【 နည်းပညာ 】 ကြီးမားတဲ့ ရေနံတွင်းကြီးတစ်ခုကို တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ရှာဖွေတွေ့ရှိ

【 နည်းပညာ 】 ကြီးမားတဲ့ ရေနံတွင်းကြီးတစ်ခုကို တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ရှာဖွေတွေ့ရှိ

ပေကျင်း၊ မတ် - ၂၃

ပေါ်ဟိုင်ပင်လယ်ရေပြင်တွင် ကြီးမားသော ရေနံတွင်းကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ တရုတ်အမျိုးသားကမ်းလွန် ရေနံကော်ပိုရေးရှင်း (CNOOC) တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

အဆိုပါရေနံတွင်းမှာ ရေနံတန်ချိန် သန်း ၁၀၀ ကျော်ခန့် တည်ရှိနိုင်တယ်လို့လည်း CNOOC က ဆိုပါတယ်။

ယခုလို အဓိက ရေနံတွင်းတစ်ခု တွေ့ရှိမှုဟာ ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ပေါ်ဟိုပင်လယ်ပြင်တွင် အထင်ကရ ရှာဖွေတွေ့ရှိမှုလည်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါရေနံတွင်းကနေ တစ်ရက်လျှင် ရေနံစိမ်း တန်ချိန် ၁၁၀ ခန့် ထုတ်ယူနိုင်ရန် ကွင်းဆင်းလေ့လာရာမှ Qinhuangdao 27-3 အမည်ရ ရေနံတွင်းမှာ ရေနံတန်ချိန် ၁၀၄ သန်းခန့် တည်ရှိနိုင်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။

“အခုရှာဖွေတွေ့ရှိခဲ့တဲ့ ရေနံမြေဟာ ပေါ်ဟိုင်ပင်လယ်အတွင်း အစောပိုင်းအဆင့် ရေနံရှာဖွေရေး အဓိကနေရာတွေထဲက တစ်ခုမှာ တည်ရှိပါတယ်၊ ယခုတွေ့ရှိမှုဟာ ပေါ်ဟိုင်ပင်လယ်အတွင်း ရှာဖွေရေးဗျူဟာရဲ့ အရေးပါတဲ့ မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်” လို့ CNOOC ရဲ့ Tianjin ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ Zhou Jiaxiong က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် CNOOC ရဲ့ လက်ထောက်ရှာဖွေရေးအရာရှိ Xu Changgui ကလည်း “Qinhuangdao 27-3 ရေနံတွင်းဟာ ၂၀၁၉ ခုနှစ်ကတည်းက ပေါ်ဟိုင်ပင်လယ်မှာ ရေနံတန်ချိန် သန်း ၁၀၀ ရှိကြောင်း သက်သေပြတဲ့ ဆဋ္ဌမမြောက်နေရာဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

တရုတ်သုတေသီတွေဟာ ကျယ်ပြန့်တဲ့ တူးဖော်မှုအချက်အလက်တွေ၊ စမ်းသပ်မှုများနဲ့ အခြေခံလေ့လာမှုတွေကို အသုံးချဆောင်ရွက်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကြွယ်ဝတဲ့ ဇုန်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Damien
Ref - CMG