【 နည်းပညာ 】 ဖလော်ရီဒါတွင် Tesla ရဲ့ မောင်းသူမဲ့ကားမှ ရဲကားနှင့် အခြားကားတစ်စီးကို ဝင်တိုက်

【 နည်းပညာ 】 ဖလော်ရီဒါတွင် Tesla ရဲ့ မောင်းသူမဲ့ကားမှ ရဲကားနှင့် အခြားကားတစ်စီးကို ဝင်တိုက်

Tesla ရဲ့ မောင်းသူမဲ့ကားများမှ အခြားကားများကို ဝင်ရောက်တိုက်မိမှုများဖြစ်ပွားနေသည့်အတွက် ကားရဲ့ အလိုလျောက်မောင်းနှင်မှုစနစ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အမျိုးသားအဝေးပြေး လမ်းစည်းကမ်းနဲ့ လုံခြုံစီမံခန့်ခွဲမှုဌာနမှ ဆိုပါတယ်။
 
ယခုနောက်ဆုံး Tesla မောင်းသူမဲ့ကားရဲ့ မတော်တဆဖြစ်မှုဟာ ယမန်နေ့ စနေနေ့ မနက်ပိုင်း ၅ နာရီတုန်းက အော်လန်ဒိုရဲ့အနီး အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Tesla ကားမှ ရဲကားတစ်စီးနဲ့ အခြားသောကားတစ်စီးတို့ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
 
Tesla မောင်းသူမဲ့ကားမှ ဝင်တိုက်မှုကြောင့် ရဲကားဟာလွတ်မြောက်ခဲ့ပေမယ့် အခြားကားတစ်စီးဟာ ‌လမ်းဘေးကိုထိုးကျသွားခဲ့ပြီး ရဲကားရဲ့အကူအညီနဲ့ လမ်းပေါ်ကို ပြန်လည်ဆွဲတင်ခဲ့ရတယ်လို့ သိရပါတယ်။
 
အဆိုပါဖြစ်ရပ်မှာ Tesla မောင်းသူမဲ့ကားမှ မောင်းနှင်သူနဲ့ ဝင်ရောက်တိုက်ခံရတဲ့ကားမှ မောင်းနှင်သူတို့ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး ရဲအရာရှိကတော့ ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။
 
Tesla ဘက်ကတော့ ယခုဖြစ်ရပ်ကို မှတ်ချက်ပေးထားခြင်းမရှိသေးပါဘူး။
 
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စတင်ပြီး Tesla ရဲ့ မောင်းသူမဲ့ကားတွေကြောင့် ယာဉ်တိုက်မှု ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်ပြီး ၁၇ ဦးဒဏ်ရာရရ‌ှိကာ ၁ ဦးသေဆုံးခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြလျက်ရှိနေပါတယ်။
 
လက်ရှိဖြစ်ရပ်ကိုတော့ စုံစမ်း‌စစ်ဆေးနေဆဲဖြစ်ပြီး ‌စုံစမ်းစစ်ဆေးမှုအရ ပေါ်ပေါက်လာသော အချက်အလက်တွေအပေါ်မှာ မူတည်ပြီး မောင်းသူမဲ့ကားများကို ပြန်လည်စစ်ဆေးခြင်းနဲ့ စည်းကမ်းပြဌာန်းချက်များကို လုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။
 
Damien 
ဩဂုတ် - ၂၉