရာတွေကိုသာ တပ်ဆင်ထားရင် ပိုမိုတိုးတက်မှုရှိလာမှာဖြစ်ပြီး စစ်မှန်တဲ့ ကမ္ဘာကြီးအနှံ့ ဖြန့်ကြက်ကူညီနိုင်လိမ့်မယ်လို့် ပြောကြားလိုက်ပါတယ်။

Alexa ဆိုတာကတော့ Amazon မှ တီထွင်ထားတဲ့ လက်ထောက်အကူ ဆော့ဝဲလ်ဖြစ်ပါတယ်။Amazon မှ ထုတ်လုပ်တဲ့ smart devices တွေ ဥပမာ - smart speakers တွေကို အသံနဲ့အမိန့်ပေး စေခိုင်းနိုင်တာဖြစ်ပြီး Google assistant, Apple ရဲ့ Siri တို့နဲ့ အလားသဏ္ဍာန်တူ ဖြစ်ပါတယ်။

ပရာဆတ် မှ "ကျနော်တို့ smart assistants တွေကို ပိုမို smart ကျအောင် လုပ်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မျက်လုံးတွေ တပ်ဆင်ပေးလိုက်ပြီး ကမ္ဘာကြီးထဲကို ထိုးထွင်းဝင်ရောက်ခိုင်းလိုက်တာပဲ ဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။

အချို့သော Alexa အသုံးပြုနိုင်တဲ့ ပစ္စည်းတွေမှာ camera ပါဝင်ပြီးသား ဖြစ်ပေမယ့် စက်ရုပ်ခန္ဓာကိုယ် တပ်ဆင်မှာကတော့ နည်းပညာသစ်ဖြစ်ပါတယ်။

 

Smart assistants တွေကို cameras တွေနဲ့ ခန္ဓာကိုယ်တွေ တပ်ဆင်နိုင်ဖို့အတွက်တော့ ကမ္ဘာတဝန်းက သဘောတူညီမှုတွေနဲ့ ဆုံးဖြတ်ချက်တွေတော့ လိုအပ်မှာ ဖြစ်ပါတယ်။

အကယ်၍ smart assistants တွေအတွက် လူသားဦးနှောက်မှ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ အခြားသော နည်းပညာအချက်အလက်တွေကို ထည့်သွင်းဖို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုရင်တော့ ကမ္ဘာကြီးတဝန်းကို အကျိုးပြုနိုင်မယ့် စက်ရုပ်တွေ ပေါ်ထွက်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

Amazon ရဲ႕ head scientist ျဖစ္တဲ့ ႐ိုဟစ္ ပရာဆတ္ (Rohit Prasad) မွ ၎တို႔ ကုမၸဏီရဲ႕ ကိုယ္ပိုင္ ၫႊန္ၾကားႏိုင္တဲ့ လက္ေထာက္ ေဆာ့ဝဲလ္ဟာ စက္႐ုပ္ခႏၶာကိုယ္နဲ႔ ကင္မရာေတြကိုသာ တပ္ဆင္ထားရင္ ပိုမိုတိုးတက္မႈရွိလာမွာျဖစ္ၿပီး စစ္မွန္တဲ့ ကမာၻႀကီးအႏွံ႔ ျဖန႔္ၾကက္ကူညီႏိုင္လိမ့္မယ္လို႔္ ေျပာၾကားလိုက္ပါတယ္။

Alexa ဆိုတာကေတာ့ Amazon မွ တီထြင္ထားတဲ့ လက္ေထာက္အကူ ေဆာ့ဝဲလ္ျဖစ္ပါတယ္။Amazon မွ ထုတ္လုပ္တဲ့ smart devices ေတြ ဥပမာ - smart speakers ေတြကို အသံနဲ႔အမိန႔္ေပး ေစခိုင္းႏိုင္တာျဖစ္ၿပီး Google assistant, Apple ရဲ႕ Siri တို႔နဲ႔ အလားသ႑ာန္တူ ျဖစ္ပါတယ္။

ပရာဆတ္ မွ "က်ေနာ္တို႔ smart assistants ေတြကို ပိုမို smart က်ေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ မ်က္လုံးေတြ တပ္ဆင္ေပးလိုက္ၿပီး ကမာၻႀကီးထဲကို ထိုးထြင္းဝင္ေရာက္ခိုင္းလိုက္တာပဲ ျဖစ္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

အခ်ိဳ႕ေသာ Alexa အသုံးျပဳႏိုင္တဲ့ ပစၥည္းေတြမွာ camera ပါဝင္ၿပီးသား ျဖစ္ေပမယ့္ စက္႐ုပ္ခႏၶာကိုယ္ တပ္ဆင္မွာကေတာ့ နည္းပညာသစ္ျဖစ္ပါတယ္။

Smart assistants ေတြကို cameras ေတြနဲ႔ ခႏၶာကိုယ္ေတြ တပ္ဆင္ႏိုင္ဖို႔အတြက္ေတာ့ ကမာၻတဝန္းက သေဘာတူညီမႈေတြနဲ႔ ဆုံးျဖတ္ခ်က္ေတြေတာ့ လိုအပ္မွာ ျဖစ္ပါတယ္။

အကယ္၍ smart assistants ေတြအတြက္ လူသားဦးေႏွာက္မွ အေရးႀကီးတဲ့ အခ်က္အလက္ေတြနဲ႔ အျခားေသာ နည္းပညာအခ်က္အလက္ေတြကို ထည့္သြင္းဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီဆိုရင္ေတာ့ ကမာၻႀကီးတဝန္းကို အက်ိဳးျပဳႏိုင္မယ့္ စက္႐ုပ္ေတြ ေပၚထြက္လာမလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien